[Zawgyi]

ကိုလံဘီယာေနာက္ခံလူ မီနာ Mina ကို ေခၚယူဖို႔ စီစဥ္လာတဲ့ မန္ယူ

ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ကိုလံဘီယာအသင္းနဲ႔ ေျခစြမ္းျပခဲ့တဲ့ ေနာက္ခံလူ မီနာ Mina ကို ပရီးမီးယားလိဂ္ထိပ္သီး မန္ယူအသင္းက ေခၚယူဖို႔ စီစဥ္လာခဲ့ပါတယ္။ မန္ယူအသင္းက ဘာစီလိုနာေနာက္ခံလူ မီနာ Mina အတြက္ ေပါင္ (၃၅)သန္းအထိ အသံုးျပဳသြားဖို႔ ရွိေနခဲ့ပါတယ္။ မန္ယူနည္းျပ ေမာ္ရင္ဟို Mourinho က အသင္းခံစစ္ေၾကာင္းကို အင္အားျဖည့္တင္းသြားဖို႔ စီစဥ္ေနတာျဖစ္ၿပီး လက္စတာေနာက္ခံလူ မက္ဂြိဳင္းယား Maguire ကိုလည္း ေခၚယူဖို႔ ပစ္မွတ္ထားေနခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းက ဆီဗီလာအသင္းရဲ႕ ျပင္သစ္ေနာက္ခံလူ လန္ဂလတ္ Lenglet ကို ေခၚယူၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလက ပါးလ္မီးယက္စ္ကေန ေပါင္ (၁၀.၅)သန္းနဲ႔ ေခၚယူခဲ့တဲ့ ေနာက္ခံလူ မီနာ Mina ကို ျပန္လည္ေရာင္းခ်ဖို႔ ဆႏၵရွိေနခဲ့ပါတယ္။

MANCHESTER-UNITED-are-planning-a-£35million-move-for-Barcelona-defender-Yerry-Mina

MANCHESTER-UNITED-are-planning-a-£35million-move-for-Barcelona-defender-Yerry-Mina

ဘာစီလိုနာအသင္းက ေနာက္ခံလူ မီနာ Mina ကို ျပန္လည္ေရာင္းခ်ရာကေန ေပါင္သန္း (၅၀)အထိ ျပန္လည္ရရွိဖို႔ ေမွ်ာ္လင့္ေနခဲ့ပါတယ္။ အသက္ (၂၃)ႏွစ္အရြယ္ရွိ မီနာ Mina ကို မန္ယူအသင္းအျပင္ ပရီးမီးယားလိဂ္အသင္းအမ်ားစုက ေခၚယူဖို႔ ပစ္မွတ္ထားေနခဲ့ပါတယ္။ မီနာ Mina ကို အဲဗာတန္နဲ႔ ဝုလ္ဗ္တို႔ကလည္း ေခၚယူဖို႔ ပစ္မွတ္ထားေနခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က အသင္းကေန ထြက္ခြာဖို႔ ဆႏၵမရွိဘဲ အသင္းေနာက္တန္းမွာ ေနရာတစ္ေနရာရရွိဖို႔ တိုက္ပြဲဝင္သြားမွာျဖစ္ေၾကာင္း ေျပာၾကားထားခဲ့ပါတယ္။

REF:The Sun
Photo:Sport 360, Fussball
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကိုလံဘီယာနောက်ခံလူ မီနာ Mina ကို ခေါ်ယူဖို့ စီစဉ်လာတဲ့ မန်ယူ

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းနဲ့ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ မီနာ Mina ကို ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းက ခေါ်ယူဖို့ စီစဉ်လာခဲ့ပါတယ်။ မန်ယူအသင်းက ဘာစီလိုနာနောက်ခံလူ မီနာ Mina အတွက် ပေါင် (၃၅)သန်းအထိ အသုံးပြုသွားဖို့ ရှိနေခဲ့ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟို Mourinho က အသင်းခံစစ်ကြောင်းကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်နေတာဖြစ်ပြီး လက်စတာနောက်ခံလူ မက်ဂွိုင်းယား Maguire ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံလူ လန်ဂလတ် Lenglet ကို ခေါ်ယူပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ပါးလ်မီးယက်စ်ကနေ ပေါင် (၁၀.၅)သန်းနဲ့ ခေါ်ယူခဲ့တဲ့ နောက်ခံလူ မီနာ Mina ကို ပြန်လည်ရောင်းချဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

MANCHESTER-UNITED-are-planning-a-£35million-move-for-Barcelona-defender-Yerry-Mina

MANCHESTER-UNITED-are-planning-a-£35million-move-for-Barcelona-defender-Yerry-Mina

ဘာစီလိုနာအသင်းက နောက်ခံလူ မီနာ Mina ကို ပြန်လည်ရောင်းချရာကနေ ပေါင်သန်း (၅၀)အထိ ပြန်လည်ရရှိဖို့ မျှော်လင့်နေခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ်ရှိ မီနာ Mina ကို မန်ယူအသင်းအပြင် ပရီးမီးယားလိဂ်အသင်းအများစုက ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပါတယ်။ မီနာ Mina ကို အဲဗာတန်နဲ့ ဝုလ်ဗ်တို့ကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိဘဲ အသင်းနောက်တန်းမှာ နေရာတစ်နေရာရရှိဖို့ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။

REF:The Sun
Photo:Sport 360, Fussball
Aung Kyaw Wai (Akhayar)
www.akhayar.com