[Zawgyi]

ေမာ္ရင္ဟုိ Mourinho ကုိ ျပငး္ျပင္းထန္ထန္ ေ၀ဖန္လုိက္တဲ့ ေဂ်မီရက္ဒ္နပ္ Jamie Redknapp

အဂၤလန္နဲ႔ လီဗာပူးလ္ နာမည္ေက်ာ္ကစားသမားေဟာင္း ေဂ်မီရက္ဒ္နပ္ Jamie Redknapp ဟာ မန္ယူနည္းျပ ေမာ္ရင္ဟုိ Mourinho ကုိ ျပင္းျပင္းထန္ထန္ ေ၀ဖန္လုိက္ၿပီး ေမာ္ရင္ဟုိဟာ ပဲြထြက္ကစားသမား (၁၁)ဦးကုိ အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လုိေရြးခ်ယ္ရမလဲဆုိတာ မသိေသးဘူးလုိ႔ ျပစ္တင္ခဲ့ပါတယ္။ မန္ယူအသင္းဟာ ဘ႐ုိက္တန္နဲ႔ကစားခဲ့တဲ့ပဲြမွာ စိတ္ပ်က္စရာ ေျခစြမ္းနဲ႔ ကစားခဲ့ၿပီး ႐ႈံးပဲြႀကံဳေတြ႕ခဲ့လုိ႔ ေမာ္ရင္ဟုိကုိ ေ၀ဖန္မႈေတြ အမ်ားႀကီးထြက္ေပၚေနပါၿပီ။

Jamie-Redknapp-says-he-does-not-think-Jose-Mourinho-has-a-clue-on-his-best-starting-XI

Jamie-Redknapp-says-he-does-not-think-Jose-Mourinho-has-a-clue-on-his-best-starting-XI

ရက္ဒ္နပ္က “ေမာ္ရင္ဟုိရဲ႕ အေကာင္းဆုံး(၁၁)ဦးက ဘယ္သူေတြလဲ။ အဲဒါနဲ႔ပတ္သက္ၿပီး ေမာ္ရင္ဟုိဆီမွာ ဘာ စိတ္ကူးမွ မရွိပါဘူး။ တျခားအသင္းေတြဟာ ဘယ္လုိႀကိဳးစားကစားရမလဲ၊ ဘာကုိ အဓိက စြမ္းေဆာင္ရမလဲဆိုတာ သိၾကၿပီး မန္ယူအသင္းမွာ ျပႆနာတက္ေနတာက အဲဒီအခ်က္ပါပဲ။ ႏုိင္လုိစိတ္ ျပင္းျပမႈမရွိတဲ့ မန္ယူလုိအသင္းမ်ိဳးကုိ ကၽြန္ေတာ္ တစ္ခါမွ မေတြ႕ဖူးပါဘူး။ ေမာ္ရင္ဟုိက ခံစစ္ပုိင္းကုိ အားျဖည့္ဖုိ႔အတြက္ ေငြအသုံးျပဳခြင့္ေပးဖုိ႔ ေတာင္းဆုိခဲ့ေပမယ့္ ဒီျပႆနာကုိ ေျဖရွင္းဖုိ႔က ေငြဘယ္ေလာက္အထိ သုံးစြဲရဦးမွာလဲ။ သူ ၀ယ္ထားတဲ့ လင္ဒီေလာ့ဖ္ Lindelof ၊ ဘာယီ Bailly တို႔ ဘ႐ုိက္တန္နဲ႔ပဲြမွာ ဘယ္ေလာက္အထိ ဆုိးရြားခဲ့လဲဆုိတာ အားလုံးအသိပါ။ ေမာ္ရင္ဟုိကုိ ဘယ္လုိ ယုံၾကည္မႈနဲ႔ ေနာက္ထပ္ေငြေတြ ဆက္သုံးခြင့္ေပးရမွာလဲ”လုိ႔ ေ၀ဖန္ခဲ့ပါတယ္။ အခုေလာေလာဆယ္ေတာ့ ေမာ္ရင္ဟုိရဲ႕ အနာဂတ္နဲ႔ပတ္သက္တ့ဲ သတင္းေတြက က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနၿပီး ရာထူးက ထုတ္ပယ္ခံရဖုိ႔ နီးစပ္ေနၿပီလုိ႔ ၿဗိတိန္မီဒီယာေတြက ခန္႔မွန္းေနၾကပါတယ္။

REF:Sky Sports
Photo:1065thearch,Eurosport Australia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မော်ရင်ဟို Mourinho ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဂျေမီရက်ဒ်နပ် Jamie Redknapp

အင်္ဂလန်နဲ့ လီဗာပူးလ် နာမည်ကျော်ကစားသမားဟောင်း ဂျေမီရက်ဒ်နပ် Jamie Redknapp ဟာ မန်ယူနည်းပြ မော်ရင်ဟို Mourinho ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မော်ရင်ဟိုဟာ ပွဲထွက်ကစားသမား (၁၁)ဦးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုရွေးချယ်ရမလဲဆိုတာ မသိသေးဘူးလို့ ပြစ်တင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ဘရိုက်တန်နဲ့ကစားခဲ့တဲ့ပွဲမှာ စိတ်ပျက်စရာ ခြေစွမ်းနဲ့ ကစားခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့လို့ မော်ရင်ဟိုကို ဝေဖန်မှုတွေ အများကြီးထွက်ပေါ်နေပါပြီ။

Jamie-Redknapp-says-he-does-not-think-Jose-Mourinho-has-a-clue-on-his-best-starting-XI

Jamie-Redknapp-says-he-does-not-think-Jose-Mourinho-has-a-clue-on-his-best-starting-XI

ရက်ဒ်နပ်က “မော်ရင်ဟိုရဲ့ အကောင်းဆုံး(၁၁)ဦးက ဘယ်သူတွေလဲ။ အဲဒါနဲ့ပတ်သက်ပြီး မော်ရင်ဟိုဆီမှာ ဘာ စိတ်ကူးမှ မရှိပါဘူး။ တခြားအသင်းတွေဟာ ဘယ်လိုကြိုးစားကစားရမလဲ၊ ဘာကို အဓိက စွမ်းဆောင်ရမလဲဆိုတာ သိကြပြီး မန်ယူအသင်းမှာ ပြဿနာတက်နေတာက အဲဒီအချက်ပါပဲ။ နိုင်လိုစိတ် ပြင်းပြမှုမရှိတဲ့ မန်ယူလိုအသင်းမျိုးကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးပါဘူး။ မော်ရင်ဟိုက ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် ငွေအသုံးပြုခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့က ငွေဘယ်လောက်အထိ သုံးစွဲရဦးမှာလဲ။ သူ ဝယ်ထားတဲ့ လင်ဒီလော့ဖ် Lindelof ၊ ဘာယီ Bailly တို့ ဘရိုက်တန်နဲ့ပွဲမှာ ဘယ်လောက်အထိ ဆိုးရွားခဲ့လဲဆိုတာ အားလုံးအသိပါ။ မော်ရင်ဟိုကို ဘယ်လို ယုံကြည်မှုနဲ့ နောက်ထပ်ငွေတွေ ဆက်သုံးခွင့်ပေးရမှာလဲ”လို့ ဝေဖန်ခဲ့ပါတယ်။ အခုလောလောဆယ်တော့ မော်ရင်ဟိုရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီလို့ ဗြိတိန်မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။

REF:Sky Sports
Photo:1065thearch,Eurosport Australia
Naing Linn(Akhayar)
www.akhayar.com