[Zawgyi]

အလြန္အက်ဴး ေအာင္ပဲြခံပုံအတြက္ Mourinho ကို ျပန္ေတာင္းပန္ခဲ့တ့ဲ Marco Ianni

ခ်ယ္လ္ဆီးအသင္းရဲ႕ လက္ေထာက္နည္းျပတစ္ဦးျဖစ္တဲ့ မာကုိအီယန္နီ Marco Ianni ဟာ မန္ယူနဲ႔ သေရက်ခဲ့တဲ့ပဲြမွာ ေမာ္ရင္ဟုိ Mourinho ကုိ ေလွာင္ေျပာင္တဲ့ပုံစံနဲ႔ ေအာင္ပဲြခံခဲ့တဲ့အတြက္ ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။ အီယန္နီဟာ ခ်ယ္လ္ဆီးအသင္းအတြက္ ဒုတိယေခ်ပဂုိးကုိ ဘာကေလ Barkley သြင္းယူအၿပီး ေမာ္ရင္ဟုိရဲ႕ ေရွ႕မွာ လက္သီးလက္ေမာင္းတန္း ေအာင္ပဲြခံခဲတာပါ။

Marco-Ianni-celebrates-in-front-of-Jose-Mourinho-following-Chelseas-late-equaliser

Marco-Ianni-celebrates-in-front-of-Jose-Mourinho-following-Chelseas-late-equaliser

အဲဒီအတြက္ ေမာ္ရင္ဟုိက ေဒါသတႀကီးနဲ႔ အီယန္နီကုိ ျပႆနာရွာဖုိ႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ တာ၀န္ရွိသူေတြက ၀င္ထိန္းခ့ဲရပါတယ္။

The-Portuguese-had-to-be-held-back-by-stewards-during-the-fracas

The-Portuguese-had-to-be-held-back-by-stewards-during-the-fracas

အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီးေတာ့ ပဲြအၿပီးမွာ ေမာ္ရင္ဟုိက “ဆာရီ Sarri ရဲ႕လက္ေထာက္ (မာကုိအီယန္နီ)ရဲ႕ လုပ္ရပ္နဲ႔ပတ္သက္ၿပီး မာကိုအီယန္နီနဲ႔ ေတြ႕ဆုံေျဖရွင္းသြားမယ္လုိ႔ ဆာရီက ကၽြန္ေတာ့္ကုိ ေျပာခဲ့ပါတယ္။ ပဲြၿပီးေတာ့ ဆာရီရဲ႕ ႐ုံးခန္းထဲမွာ မာကုိအီယန္နီဟာ ကၽြန္ေတာ္နဲ႔ေတြ႕ဆုံၿပီး ေတာင္းပန္ခဲ့ပါတယ္။ ကၽြန္ေတာ္က သူ ေတာင္းပန္တာကုိ လက္ခံၿပီး ဒီျဖစ္ရပ္ကုိ ေမ့ပစ္လုိက္ၿပီ၊ ငါလည္း နည္းျပဘ၀မွာ အမွားေတြအမ်ားႀကီး လုပ္ခဲ့ဖူးလုိ႔ ဒါေလးတစ္ခုနဲ႔ မင္းကုိ ငါမသတ္ပါဘူးလုိ႔ ျပန္ေျပာခဲ့ပါတယ္”လုိ႔ Sky Sports သတင္းဌာနကုိ ေျပာၾကားခဲ့ပါတယ္။

Mourinho-said-Ianni-apologised-to-him-after-their-amazing-bust-up

Mourinho-said-Ianni-apologised-to-him-after-their-amazing-bust-up

ေမာ္ရင္ဟုိဟာ ပဲြအၿပီးမွာ သူ႔ကုိ ဆဲဆုိေနၾကတဲ့ ခ်ယ္လ္ဆီးပရိသတ္ေတြကုိ လက္(၃)ေခ်ာင္းေထာင္ျပခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းအတြက္ ပရီးမီးယားလိဂ္ဖလား (၃)ႀကိမ္ရခဲ့တာကုိ ရည္ရြယ္ တုံ႔ျပန္ခ့ဲတာျဖစ္ပါတယ္။

