[Zawgyi]

ေပါ့ဘာ (Pogba) အေၾကာင္းမေမးန႔ဲ

ေပါ့ဘာ (Pogba) နဲ႔ နည္းျပေမာ္ရင္ဟိုၾကား အဆင္မေျပမႈဇာတ္လမ္းက ပိုဆုိးလာၿပီလား။ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေျဖရွင္းရခက္ဦးမယ့္ ေနာက္ဆံုးေပၚ ျပႆနာလို႔လည္း ဆုိုိႏုိင္တယ္။ ဇာတ္လမ္းက အေတာ္မ်ားမ်ားသိၿပီးတဲ့အတုိင္း နယူးကာဆယ္နဲ႔ ပရီးမီးယားလိဂ္ပြဲမွာ စတင္တယ္။ နယူးကာဆယ္ကို မန္ခ်က္စတာယူႏုိက္တက္ ႐ႈံးခဲ့တဲ့ပြဲမွာ အျပစ္ေျပာစရာ ကစားသမားေတြ မ်ားခဲ့ပါတယ္။ အဲဒီအထဲ ေပါ့ဘာကိုလည္း ခ်န္ထားလို႔မရဘူး။ ေပါ့ဘာရဲ႕ ကစားပံုက စိတ္မပါသလုိ၊ Normal Pass ေတြေတာင္ အမွားအမွားအယြင္းယြင္း၊ ဒီေတာ့ ေမာ္ရင္ဟိုက သူ႕ကို ထုတ္ပစ္လုိက္တယ္။ ပြဲအၿပီးမွာ ေပါ့ဘာက ဒဏ္ရာရထားတဲ့ပံုစံမ်ဳိးနဲ႔ လမ္းေလွ်ာက္ေနတာေတြ႕ရတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီးေမာ္ရင္ဟို တံု႔ျပန္ပံုက ၾကမ္းတယ္။ ေပါ့ဘာ ဒဏ္ရာမရိွဘူး၊ နည္းစနစ္ပိုင္းအရလဲခဲ့တယ္ဆုိတာပဲ။ ဒီစကားထြက္လာၿပီးေနာက္မွာ ေပါ့ဘာနဲ႔ မန္ခ်က္စတာယူႏုိက္တက္အနာဂတ္ မေရရာေတာ့ဘူး။ ေႏြရာသီမွာ ရီးယဲလ္က ေပါ့ဘာကို ေခၚေတာ့မယ္၊ သူတုိ႔ႏွစ္ဦးၾကား အရမ္းတင္းမာေနၿပီဆုိၿပီး အျဖစ္မွန္တစ္၀က္၊ လုပ္ဇာတ္တစ္၀က္ဇာတ္လမ္းေတြ ထြက္လာတယ္။ Daily Mail က ေသာၾကာေန႔မွာ ေပါ့ဘာနဲ႔ ေမာ္ရင္ဟို ဆံုေတြ႕ၿပီး ရွင္းခဲ့တယ္လို႔ေဖာ္ျပခဲ့ပါတယ္။ ဒါေပမ့ဲ သူတို႔ႏွစ္ဦးၾကား ၿငိမ္းခ်မ္းေရးတည္ေဆာက္ႏုိင္ခဲ့လားဆိုတာ ဘယ္သူမွ ေသခ်ာမသိႏုိင္ဘူး။

ေမာ္ရင္ဟို(Mourinho) ဘယ္လုိေျဖရွင္းမလဲ

ေမာ္ရင္ဟို(Mourinho) ဘယ္လုိေျဖရွင္းမလဲ

ၿပီးခဲ့တဲ့ ဟတ္ဒါဖီးလ္နဲ႔ပြဲမွာလည္း ေပါ့ဘာ မပါျပန္ခဲ့ဘူး။ အဖ်ားေရာဂါခံစားေနရလို႔ ေပါ့ဘာ မပါႏုိင္ခဲ့တာလို႔ သတင္းေတြက ဆုိပါတယ္။ဟတ္ဒါဖီးလ္နဲ႔ ပဲြမတုိင္မီ ေမာ္ရင္ဟိုကို ဒီအေၾကာင္းေမးေတာ့ “ ကၽြန္ေတာ္မသိဘူး၊ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဂ႐ုလည္း မစိုက္ဘူး။ ေပါ့ဘာမကစားႏုိင္တာကို သိၿပီးတဲ့အခ်ိန္မွာ ပြဲကိုဘယ္လုိကစားမလဲဆုိတာကိုပဲ အာ႐ံုစုိက္ထားတယ္။ ပြဲကစားၿပီးမွပဲ သူ႕အေၾကာင္း ကၽြန္ေတာ္ စဥ္းစားမယ္” လို႔ ခပ္ျပတ္ျပတ္ျပန္ေျဖခဲ့ပါတယ္။

ေပါ့ဘာ တကယ္ပဲ ဖ်ားေနတာလား။ ဒါမွမဟုတ္ဖ်ားခ်င္ေယာင္ေဆာင္ၿပီး ေမာ္ရင္ဟို ဆႏၵျပတာလား။ ေပါ့ဘာက သူ႕ကစားေနရတဲ့ေနရာကို အေျပာင္းအလဲလုပ္ေပးဖို႔ ေမာ္ရင္ဟုိကုိ ေတာင္းဆုိ ထားၿပီး ဒါကို ေမာ္ရင္ဟိုဘက္က လုိက္ေလ်ာဦးမယ္မထင္ဘူး။ ဒီေတာ့ သူတုိ႔ႏွစ္ဦးၾကား အဆင္မေျပမႈဇာတ္လမ္းဟာ စိတ္၀င္တစားနားဆင္ရမယ့္ ဇာတ္လမ္းမ်ဳိးပါပဲ။လတ္တေလာမွာ ေပါ့ဘာအေၾကာင္း ေမးရင္ေမာ္ရင္ဟို စိတ္တုိေနပံုပဲ။

