[Zawgyi]

ေမာ္ရင္ဟုိ Mourinho နဲ႔ ႏွစ္ေပါင္းမ်ားစြာ လက္တဲြခဲ့တဲ့ လက္ေထာက္နညး္ျပ ႐ူအီဖာရီရာ Rui Faria ရာထူးက ႏုတ္ထြက္ေတာ့မယ္

မန္ယူအသင္းနည္းျပေမာ္ရင္ဟုိ Mourinho ရဲ႕နည္းျပဘ၀တစ္ေလွ်ာက္မွာ ႏွစ္ေပါင္းမ်ားစြာ လက္တဲြခဲ့တဲ့ ေပၚတူဂီလူမ်ိဳး လက္ေထာက္နည္းျပ ႐ူအီဖာရီရာ Rui Faria ဟာ ဒီရာသီကုန္က်ရင္ သူ႔ရဲ႕ရာထူးက ႏုတ္ထြက္ေတာ့မွာျဖစ္ပါတယ္။ အသက္(၄၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ႐ူအီဖာရီရာဟာ ေမာ္ရင္ဟုိ နည္းျပဘ၀အစပုိင္းကုိင္တြယ္ခဲ့တဲ့ လုိင္ရီယာအသင္းမွာကတည္းက ေမာ္ရင္ဟုိနဲ႔ လက္တဲြခဲ့ၿပီး ညာလက္႐ုံးတစ္ေယာက္ျဖစ္ခဲ့ေပမယ့္ (၁၇)ႏွစ္ၾကာမွာေတာ့ အသင္း တစ္သင္းကုိ ကုိင္တြယ္ဖုိ႔အတြက္ လမ္းခဲြဖုိ႔ဆုံးျဖတ္ခဲ့တာပါ။ ႐ူအီဖာရီရာဟာ အာဆင္နယ္အသင္း နည္းျပ သစ္ေနရာအတြက္ ေရပန္းစားေနသူေတြထဲမွာ တစ္ဦးအပါအ၀င္လည္းျဖစ္ပါတယ္။

႐ူအီဖာရီရာက “အမ်ားႀကီး အေလးအနက္ထား စဥ္းစားခဲ့ၿပီးတဲ့ေနာက္ အခုအခ်ိန္ဟာ ကၽြန္ေတာ့္ ဘ၀အတြက္ ေရွ႕ဆက္ရေတာ့မယ့္အခ်ိန္ျဖစ္တယ္လုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီ(၁၇)ႏွစ္အတြင္းမွာ မေမ့ႏုိင္စရာ၊ အံ့ၾသေလာက္စရာ အေတြ႕အႀကံဳေတြအမ်ားႀကီး ကၽြန္ေတာ္ ႀကံဳေတြ႕ခဲ့ပါတယ္။ ကၽြန္ေတာ့္ကုိ အခြင့္အေရး၊ ယုံၾကည္မႈ၊ အေတြ႕အႀကံဳနဲ႔ Knowledge ေတြ အမ်ားႀကီးေပးခဲ့တဲ့ ေမာ္ရင္ဟုိကုိ ေက်းဇူးတင္ပါတယ္။ အထူးသျဖင့္ သူ႔ရဲ႕ သူငယ္ခ်င္းစိတ္ဓာတ္ကုိပါ။ ေနာက္ၿပီး မန္ယူအသင္းသာမက ကၽြန္ေတာ့္ကုိ အခြင့္အေရးေတြ ေပးခဲ့ၾကတဲ့ ကလပ္အသင္းေတြ အားလုံးကုိလညး္ ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ့္ဘ၀တစ္ေလွ်ာက္ ေတြ႕ႀကံဳရင္းႏွီးခဲ့တဲ့ ၀န္ထမ္းေတြ၊ ကစားသမားေတြ ေက်းဇူးတင္ပါတယ္၊ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူတို႔ေၾကာင့္ ကၽြန္ေတာ့္ဘ၀ တိုးတက္က္လာေစခဲ့တဲ့အတြက္ေၾကာင့္ပါ” လုိ႔ ေျပာၾကားခဲ့တယ္။

ေမာ္ရင္ဟုိကလည္း “(၁၇)ႏွစ္ေတာင္ၾကာခဲ့ၿပီ .. လုိင္ရီယာ၊ ေပၚတို၊ လန္ဒန္၊ မီလန္၊ မက္ဒရစ္၊ ေနာက္ၿပီးေတာ့ လန္ဒန္၊ အခု မန္ခ်က္စတာၿမိဳ႕အထိ ကၽြန္ေတာ္တို႔ေတြ လက္တဲြခဲ့ၾကတယ္။ အခုေတာ့ ႐ူအီဖာရီရာဟာ လူႀကီးတစ္ေယာက္ျဖစ္လာခဲ့ပါၿပီ။ ထူးခၽြန္တဲ့ သင္ယူသူ တစ္ေယာက္က အခုဆုိရင္ ေဘာလုံးကၽြမ္းက်င္သူ Expert တစ္ေယာက္ျဖစ္လာၿပီး ေအာင္ျမင္တဲ့ နည္းျပတစ္ေယာက္အျဖစ္ ရပ္တည္ဖုိ႔ အသင့္ျဖစ္ေနေလာက္ပါၿပီ။ ကၽြန္ေတာ့္သူငယ္ခ်င္းကုိ အၿမဲတမ္းသတိရေနမွာျဖစ္ၿပီး အဲဒီခံစားခ်ဳက္က ခံစားရခက္ပါတယ္။ ဒါေပမဲ့လည္း ႐ူအီဖာရီရာ စိတ္ခ်မ္းသာဖုိ႔က အဓိကျဖစ္ၿပီး သူ႔ဆုံးျဖတ္ခ်က္ကုိ ကၽြန္ေတာ္ေလးစားပါတယ္။ ေပ်ာ္ရႊင္ႏုိင္ပါေစ ညီေလး . . .Be happy, brother!” လုိ႔ ၀မ္းနည္းမႈအျပည့္နဲ႔ေျပာၾကားခဲ့တယ္။

