[Zawgyi]

ယန္းဘြိဳင္း္စ္နဲ႔ပဲြမွာ ေအာင္ပဲြခံပုံနဲ႔ပတ္သက္ၿပီး ရွင္းလင္းခဲ့တဲ့ ေမာ္ရင္ဟုိ Jose Mourinho

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိ Jose Mourinho ဟာ ယန္းဘြိဳင္း္စ္ကုိ အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြမွာ သူ႔ရဲ႕ အလြန္အက်ဴးေအာင္ပဲြခံခဲ့တဲ့ပုံစံအေပၚ ရွင္းလင္းေျပာဆုိခဲ့ပါတယ္။ မန္ယူအသင္းဟာ ေနာက္တစ္ဆင့္ကုိ တက္ေရာက္ဖုိ႔အတြက္ ယန္းဘြိဳင္းစ္ကုိ မျဖစ္မေန အႏုိင္ကစားဖုိ႔ လုိအပ္ခဲ့ေပမယ့္လည္း တိုက္စစ္ကစားသမားေတြရဲ႕ လဲြေခ်ာ္မႈေတြေၾကာင့္ မိနစ္(၉၀)အထိ ဂုိးမရခဲ့ပါဘူး။ နာက်င္အခ်ိန္ပုိ (၉၁)မိနစ္မွာ လူကာကူ Lukaku ရဲ႕ ေခါင္းတိုက္ခ်ေပးတာကုိ ဖယ္ေလနီ Marouane Fellaini က ပယ္နယ္တီဧရိယာအတြင္းမွာ လွည့္ကန္ခဲ့တာျဖစ္ပါတယ္။

Jose-Mourinho-lost-his-cool-as-he-threw-a-load-of-water-bottles

Jose-Mourinho-lost-his-cool-as-he-threw-a-load-of-water-bottles

ဖယ္ေလနီ ဂုိးသြင္းအၿပီးမွာ ေမာ္ရင္ဟုိဟာ အႀကီးအက်ယ္ေအာင္ပဲြခံခဲ့ၿပီး ကြင္းေဘးစည္းက ေရဗူးေတြကုိ ကန္ထုတ္၊ ေရဗူးထည့္ထားတဲ့ျခင္းကိုပါ ကုိင္ေပါက္ခဲ့တဲ့အထိ လြတ္ထြက္သြားခဲ့တယ္။ အဲဒီေအာင္ပဲြခံပုံနဲ႔ ပတ္သက္ၿပီး ေမာ္ရင္ဟုိက ” ဂုိးရခဲတ့ဲ့အတြက္ စိတ္သက္သာရရခဲ့သလုိ၊ အသည္းအသန္ကစားခဲ့ရလုိ႔ သိပ္မေက်နပ္တာလည္းပါတယ္။ ကၽြန္ေတာ္တို႔ လုိခ်င္တာ ဒီလုိပုံစံမဟုတ္ပါဘူး။ ဂုိးမရွိသေရ ရလဒ္အတြက္ ရည္မွန္းကစားတာ မဟုတ္တာေၾကာင့္ ေနာက္ဆုံးမိနစ္အထိ ႐ုန္းကန္ခဲ့ရလုိ႔ ေဒါသထြက္တာလည္း ပါပါတယ္” လုိ႔ ေျပာၾကားခဲ့တယ္။ ေမာ္ရင္ဟုိဟာ အရင္တုန္းကလည္း ေရဗူးကုိ ကန္ခဲ့တဲ့ျဖစ္ရပ္ရွိခ့ဲဖူးၿပီး ၂၀၁၆၊ ႏုိ၀င္ဘာလတုန္းက ၀က္စ္ဟမ္းနဲ႔ပဲြမွာ ေပါ့ဘာ Pogba ကုိ ဟန္ေဆာင္လွဲခ်ခဲ့လုိ႔ ဒုိင္လူႀကီးက အ၀ါကတ္ျပသတဲ့အေပၚ မေက်မနပ္နဲ႔ ေရဗူးကုိ ကန္ထုတ္ခ့ဲတာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္အဂၤါေန႔ပဲြေတြမွာ ဗလင္စီယာအသင္းဟာ ဂ်ဴဗင္တပ္စ္ကုိ ႐ႈံးနိမ့္ခဲ့လုိ႔ မန္ယူအသင္းဟာ လက္က်န္ပဲြမတိုင္ခင္မွာပဲ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ခဲ့ပါၿပီ။

