[Zawgyi]

ဂ်ဴဗင္တပ္စ္နဲ႔ပဲြအၿပီး လုပ္ရပ္ကုိ ကာကြယ္ေျပာဆုိခဲ့တဲ့ ေမာ္ရင္ဟုိ Mourinho

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိ Mourinho ဟာ ဂ်ဴဗင္တပ္စ္ကုိ အႏုိင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြအၿပီး သူ႔ရဲ႕ ေအာင္ပဲြခံတဲ့ အမူအရာနဲ႔ပတ္သက္လုိ႔ ကာကြယ္ေျပာဆုိခဲ့ပါတယ္။ မန္ယူအသင္းဟာ ဂ်ဴဗင္တပ္စ္နဲ႔ပဲြမွာ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ရဲ႕ ဦးေဆာင္ဂုိးေၾကာင့္ ေနာက္ကလုိက္ကစားခဲ့ရေပမယ့္ (၈၆)မွာ မာတာ Mata ၊ (၈၉)မိနစ္မွာ အဲလက္စ္ဆန္ဒရုိ Alex Sandro (OG) တို႔ရဲ႕ ဂုိးေတြနဲ႔ အႏုိင္ျပန္ရခဲ့တယ္။

mourinho

mourinho

အဲဒီပဲြအၿပီးမွာ ေမာ္ရင္ဟုိဟာ သူ႔ရဲ႕နားကုိ လက္နဲ႔ကပ္ၿပီး ဂ်ဴဗင္တပ္စ္ပရိသတ္ေတြကုိ ေလွာင္ေျပာင္တဲ့ပုံစံနဲ႔ ေအာင္ပဲြခံခဲ့လုိ႔ ၿပိဳင္ဘက္ကစားသမားေတြျဖစ္တဲ့ ဘုိႏူခ်ီ Leonardo Bonucci ၊ ဒီဘားလား Paulo Dybala တို႔နဲ႔ ျပႆနာတက္ခဲ့ပါေသးတယ္။

Mourinho-was-confronted-by-Leonardo-Bonucci

Mourinho-was-confronted-by-Leonardo-Bonucci

ဂ်ဴဗင္တပ္စ္ ပရိသတ္ေတြဟာ ပဲြခ်ိန္တစ္ေလွ်ာက္လုံးမွာ ေမာ္ရင္ဟုိကုိ ဆဲဆုိေလွာင္ေျပာင္ခဲ့လုိ႔ သူက အခုလုိ တုံ႔ျပန္ခဲ့တာပါ။ ပဲြအၿပီး သတင္းစာရွင္းလင္းပဲြမွာ ေမာ္ရင္ဟုိက “ကၽြန္ေတာ္ဟာ မိနစ္(၉၀)လုံးလုံး ေလွာင္ေျပာင္ ေစာ္ကားခံခဲ့ရတာျဖစ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ ကုိယ့္အလုပ္ကုိယ္လုပ္တာျဖစ္ၿပီး အဲဒီထက္ မပုိပါဘူး။ ပဲြအၿပီး ကၽြန္ေတာ္လုပ္ျပခဲ့တာကလည္း ေစာ္ကားလုိစိတ္ မရွိပါဘူး။ ဂ်ဴဗင္တပ္စ္ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈကုိ ပုိၾကားခ်င္တဲ့သေဘာနဲ႔ လုပ္ျပခဲ့တာပါ။ အဲဒီလုိအျပဳအမူမ်ိဳး ကၽြန္ေတာ္ထပ္လုပ္မွာ မဟုတ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကၽြန္ေတာ္ဟာ ပေရာ္ဖက္ရွင္နယ္တစ္ဦးအျဖစ္ ဒီကုိ လာခဲ့တာျဖစ္ၿပီး ကုိယ့္အလုပ္ကုိယ္ အေကာင္းဆုံးလုပ္ျပဖုိ႔ပဲ ဆႏၵရွိခဲ့တာျဖစ္ပါတယ္။ ကၽြန္ေတာ့္မိသားစုကုိ ေလွာင္ေျပာင္ေစာ္ကားခဲ့လုိ႔ အခုလုိ တုံ႔ျပန္ခဲ့တာျဖစ္ၿပီး ဒီကိစၥကုိ ေနာက္ထပ္ စဥ္းစားမွာ မဟုတ္ေတာ့ပါဘူး” လုိ႔ ေျပာၾကားခဲ့တယ္။