Related Article:

အခြင့္အထူးခံပံုစံကို စြန္႔လႊတ္လုိက္ေတာ့ ေပါ့ဘာ (Pogba)

ေပါ့ဘာ (Pogba) မီးေတာက္ပုိၿပီးႀကီးထြားလာၿပီလား

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပေါ့ဘာ (Pogba) အကြောင်းမမေးနဲ့

ပေါ့ဘာ (Pogba) နဲ့ နည်းပြမော်ရင်ဟိုကြား အဆင်မပြေမှုဇာတ်လမ်းက ပိုဆိုးလာပြီလား။ မန်ချက်စတာယူနိုက်တက်ရဲ့ ဖြေရှင်းရခက်ဦးမယ့် နောက်ဆုံးပေါ် ပြဿနာလို့လည်း ဆိိုနိုင်တယ်။ ဇာတ်လမ်းက အတော်များများသိပြီးတဲ့အတိုင်း နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ စတင်တယ်။ နယူးကာဆယ်ကို မန်ချက်စတာယူနိုက်တက် ရှုံးခဲ့တဲ့ပွဲမှာ အပြစ်ပြောစရာ ကစားသမားတွေ များခဲ့ပါတယ်။ အဲဒီအထဲ ပေါ့ဘာကိုလည်း ချန်ထားလို့မရဘူး။ ပေါ့ဘာရဲ့ ကစားပုံက စိတ်မပါသလို၊ Normal Pass တွေတောင် အမှားအမှားအယွင်းယွင်း၊ ဒီတော့ မော်ရင်ဟိုက သူ့ကို ထုတ်ပစ်လိုက်တယ်။ ပွဲအပြီးမှာ ပေါ့ဘာက ဒဏ်ရာရထားတဲ့ပုံစံမျိုးနဲ့ လမ်းလျှောက်နေတာတွေ့ရတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးမော်ရင်ဟို တုံ့ပြန်ပုံက ကြမ်းတယ်။ ပေါ့ဘာ ဒဏ်ရာမရှိဘူး၊ နည်းစနစ်ပိုင်းအရလဲခဲ့တယ်ဆိုတာပဲ။ ဒီစကားထွက်လာပြီးနောက်မှာ ပေါ့ဘာနဲ့ မန်ချက်စတာယူနိုက်တက်အနာဂတ် မရေရာတော့ဘူး။ နွေရာသီမှာ ရီးယဲလ်က ပေါ့ဘာကို ခေါ်တော့မယ်၊ သူတို့နှစ်ဦးကြား အရမ်းတင်းမာနေပြီဆိုပြီး အဖြစ်မှန်တစ်ဝက်၊ လုပ်ဇာတ်တစ်ဝက်ဇာတ်လမ်းတွေ ထွက်လာတယ်။ Daily Mail က သောကြာနေ့မှာ ပေါ့ဘာနဲ့ မော်ရင်ဟို ဆုံတွေ့ပြီး ရှင်းခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးကြား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့လားဆိုတာ ဘယ်သူမှ သေချာမသိနိုင်ဘူး။

မော်ရင်ဟို(Mourinho) ဘယ်လိုဖြေရှင်းမလဲ

မော်ရင်ဟို(Mourinho) ဘယ်လိုဖြေရှင်းမလဲ

ပြီးခဲ့တဲ့ ဟတ်ဒါဖီးလ်နဲ့ပွဲမှာလည်း ပေါ့ဘာ မပါပြန်ခဲ့ဘူး။ အဖျားရောဂါခံစားနေရလို့ ပေါ့ဘာ မပါနိုင်ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ဟတ်ဒါဖီးလ်နဲ့ ပွဲမတိုင်မီ မော်ရင်ဟိုကို ဒီအကြောင်းမေးတော့ “ ကျွန်တော်မသိဘူး၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဂရုလည်း မစိုက်ဘူး။ ပေါ့ဘာမကစားနိုင်တာကို သိပြီးတဲ့အချိန်မှာ ပွဲကိုဘယ်လိုကစားမလဲဆိုတာကိုပဲ အာရုံစိုက်ထားတယ်။ ပွဲကစားပြီးမှပဲ သူ့အကြောင်း ကျွန်တော် စဉ်းစားမယ်” လို့ ခပ်ပြတ်ပြတ်ပြန်ဖြေခဲ့ပါတယ်။

ပေါ့ဘာ တကယ်ပဲ ဖျားနေတာလား။ ဒါမှမဟုတ်ဖျားချင်ယောင်ဆောင်ပြီး မော်ရင်ဟို ဆန္ဒပြတာလား။ ပေါ့ဘာက သူ့ကစားနေရတဲ့နေရာကို အပြောင်းအလဲလုပ်ပေးဖို့ မော်ရင်ဟိုကို တောင်းဆို ထားပြီး ဒါကို မော်ရင်ဟိုဘက်က လိုက်လျောဦးမယ်မထင်ဘူး။ ဒီတော့ သူတို့နှစ်ဦးကြား အဆင်မပြေမှုဇာတ်လမ်းဟာ စိတ်ဝင်တစားနားဆင်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။လတ်တလောမှာ ပေါ့ဘာအကြောင်း မေးရင်မော်ရင်ဟို စိတ်တိုနေပုံပဲ။

Related Article:

အခြင့္အထူးခံပံုစံကို စြန္႔လႊတ္လုိက္ေတာ့ ေပါ့ဘာ (Pogba)

ေပါ့ဘာ (Pogba) မီးေတာက္ပုိၿပီးႀကီးထြားလာၿပီလား

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။