[Zawgyi]

မန္ယူ အသင္းေခါင္းေဆာင္ကုိ ထုတ္ျပန္ေၾကညာလုိက္တဲ့ ေမာ္ရင္ဟုိ Mourinho

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိ Mourinho ဟာ ဒီရာသီ မန္ယူအသင္းေဆာင္အမည္ကုိ ထုတ္ျပန္ေၾကညာလုိက္ၿပီး လက္ရွိအသင္းေခါင္းေဆာင္ျဖစ္တ့ဲ ဗလင္စီယာ Valencia ကုိပဲ ဆက္လက္တာ၀န္ေပးသြားမွာ ျဖစ္ပါတယ္။ ၂၀၀၉ ခုႏွစ္က ၀ီဂန္အသင္းကေန ေျပာင္းေရႊ႕ခဲ့တဲ့ ဗလင္စီယာဟာ မန္ယူကစားသမားဘ၀ (၉)ႏွစ္တာကာလအတြင္း အဓိက ကစားသမားအျဖစ္ ပါ၀င္ကစားခြင့္ရခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီကတည္းက အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ခံခဲ့ရသူပါ။

Valencia-with-Captain-Armband

Valencia-with-Captain-Armband

အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အီေကြေဒါ ၀ါရင့္ကစားသမား ဗလင္စီယာဟာ မန္ယူအသင္းအတြက္ ပဲြေပါင္း(၃၃၀)ကစား (၂၅)ဂုိးသြင္းယူထားၿပီး အသင္းနဲ႔အတူ ပရီးမီးယားလိဂ္(၂)ႀကိမ္၊ လိဂ္ဖလား(၂)ႀကိမ္၊ FA ဖလား(၁)ႀကိမ္၊ ယူ႐ုိပါလိဂ္(၁)ႀကိမ္၊ ကြန္ျမဴနတီဒုိင္း(၃)ႀကိမ္ရယူခဲ့တယ္။

Paul-Pogba-will-wear-the-armband-until-the-Ecuadorian-resumes-his-position

Paul-Pogba-will-wear-the-armband-until-the-Ecuadorian-resumes-his-position

ဒါေပမဲ့ အခုေလာေလာဆယ္ ဗလင္စီယာဟာ ေျခသလုံးဒဏ္ရာေၾကာင့္ အနားယူေနရတဲ့အတြက္ လက္စတာနဲ႔ပဲြတုန္းက အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ခံခဲ့ရတဲ့ ကြင္းလယ္လူေပါ့ဘာ Pogba က အဲဒီရာထူးကုိ ဆက္လက္ တာ၀န္ယူသြားမွာျဖစ္ပါတယ္။ ေမာ္ရင္ဟုိက “ဗလင္စီယာ မကစားႏုိင္ခဲ့ရင္ ေပါ့ဘာဟာ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူသြားမွာျဖစ္ပါတယ္။ လာမယ့္ပဲြ(ဘ႐ုိက္တန္)က်ရင္ ဗလင္စီယာ ကစားႏုိင္ဦးမွာ မဟုတ္လုိ႔ ေပါ့ဘာကပဲ အသင္းေခါင္းေဆာင္အျဖစ္ ဆက္ကစားသြားဦးမွာပါ။ ဒါေပမဲ့ ဗလင္စီယာ ျပန္ကစားႏုိင္ရင္ေတာ့ သူက အဲဒီတာ၀န္ကုိ ျပန္ယူရမွာျဖစ္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:sportskeeda
Photo:Youtube,The Independent,Ghanasoccernet
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူ အသင်းခေါင်းဆောင်ကို ထုတ်ပြန်ကြေညာလိုက်တဲ့ မော်ရင်ဟို Mourinho

မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ ဒီရာသီ မန်ယူအသင်းဆောင်အမည်ကို ထုတ်ပြန်ကြေညာလိုက်ပြီး လက်ရှိအသင်းခေါင်းဆောင်ဖြစ်တဲ့ ဗလင်စီယာ Valencia ကိုပဲ ဆက်လက်တာဝန်ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က ဝီဂန်အသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ဗလင်စီယာဟာ မန်ယူကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း အဓိက ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ရာသီကတည်းက အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသူပါ။

Valencia-with-Captain-Armband

Valencia-with-Captain-Armband

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီကွေဒေါ ဝါရင့်ကစားသမား ဗလင်စီယာဟာ မန်ယူအသင်းအတွက် ပွဲပေါင်း(၃၃၀)ကစား (၂၅)ဂိုးသွင်းယူထားပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်(၂)ကြိမ်၊ လိဂ်ဖလား(၂)ကြိမ်၊ FA ဖလား(၁)ကြိမ်၊ ယူရိုပါလိဂ်(၁)ကြိမ်၊ ကွန်မြူနတီဒိုင်း(၃)ကြိမ်ရယူခဲ့တယ်။

Paul-Pogba-will-wear-the-armband-until-the-Ecuadorian-resumes-his-position

Paul-Pogba-will-wear-the-armband-until-the-Ecuadorian-resumes-his-position

ဒါပေမဲ့ အခုလောလောဆယ် ဗလင်စီယာဟာ ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရတဲ့အတွက် လက်စတာနဲ့ပွဲတုန်းက အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ကွင်းလယ်လူပေါ့ဘာ Pogba က အဲဒီရာထူးကို ဆက်လက် တာဝန်ယူသွားမှာဖြစ်ပါတယ်။ မော်ရင်ဟိုက “ဗလင်စီယာ မကစားနိုင်ခဲ့ရင် ပေါ့ဘာဟာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ လာမယ့်ပွဲ(ဘရိုက်တန်)ကျရင် ဗလင်စီယာ ကစားနိုင်ဦးမှာ မဟုတ်လို့ ပေါ့ဘာကပဲ အသင်းခေါင်းဆောင်အဖြစ် ဆက်ကစားသွားဦးမှာပါ။ ဒါပေမဲ့ ဗလင်စီယာ ပြန်ကစားနိုင်ရင်တော့ သူက အဲဒီတာဝန်ကို ပြန်ယူရမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF:sportskeeda
Photo:Youtube,The Independent,Ghanasoccernet
Naing Linn(Akhayar)
www.akhayar.com