[Zawgyi]

C Ronaldo ေရာက္ရွိလာတာက စီးရီးေအအတြက္ အမ်ားႀကီးအက်ိဳးရွိတယ္လုိ႔ သုံးသပ္ခဲ့တဲ့ Mourinho

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိ Mourinho က ဂ်ဴဗင္တပ္စ္အသင္းဆီ စီေရာ္နယ္လ္ဒုိ C.Ronaldo ေျပာင္းေရႊ႕ခဲ့တာဟာ စီးရီးေအၿပိဳင္ပြဲအတြက္ အက်ိဳးအမ်ားႀကီးရွိေစတယ္လုိ႔ သုံးသပ္ေျပာဆုိခဲ့တယ္။ ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိဟာ (၉)ႏွစ္ၾကာကစားခ့ဲတဲ့ ရီးယဲလ္အသင္းနဲ႔ လမ္းခဲြၿပီး ဂ်ဴဗင္တပ္စ္အသင္းကုိ ယူ႐ုိသန္း(၁၀၀)နဲ႔ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ ေမာ္ရင္ဟုိဟာ ရီးယဲလ္အသင္းကုိ ကုိင္တြယ္ခဲ့စဥ္က စီေရာ္နယ္လ္ဒုိနဲ႔ ၂၀၁၀ ကေန ၂၀၁၃ ခုႏွစ္အထိ လက္တဲြခဲ့ဖူးတာေၾကာင့္ စီေရာ္နယ္လ္ဒုိရဲ႕အေၾကာင္းကုိ ေကာင္းေကာင္းသိေနၿပီး အခုဂ်ဴဗင္တပ္စ္အသင္းကုိ စီေရာ္နယ္လ္ဒုိ ေျပာင္းေရႊ႕ခဲ့တဲ့အတြက္ ဂ်ဴဗင္တပ္စ္အသင္းသာမကဘဲ စီးရီးေအၿပိဳင္ပဲြတစ္ခုလည္းအတြက္ အက်ိဳးရွိေစတယ္လုိ႔ ဆုိခဲ့တာပါ။

Cristiano-Ronaldo-and-Mourinho

Cristiano-Ronaldo-and-Mourinho

ေမာ္ရင္ဟုိက”အခုဆုိရင္ေဘာလုံးေလာကကုိ ရႈေထာင့္(၃)မ်ိဳးနဲ႔ျမင္ေတြ႕ရမွာပါ။ အီတလီဆုိရင္ စီေရာ္နယ္လ္ဒုိကုိ ပရိသတ္ေတြက ေျပးျမင္မိမွာျဖစ္ပါတယ္။ စပိန္ဆုိရင္ေတာ့ မက္ဆီ Messi ျဖစ္ၿပီး အဂၤလန္ဆုိရင္ ပရီးမီးယားလိဂ္ၿပိဳင္ပဲြကုိ ပရိသတ္ေတြ ျမင္ေယာင္ေနမွာပါ။ အခုအခ်ိန္မွာေတာ့ စီးရီးေအၿပိဳင္ပဲြဟာ ကမၻာေပၚမွာ အေရးပါဆုံးၿပိဳင္ပဲြတစ္ခုျဖစ္လာပါၿပီ။ ေဘာလုံးေလာကမွာ အရာအားလုံးက ေျပာင္းလဲေနတာျဖစ္ၿပီး အင္တာမီလန္၊ ေအစီမီလန္၊ ႐ုိးမားစတဲ့အသင္းေတြရဲ႕ အလားအလာက ေျပာင္းလဲသြားၿပီျဖစ္သလုိ အခု ဂ်ဴဗင္တပ္စ္အသင္းကုိ စီေရာ္နယ္လ္ဒုိေရာက္ရွိခဲ့တဲ့အတြက္ သူတို႔ ပုိၿပီး ေတာင့္တင္းသြားၿပီျဖစ္ပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။

REF:Daily Mail
Photo:Tribuna,Republic TV,.fifaworldcupthisyear
Naing Linn(Akhayar)
www.akhayar.com

[Unicode]

C Ronaldo ရောက်ရှိလာတာက စီးရီးအေအတွက် အများကြီးအကျိုးရှိတယ်လို့ သုံးသပ်ခဲ့တဲ့ Mourinho

မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho က ဂျူဗင်တပ်စ်အသင်းဆီ စီရော်နယ်လ်ဒို C.Ronaldo ပြောင်းရွှေ့ခဲ့တာဟာ စီးရီးအေပြိုင်ပွဲအတွက် အကျိုးအများကြီးရှိစေတယ်လို့ သုံးသပ်ပြောဆိုခဲ့တယ်။ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ (၉)နှစ်ကြာကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့ လမ်းခွဲပြီး ဂျူဗင်တပ်စ်အသင်းကို ယူရိုသန်း(၁၀၀)နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ရီးယဲလ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က စီရော်နယ်လ်ဒိုနဲ့ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ လက်တွဲခဲ့ဖူးတာကြောင့် စီရော်နယ်လ်ဒိုရဲ့အကြောင်းကို ကောင်းကောင်းသိနေပြီး အခုဂျူဗင်တပ်စ်အသင်းကို စီရော်နယ်လ်ဒို ပြောင်းရွှေ့ခဲ့တဲ့အတွက် ဂျူဗင်တပ်စ်အသင်းသာမကဘဲ စီးရီးအေပြိုင်ပွဲတစ်ခုလည်းအတွက် အကျိုးရှိစေတယ်လို့ ဆိုခဲ့တာပါ။

Cristiano-Ronaldo-and-Mourinho

Cristiano-Ronaldo-and-Mourinho

မော်ရင်ဟိုက”အခုဆိုရင်ဘောလုံးလောကကို ရှုထောင့်(၃)မျိုးနဲ့မြင်တွေ့ရမှာပါ။ အီတလီဆိုရင် စီရော်နယ်လ်ဒိုကို ပရိသတ်တွေက ပြေးမြင်မိမှာဖြစ်ပါတယ်။ စပိန်ဆိုရင်တော့ မက်ဆီ Messi ဖြစ်ပြီး အင်္ဂလန်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပရိသတ်တွေ မြင်ယောင်နေမှာပါ။ အခုအချိန်မှာတော့ စီးရီးအေပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ အရေးပါဆုံးပြိုင်ပွဲတစ်ခုဖြစ်လာပါပြီ။ ဘောလုံးလောကမှာ အရာအားလုံးက ပြောင်းလဲနေတာဖြစ်ပြီး အင်တာမီလန်၊ အေစီမီလန်၊ ရိုးမားစတဲ့အသင်းတွေရဲ့ အလားအလာက ပြောင်းလဲသွားပြီဖြစ်သလို အခု ဂျူဗင်တပ်စ်အသင်းကို စီရော်နယ်လ်ဒိုရောက်ရှိခဲ့တဲ့အတွက် သူတို့ ပိုပြီး တောင့်တင်းသွားပြီဖြစ်ပါတယ်”လို့ ပြောကြားခဲ့တယ်။

REF:Daily Mail
Photo:Tribuna,Republic TV,.fifaworldcupthisyear
Naing Linn(Akhayar)
www.akhayar.com