မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟို Jose Mourinho ဟာ ဘာစီလိုနာနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲကျရင် ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်မှူးမက်ဆီ Lionel Messi ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်း သတိထားနိုင်ဖို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ မော်ရင်ဟိုဟာ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်အသင်းတွေကို ကိုင်တွယ်ခဲ့တုန်းက ဘာစီလိုနာနဲ့ ဆုံတွေ့ခဲ့ဖူးပြီး မက်ဆီကို ထိန်းချုပ်ဖို့ လုပ်ခဲ့ရတာကြောင့် လီဗာပူးလ်အသင်းကို အခုလိုအကြံပေးခဲ့တာပါ။

မော်ရင်ဟိုက “ဒီရာသီမှာ မက်ဆီဟာ အကောင်းဆုံး ခြေစွမ်းပြနေပြီး ဒီနှစ် Ballon d’Or ဆုက သူ့ကို စောင့်ကြိုနေတယ်ဆိုတာ မက်ဆီကိုယ်တိုင် အသိဆုံးဖြစ်ပါလိမ့်မယ်။ မက်ဆီရဲ့ ကစားဟန်က နားလည်ဖို့လွယ်ပေမယ့် သူ့ကို ထိန်းချုပ်ဖို့က မလွယ်ကူပါဘူး။ တစ်ခါတစ်လေကျရင် ညာခြမ်းမှာ ကစားတယ်၊ ဒါပေမဲ့ မကြာခင် ကွင်းလယ်မှာ ပြောင်းလဲကစားတတ်တဲ့သူပါ။ မက်ဆီ ဘောလုံးရသွားလို့ တစ်ယောက်၊ တစ်ယောက်ချင်း ရင်ဆိုင်တွေ့ရရင် ခင်ဗျားသေပြီလို့သာ မှတ်တော့။ ဒါကြောင့် မက်ဆီကို ကျွန်တော် ဘယ်တုန်းကမှာ တစ်ယောက်ချင်း Man To Man လူကပ်ကစားခိုင်းလေ့ မရှိပါဘူး။ မက်ဆီကို ထိန်းချုပ်ချင်ရင်တော့ လူကပ်ကစားတာထက် သူနဲ့တခြားကစားသမားတွေ ကြားမှာ မချိတ်ဆက်နိုင်အောင် ထောင်ချောက်ဆင်ထားမှဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF:metro
Photo:The Independent,The Sun
Naing Linn(Akhayar)
www.akhayar.com