ေမာ္ရင္ဟုိနဲ႔ မာကုိအီယန္နီတို႔ ျပႆနာျဖစ္ပြားခဲ့တာကုိ ၾကည့္႐ႈရန္ လင့္ခ္

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အလွန်အကျူး အောင်ပွဲခံပုံအတွက် Mourinho ကို ပြန်တောင်းပန်ခဲ့တဲ့ Marco Ianni

ချယ်လ်ဆီးအသင်းရဲ့ လက်ထောက်နည်းပြတစ်ဦးဖြစ်တဲ့ မာကိုအီယန်နီ Marco Ianni ဟာ မန်ယူနဲ့ သရေကျခဲ့တဲ့ပွဲမှာ မော်ရင်ဟို Mourinho ကို လှောင်ပြောင်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အီယန်နီဟာ ချယ်လ်ဆီးအသင်းအတွက် ဒုတိယချေပဂိုးကို ဘာကလေ Barkley သွင်းယူအပြီး မော်ရင်ဟိုရဲ့ ရှေ့မှာ လက်သီးလက်မောင်းတန်း အောင်ပွဲခံခဲတာပါ။

Marco-Ianni-celebrates-in-front-of-Jose-Mourinho-following-Chelseas-late-equaliser

Marco-Ianni-celebrates-in-front-of-Jose-Mourinho-following-Chelseas-late-equaliser

အဲဒီအတွက် မော်ရင်ဟိုက ဒေါသတကြီးနဲ့ အီယန်နီကို ပြဿနာရှာဖို့ ကြိုးပမ်းခဲ့တာကြောင့် တာဝန်ရှိသူတွေက ဝင်ထိန်းခဲ့ရပါတယ်။

The-Portuguese-had-to-be-held-back-by-stewards-during-the-fracas

The-Portuguese-had-to-be-held-back-by-stewards-during-the-fracas

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ ပွဲအပြီးမှာ မော်ရင်ဟိုက “ဆာရီ Sarri ရဲ့လက်ထောက် (မာကိုအီယန်နီ)ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး မာကိုအီယန်နီနဲ့ တွေ့ဆုံဖြေရှင်းသွားမယ်လို့ ဆာရီက ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ပွဲပြီးတော့ ဆာရီရဲ့ ရုံးခန်းထဲမှာ မာကိုအီယန်နီဟာ ကျွန်တော်နဲ့တွေ့ဆုံပြီး တောင်းပန်ခဲ့ပါတယ်။ ကျွန်တော်က သူ တောင်းပန်တာကို လက်ခံပြီး ဒီဖြစ်ရပ်ကို မေ့ပစ်လိုက်ပြီ၊ ငါလည်း နည်းပြဘဝမှာ အမှားတွေအများကြီး လုပ်ခဲ့ဖူးလို့ ဒါလေးတစ်ခုနဲ့ မင်းကို ငါမသတ်ပါဘူးလို့ ပြန်ပြောခဲ့ပါတယ်”လို့ Sky Sports သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Mourinho-said-Ianni-apologised-to-him-after-their-amazing-bust-up

Mourinho-said-Ianni-apologised-to-him-after-their-amazing-bust-up

မော်ရင်ဟိုဟာ ပွဲအပြီးမှာ သူ့ကို ဆဲဆိုနေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေကို လက်(၃)ချောင်းထောင်ပြခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်ရခဲ့တာကို ရည်ရွယ် တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုနဲ့ မာကိုအီယန်နီတို့ ပြဿနာဖြစ်ပွားခဲ့တာကို ကြည့်ရှုရန် လင့်ခ်

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com