[Zawgyi]

ဘန္ေလကုိ ႐ႈံးခဲ့ရင္ နည္းျပရာထူးက ထုတ္ပယ္ခံရဖုိ႔ရွိေနတဲ့ ေမာ္ရင္ဟုိ Mourinho

မန္ယူအသင္း ကစားသမားေတြနဲ႔ ၀န္ထမ္းေတြဟာ ဘန္ေလနဲ႔ပဲြမွာသာ ႐ံႈံးပဲြထပ္ႀကံဳရင္ နည္းျပေမာ္ရင္ဟုိ Mourinho ရာထူးက ထုတ္ပယ္ခံရမယ္လုိ႔ ယုံၾကည္ေနၾကပါတယ္။ မန္ယူအသင္းဟာ ဘ႐ုိက္တန္၊ စပါးအသင္းတို႔ကုိ ဆက္တိုက္႐ႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ မန္ယူ ဒုအမႈေဆာင္ခ်ဳပ္ အက္ဒ္၀ုဒ္၀ပ္ Ed Woodward က ေမာ္ရင္ဟိုကုိ ရာထူးက ထုတ္ပယ္ဖုိ႔ စဥ္းစားေနၿပီဆုိတဲ့ သတင္းေတြလည္း ထြက္ေနပါၿပီ။ ေမာ္ရင္ဟုိရဲ႕ လက္ရွိအေျခအေနက ၂၀၁၆ တုန္းက ဗန္ဟားလ္ Van Gaal ႀကံဳေတြ႕ခဲ့ရတဲ့ အေနအထားပါပဲ။ အဲဒီတုန္းက မန္ယူအသင္းဘုတ္အဖြဲ႕ဟာ ဗန္ဟားလ္ကုိ ထုတ္ပယ္ၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့ ေမာ္ရင္ဟုိကုိ နညး္ျပခန္႔အပ္ခဲ့သလုိ အခုအခ်ိန္မွာလည္း ေမာ္ရင္ဟုိေနရာမွာ အသင္းလက္မဲ့ျဖစ္ေနသူ ရီးယဲလ္နည္းျပေဟာင္း ဇီဒန္း Zidane ကုိ ခန္႔အပ္လိမ့္မယ္လုိ႔ မန္ယူကစားသမားေတြက သုံးသပ္ေနၾကတယ္။

Players-and-staff-are-openly-discussing-the-possibility-of-Jose-Mourinho-getting-sacked

Players-and-staff-are-openly-discussing-the-possibility-of-Jose-Mourinho-getting-sacked

မန္ယူအသင္းနဲ႔ နီးစပ္တဲ့အသုိင္းအ၀ုိင္းက လူတစ္ဦးက”မန္ယူကစားသမားေတြက ေမာ္ရင္ဟုိဟာ မၾကာခင္ အထုတ္ခံရေတာ့မယ္လုိ႔ ေျပာၾကေနပါၿပီ။ တခ်ိဳ႕ကေတာ့ ဘန္ေလနဲ႔ပဲြမွာ ႐ႈံးနိမ့္ခဲ့ရင္ ေမာ္ရင္ဟို ရာထူးက ထုတ္ပယ္ခံမယ္လုိ႔ေတာင္ ထင္ေနၾကတယ္။ တခ်ိဳ႕ကလည္း စက္တင္ဘာလအၿပီးအထိေတာင္ ေမာ္ရင္ဟုိ ဆက္ရွိမွာ မဟုတ္ဘူးလုိ႔ ခန္႔မွန္းေနၾကပါတယ္။ မန္ယူဘုတ္အဖဲြ႕က ေမာ္ရင္ဟုိကုိ ေထာက္ခံေနတုန္းပဲလုိ႔ ေျပာေနေပမယ့္လည္း ဗန္ဟားလ္ ဘယ္လုိျဖစ္သြားလဲဆုိတာ အားလုံးအသိပါ။ အခုဆုိရင္ မန္ယူနည္းျပသစ္အျဖစ္ ဇီဒန္းကုိ ခန္႔အပ္မယ္လုိ႔လည္း မန္ယူကစားသမားေတြက ယူဆေနၾကပါၿပီ” လုိ႔ ေျပာၾကားခဲ့တယ္။ ဒီေျပာစကားေတြအရ မန္ယူကစားသမားေတြက ေမာ္ရင္ဟုိ ရာထူးက ထုတ္ပယ္ခံရေအာင္ တမင္တကာမ်ား ဆန္႔က်င္ေနတာလားဆုိတာ သံသယျဖစ္စရာပါပဲ။ မန္ယူဘုတ္အဖဲြ႕အေနနဲ႔လည္း ေမာ္ရင္ဟုိကုိ ေထာက္ခံေနဆဲဆုိေပမယ့္ ဘန္ေလကုိသာ ႐ႈံးနိမ့္ခဲ့ရင္ေတာ့ အေျပာင္းအလဲလုပ္ဖုိ႔ စဥ္းစားသြားမယ့္ အေနအထားရွိေနပါၿပီ။