REF:manchestereveningnews.co.uk
Photo: Mirror
Naing Linn(Akhayar)
www.akhayar.com


[Unicode]

မော်ရင်ဟို Mourinho နဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ လက်ထောက်နည်းပြ ရူအီဖာရီရာ Rui Faria ရာထူးက နုတ်ထွက်တော့မယ်

မန်ယူအသင်းနည်းပြမော်ရင်ဟို Mourinho ရဲ့နည်းပြဘဝတစ်လျှောက်မှာ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ ပေါ်တူဂီလူမျိုး လက်ထောက်နည်းပြ ရူအီဖာရီရာ Rui Faria ဟာ ဒီရာသီကုန်ကျရင် သူ့ရဲ့ရာထူးက နုတ်ထွက်တော့မှာဖြစ်ပါတယ်။ အသက်(၄၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရူအီဖာရီရာဟာ မော်ရင်ဟို နည်းပြဘဝအစပိုင်းကိုင်တွယ်ခဲ့တဲ့ လိုင်ရီယာအသင်းမှာကတည်းက မော်ရင်ဟိုနဲ့ လက်တွဲခဲ့ပြီး ညာလက်ရုံးတစ်ယောက်ဖြစ်ခဲ့ပေမယ့် (၁၇)နှစ်ကြာမှာတော့ အသင်း တစ်သင်းကို ကိုင်တွယ်ဖို့အတွက် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာပါ။ ရူအီဖာရီရာဟာ အာဆင်နယ်အသင်း နည်းပြ သစ်နေရာအတွက် ရေပန်းစားနေသူတွေထဲမှာ တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။

ရူအီဖာရီရာက “အများကြီး အလေးအနက်ထား စဉ်းစားခဲ့ပြီးတဲ့နောက် အခုအချိန်ဟာ ကျွန်တော့် ဘဝအတွက် ရှေ့ဆက်ရတော့မယ့်အချိန်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ(၁၇)နှစ်အတွင်းမှာ မမေ့နိုင်စရာ၊ အံ့သြလောက်စရာ အတွေ့အကြုံတွေအများကြီး ကျွန်တော် ကြုံတွေ့ခဲ့ပါတယ်။ ကျွန်တော့်ကို အခွင့်အရေး၊ ယုံကြည်မှု၊ အတွေ့အကြုံနဲ့ Knowledge တွေ အများကြီးပေးခဲ့တဲ့ မော်ရင်ဟိုကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် သူ့ရဲ့ သူငယ်ချင်းစိတ်ဓာတ်ကိုပါ။ နောက်ပြီး မန်ယူအသင်းသာမက ကျွန်တော့်ကို အခွင့်အရေးတွေ ပေးခဲ့ကြတဲ့ ကလပ်အသင်းတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘဝတစ်လျှောက် တွေ့ကြုံရင်းနှီးခဲ့တဲ့ ဝန်ထမ်းတွေ၊ ကစားသမားတွေ ကျေးဇူးတင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြောင့် ကျွန်တော့်ဘ၀ တိုးတက်က်လာစေခဲ့တဲ့အတွက်ကြောင့်ပါ” လို့ ပြောကြားခဲ့တယ်။

မော်ရင်ဟိုကလည်း “(၁၇)နှစ်တောင်ကြာခဲ့ပြီ .. လိုင်ရီယာ၊ ပေါ်တို၊ လန်ဒန်၊ မီလန်၊ မက်ဒရစ်၊ နောက်ပြီးတော့ လန်ဒန်၊ အခု မန်ချက်စတာမြို့အထိ ကျွန်တော်တို့တွေ လက်တွဲခဲ့ကြတယ်။ အခုတော့ ရူအီဖာရီရာဟာ လူကြီးတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ထူးချွန်တဲ့ သင်ယူသူ တစ်ယောက်က အခုဆိုရင် ဘောလုံးကျွမ်းကျင်သူ Expert တစ်ယောက်ဖြစ်လာပြီး အောင်မြင်တဲ့ နည်းပြတစ်ယောက်အဖြစ် ရပ်တည်ဖို့ အသင့်ဖြစ်နေလောက်ပါပြီ။ ကျွန်တော့်သူငယ်ချင်းကို အမြဲတမ်းသတိရနေမှာဖြစ်ပြီး အဲဒီခံစားချုက်က ခံစားရခက်ပါတယ်။ ဒါပေမဲ့လည်း ရူအီဖာရီရာ စိတ်ချမ်းသာဖို့က အဓိကဖြစ်ပြီး သူ့ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားပါတယ်။ ပျော်ရွှင်နိုင်ပါစေ ညီလေး . . .Be happy, brother!” လို့ ဝမ်းနည်းမှုအပြည့်နဲ့ပြောကြားခဲ့တယ်။

REF:manchestereveningnews.co.uk
Photo: Mirror
Naing Linn(Akhayar)
www.akhayar.com