[Zawgyi]

ဂ်ဴဗီကုိ ႐ႈံးနိမ့္ခဲ့တဲ့ပဲြအၿပီးမွာ မန္ယူဘုတ္အဖဲြ႕ကုိ ဖိအားေပးလုိက္တဲ့ ေမာ္ရင္ဟုိ Mourinho

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိ Mourinho ဟာ ဂ်ဴဗင္တပ္စ္ကုိ ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြအၿပီးမွာ မန္ယူဘုတ္အဖဲြ႕ကုိ ဖိအားေပးခဲ့ၿပီး ဂ်ဴဗင္တပ္စ္၊ မန္စီးတီးတို႔လုိ အဆင့္မ်ိဳးေရာက္ခ်င္ရင္ ကမၻာ႔အဆင့္ ကစားသမားေတြ ေခၚယူေပးဖုိ႔ လုိတယ္လုိ႔ ေတာင္းဆုိလုိက္ပါတယ္။ မန္ယူအသင္းဟာ အိမ္ကြင္းမွာပဲ ဂ်ဴဗင္တပ္စ္ကုိ ႐ႈံးနိမ့္ခဲ့တာျဖစ္ၿပီး အသင္းရဲ႕ေျခစြမ္းက အေကာင္းဆုံးမျဖစ္ခ့ဲသလုိ ဂ်ဴဗင္တပ္စ္ဂုိးသမား ဆဇက္စနီ Wojciech Szczęsny ဟာ တစ္ပဲြလုံးမွ ဂုိးေပါက္ကာကြယ္မႈ (၂)ႀကိမ္သာ လုပ္ခဲ့ရတယ္။

Cristiano-Ronaldo-and-Pogba

Cristiano-Ronaldo-and-Pogba

ေမာ္ရင္ဟုိဟာ မန္ယူအသင္းကုိ စတင္ကုိင္တြယ္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္က စၿပီး အခုအခ်ိန္အထိ ေပါင္(၃၅၈.၇)သန္းအထိ သုံးစဲြခဲ့ၿပီးျဖစ္ေပမယ့္ ဒီရာသီအစမွာ သူလုိခ်င္တဲ့ ကစားသမားေတြကုိ မန္ယူဘုတ္အဖဲြ႕က မေခၚခဲ့ပါဘူး။ ပဲြအၿပီးမွာ မီဒီယာေတြက မန္ယူအသင္းဟာ ဂ်ဴဗင္တပ္စ္နဲ႔ ဘယ္ေလာက္အထိ အဆင့္ကြာဟေနၿပီလဲလုိ႔ ေမးျမန္းခ့ဲေတာ့ ေမာ္ရင္ဟုိက “ေတာ္ေတာ္ေလးကို ကြာေနပါၿပီ။ ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအမွာ ခ်န္ပီယံ(၇)ႀကိမ္ျဖစ္ခဲ့ၿပီး၊ ကၽြန္ေတာ့္အထင္ (၇)ႀကိမ္ဆက္ျဖစ္မယ္ထင္တယ္၊ ေနာက္ဆုံး(၄၊ ၅) ႏွစ္အတြင္းမွာလည္း ခ်န္ပီယံလိဂ္ဗုိလ္လုပဲြ (၂)ႀကိမ္ တက္ခဲ့ပါေသးတယ္။ ဒါေပမဲ့ သူတို႔က ဒီေလာက္နဲ႔ မေက်နပ္ပါဘူး။ ေအာင္ျမင္မႈေတြ ေနာက္ထပ္ ဆက္ရဖုိ႔ ပစ္မွတ္ထားေနတဲ့အသင္းပါ။ လက္ရွိ သူတို႔အသင္းဟာ ကမၻာ႔အဆင့္ ကစားသမားေတြရွိေပမယ့္ ကစားသမားေကာင္းေတြ ထပ္ေခၚဖုိ႔ အၿမဲတမ္းႀကိဳးစားေနတယ္။ ဂဴ်ဗင္တပ္စ္၊ ဘာစီလုိနာ၊ ရီးယဲလ္လုိ အဆင့္မ်ိဳးေရာက္ဖုိ႔ ဘာလုပ္ရမလဲဆုိတာ ခင္ဗ်ားတို႔(သတင္းေထာက္မ်ားကုိ ဆုိလုိ)လည္း သိေလာက္မွာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:Mmanchestereveningnews
Photo:Twitter,FOX Sports Asia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂျူဗီကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ မန်ယူဘုတ်အဖွဲ့ကို ဖိအားပေးလိုက်တဲ့ မော်ရင်ဟို Mourinho

မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ မန်ယူဘုတ်အဖွဲ့ကို ဖိအားပေးခဲ့ပြီး ဂျူဗင်တပ်စ်၊ မန်စီးတီးတို့လို အဆင့်မျိုးရောက်ချင်ရင် ကမ္ဘာ့အဆင့် ကစားသမားတွေ ခေါ်ယူပေးဖို့ လိုတယ်လို့ တောင်းဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းမှာပဲ ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အသင်းရဲ့ခြေစွမ်းက အကောင်းဆုံးမဖြစ်ခဲ့သလို ဂျူဗင်တပ်စ်ဂိုးသမား ဆဇက်စနီ Wojciech Szczęsny ဟာ တစ်ပွဲလုံးမှ ဂိုးပေါက်ကာကွယ်မှု (၂)ကြိမ်သာ လုပ်ခဲ့ရတယ်။

Cristiano-Ronaldo-and-Pogba

Cristiano-Ronaldo-and-Pogba

မော်ရင်ဟိုဟာ မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က စပြီး အခုအချိန်အထိ ပေါင်(၃၅၈.၇)သန်းအထိ သုံးစွဲခဲ့ပြီးဖြစ်ပေမယ့် ဒီရာသီအစမှာ သူလိုချင်တဲ့ ကစားသမားတွေကို မန်ယူဘုတ်အဖွဲ့က မခေါ်ခဲ့ပါဘူး။ ပွဲအပြီးမှာ မီဒီယာတွေက မန်ယူအသင်းဟာ ဂျူဗင်တပ်စ်နဲ့ ဘယ်လောက်အထိ အဆင့်ကွာဟနေပြီလဲလို့ မေးမြန်းခဲ့တော့ မော်ရင်ဟိုက “တော်တော်လေးကို ကွာနေပါပြီ။ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေမှာ ချန်ပီယံ(၇)ကြိမ်ဖြစ်ခဲ့ပြီး၊ ကျွန်တော့်အထင် (၇)ကြိမ်ဆက်ဖြစ်မယ်ထင်တယ်၊ နောက်ဆုံး(၄၊ ၅) နှစ်အတွင်းမှာလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ (၂)ကြိမ် တက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့က ဒီလောက်နဲ့ မကျေနပ်ပါဘူး။ အောင်မြင်မှုတွေ နောက်ထပ် ဆက်ရဖို့ ပစ်မှတ်ထားနေတဲ့အသင်းပါ။ လက်ရှိ သူတို့အသင်းဟာ ကမ္ဘာ့အဆင့် ကစားသမားတွေရှိပေမယ့် ကစားသမားကောင်းတွေ ထပ်ခေါ်ဖို့ အမြဲတမ်းကြိုးစားနေတယ်။ ဂူျဗင်တပ်စ်၊ ဘာစီလိုနာ၊ ရီးယဲလ်လို အဆင့်မျိုးရောက်ဖို့ ဘာလုပ်ရမလဲဆိုတာ ခင်ဗျားတို့(သတင်းထောက်များကို ဆိုလို)လည်း သိလောက်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF:Mmanchestereveningnews
Photo:Twitter,FOX Sports Asia
Naing Linn(Akhayar)
www.akhayar.com