REF:Daily Mail
Photo:Toronto Star,ESPN
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘန်လေကို ရှုံးခဲ့ရင် နည်းပြရာထူးက ထုတ်ပယ်ခံရဖို့ရှိနေတဲ့ မော်ရင်ဟို Mourinho

မန်ယူအသင်း ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ဘန်လေနဲ့ပွဲမှာသာ ရှုံံးပွဲထပ်ကြုံရင် နည်းပြမော်ရင်ဟို Mourinho ရာထူးက ထုတ်ပယ်ခံရမယ်လို့ ယုံကြည်နေကြပါတယ်။ မန်ယူအသင်းဟာ ဘရိုက်တန်၊ စပါးအသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် မန်ယူ ဒုအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝပ် Ed Woodward က မော်ရင်ဟိုကို ရာထူးက ထုတ်ပယ်ဖို့ စဉ်းစားနေပြီဆိုတဲ့ သတင်းတွေလည်း ထွက်နေပါပြီ။ မော်ရင်ဟိုရဲ့ လက်ရှိအခြေအနေက ၂၀၁၆ တုန်းက ဗန်ဟားလ် Van Gaal ကြုံတွေ့ခဲ့ရတဲ့ အနေအထားပါပဲ။ အဲဒီတုန်းက မန်ယူအသင်းဘုတ်အဖွဲ့ဟာ ဗန်ဟားလ်ကို ထုတ်ပယ်ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ဟိုကို နည်းပြခန့်အပ်ခဲ့သလို အခုအချိန်မှာလည်း မော်ရင်ဟိုနေရာမှာ အသင်းလက်မဲ့ဖြစ်နေသူ ရီးယဲလ်နည်းပြဟောင်း ဇီဒန်း Zidane ကို ခန့်အပ်လိမ့်မယ်လို့ မန်ယူကစားသမားတွေက သုံးသပ်နေကြတယ်။

Players-and-staff-are-openly-discussing-the-possibility-of-Jose-Mourinho-getting-sacked

Players-and-staff-are-openly-discussing-the-possibility-of-Jose-Mourinho-getting-sacked

မန်ယူအသင်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက လူတစ်ဦးက”မန်ယူကစားသမားတွေက မော်ရင်ဟိုဟာ မကြာခင် အထုတ်ခံရတော့မယ်လို့ ပြောကြနေပါပြီ။ တချို့ကတော့ ဘန်လေနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ရင် မော်ရင်ဟို ရာထူးက ထုတ်ပယ်ခံမယ်လို့တောင် ထင်နေကြတယ်။ တချို့ကလည်း စက်တင်ဘာလအပြီးအထိတောင် မော်ရင်ဟို ဆက်ရှိမှာ မဟုတ်ဘူးလို့ ခန့်မှန်းနေကြပါတယ်။ မန်ယူဘုတ်အဖွဲ့က မော်ရင်ဟိုကို ထောက်ခံနေတုန်းပဲလို့ ပြောနေပေမယ့်လည်း ဗန်ဟားလ် ဘယ်လိုဖြစ်သွားလဲဆိုတာ အားလုံးအသိပါ။ အခုဆိုရင် မန်ယူနည်းပြသစ်အဖြစ် ဇီဒန်းကို ခန့်အပ်မယ်လို့လည်း မန်ယူကစားသမားတွေက ယူဆနေကြပါပြီ” လို့ ပြောကြားခဲ့တယ်။ ဒီပြောစကားတွေအရ မန်ယူကစားသမားတွေက မော်ရင်ဟို ရာထူးက ထုတ်ပယ်ခံရအောင် တမင်တကာများ ဆန့်ကျင်နေတာလားဆိုတာ သံသယဖြစ်စရာပါပဲ။ မန်ယူဘုတ်အဖွဲ့အနေနဲ့လည်း မော်ရင်ဟိုကို ထောက်ခံနေဆဲဆိုပေမယ့် ဘန်လေကိုသာ ရှုံးနိမ့်ခဲ့ရင်တော့ အပြောင်းအလဲလုပ်ဖို့ စဉ်းစားသွားမယ့် အနေအထားရှိနေပါပြီ။

REF:Daily Mail
Photo:Toronto Star,ESPN
Naing Linn(Akhayar)
www.akhayar.com