he-was-confronted-by-Paulo-Dybala-

he-was-confronted-by-Paulo-Dybala-

ေမာ္ရင္ဟုိဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ၿပိဳင္ဘက္ အင္တာမီလန္အသင္းနည္းျပအျဖစ္ ေဆာင္ရြက္ခ့ဲဖူးတာေၾကာင့္ ဂ်ဴဗင္တပ္စ္ ပရိသတ္ေတြက ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ပါတယ္။ မန္ယူအသင္းဟာ ဂ်ဴဗင္တပ္စ္ကုိ အႏုိင္ရခဲ့တာေၾကာင့္ အုပ္စုက တက္ဖုိ႔ ေမွ်ာ္လင့္ခ်က္ေတြ ပုိအားေကာင္းလာၿပီး လက္က်န္ပဲြေတြမွာ ဗလင္စီယာ(အေ၀း)၊ ယန္းဘြိဳင္းစ္ (အိမ္)တို႔နဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

REF:theguardian
Photo:gbcode,.standard,foxsportsasia,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်နဲ့ပွဲအပြီး လုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့တဲ့ မော်ရင်ဟို Mourinho

မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီး သူ့ရဲ့ အောင်ပွဲခံတဲ့ အမူအရာနဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ မန်ယူအသင်းဟာ ဂျူဗင်တပ်စ်နဲ့ပွဲမှာ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ ဦးဆောင်ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပေမယ့် (၈၆)မှာ မာတာ Mata ၊ (၈၉)မိနစ်မှာ အဲလက်စ်ဆန်ဒရို Alex Sandro (OG) တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ပြန်ရခဲ့တယ်။

mourinho

mourinho

အဲဒီပွဲအပြီးမှာ မော်ရင်ဟိုဟာ သူ့ရဲ့နားကို လက်နဲ့ကပ်ပြီး ဂျူဗင်တပ်စ်ပရိသတ်တွေကို လှောင်ပြောင်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့လို့ ပြိုင်ဘက်ကစားသမားတွေဖြစ်တဲ့ ဘိုနူချီ Leonardo Bonucci ၊ ဒီဘားလား Paulo Dybala တို့နဲ့ ပြဿနာတက်ခဲ့ပါသေးတယ်။

Mourinho-was-confronted-by-Leonardo-Bonucci

Mourinho-was-confronted-by-Leonardo-Bonucci

ဂျူဗင်တပ်စ် ပရိသတ်တွေဟာ ပွဲချိန်တစ်လျှောက်လုံးမှာ မော်ရင်ဟိုကို ဆဲဆိုလှောင်ပြောင်ခဲ့လို့ သူက အခုလို တုံ့ပြန်ခဲ့တာပါ။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက “ကျွန်တော်ဟာ မိနစ်(၉၀)လုံးလုံး လှောင်ပြောင် စော်ကားခံခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်တာဖြစ်ပြီး အဲဒီထက် မပိုပါဘူး။ ပွဲအပြီး ကျွန်တော်လုပ်ပြခဲ့တာကလည်း စော်ကားလိုစိတ် မရှိပါဘူး။ ဂျူဗင်တပ်စ် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ပိုကြားချင်တဲ့သဘောနဲ့ လုပ်ပြခဲ့တာပါ။ အဲဒီလိုအပြုအမူမျိုး ကျွန်တော်ထပ်လုပ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ်တစ်ဦးအဖြစ် ဒီကို လာခဲ့တာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ပြဖို့ပဲ ဆန္ဒရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်မိသားစုကို လှောင်ပြောင်စော်ကားခဲ့လို့ အခုလို တုံ့ပြန်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို နောက်ထပ် စဉ်းစားမှာ မဟုတ်တော့ပါဘူး” လို့ ပြောကြားခဲ့တယ်။

he-was-confronted-by-Paulo-Dybala-

he-was-confronted-by-Paulo-Dybala-

မော်ရင်ဟိုဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ပြိုင်ဘက် အင်တာမီလန်အသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးတာကြောင့် ဂျူဗင်တပ်စ် ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့တာကြောင့် အုပ်စုက တက်ဖို့ မျှော်လင့်ချက်တွေ ပိုအားကောင်းလာပြီး လက်ကျန်ပွဲတွေမှာ ဗလင်စီယာ(အဝေး)၊ ယန်းဘွိုင်းစ် (အိမ်)တို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

REF:theguardian
Photo:gbcode,.standard,foxsportsasia,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com