REF:The Sun
Photo:standard,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ယန်းဘွိုင်းစ်နဲ့ပွဲမှာ အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့တဲ့ မော်ရင်ဟို Jose Mourinho

မန်ယူအသင်းနည်းပြ မော်ရင်ဟို Jose Mourinho ဟာ ယန်းဘွိုင်းစ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ သူ့ရဲ့ အလွန်အကျူးအောင်ပွဲခံခဲ့တဲ့ပုံစံအပေါ် ရှင်းလင်းပြောဆိုခဲ့ပါတယ်။ မန်ယူအသင်းဟာ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် ယန်းဘွိုင်းစ်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့ပေမယ့်လည်း တိုက်စစ်ကစားသမားတွေရဲ့ လွဲချော်မှုတွေကြောင့် မိနစ်(၉၀)အထိ ဂိုးမရခဲ့ပါဘူး။ နာကျင်အချိန်ပို (၉၁)မိနစ်မှာ လူကာကူ Lukaku ရဲ့ ခေါင်းတိုက်ချပေးတာကို ဖယ်လေနီ Marouane Fellaini က ပယ်နယ်တီဧရိယာအတွင်းမှာ လှည့်ကန်ခဲ့တာဖြစ်ပါတယ်။

Jose-Mourinho-lost-his-cool-as-he-threw-a-load-of-water-bottles

Jose-Mourinho-lost-his-cool-as-he-threw-a-load-of-water-bottles

ဖယ်လေနီ ဂိုးသွင်းအပြီးမှာ မော်ရင်ဟိုဟာ အကြီးအကျယ်အောင်ပွဲခံခဲ့ပြီး ကွင်းဘေးစည်းက ရေဗူးတွေကို ကန်ထုတ်၊ ရေဗူးထည့်ထားတဲ့ခြင်းကိုပါ ကိုင်ပေါက်ခဲ့တဲ့အထိ လွတ်ထွက်သွားခဲ့တယ်။ အဲဒီအောင်ပွဲခံပုံနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက ” ဂိုးရခဲတဲ့အတွက် စိတ်သက်သာရရခဲ့သလို၊ အသည်းအသန်ကစားခဲ့ရလို့ သိပ်မကျေနပ်တာလည်းပါတယ်။ ကျွန်တော်တို့ လိုချင်တာ ဒီလိုပုံစံမဟုတ်ပါဘူး။ ဂိုးမရှိသရေ ရလဒ်အတွက် ရည်မှန်းကစားတာ မဟုတ်တာကြောင့် နောက်ဆုံးမိနစ်အထိ ရုန်းကန်ခဲ့ရလို့ ဒေါသထွက်တာလည်း ပါပါတယ်” လို့ ပြောကြားခဲ့တယ်။ မော်ရင်ဟိုဟာ အရင်တုန်းကလည်း ရေဗူးကို ကန်ခဲ့တဲ့ဖြစ်ရပ်ရှိခဲ့ဖူးပြီး ၂၀၁၆၊ နိုဝင်ဘာလတုန်းက ဝက်စ်ဟမ်းနဲ့ပွဲမှာ ပေါ့ဘာ Pogba ကို ဟန်ဆောင်လှဲချခဲ့လို့ ဒိုင်လူကြီးက အဝါကတ်ပြသတဲ့အပေါ် မကျေမနပ်နဲ့ ရေဗူးကို ကန်ထုတ်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်အင်္ဂါနေ့ပွဲတွေမှာ ဗလင်စီယာအသင်းဟာ ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ခဲ့လို့ မန်ယူအသင်းဟာ လက်ကျန်ပွဲမတိုင်ခင်မှာပဲ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့ပါပြီ။

REF:The Sun
Photo:standard,The Sun
Naing Linn(Akhayar)
www.akhayar.com