[Zawgyi]

ေမာ္ရင္ဟို Mourinho ရွာေဖြေနတဲ႔ ေနာက္ခံလူ

မန္ယူအသင္းရဲ႕ လက္ရိွအေနအထားေတြဟာ အားေပးသူပရိတ္သတ္ေတြအတြက္ စိတ္ပ်က္စရာလို႔ဆိုရပါလိမ္႔မယ္။ ရာသီၾကိဳ ေျခစမ္းပြဲေတြမွာ မန္ယူအသင္းရဲ႕ရလဒ္ပိုင္းေတြက အားရစရာမရိွခဲ႔သလို အေျပာင္းအေရႊ႕လုပ္ေဆာင္ပံုေတြကလည္း ေႏွးေကြးေနတာပါ။ မန္ယူအသင္းနည္းျပ ေမာ္ရင္ဟို Mourinho ကေတာ႔ အသင္းအတြက္ ဗဟိုေနာက္ခံလူတစ္ဦးရွာေဖြေနျပီး ဒီအရာဟာလည္းျဖစ္ေျမာက္လာျခင္းမရိွေသးပါဘူး။ ေမာ္ရင္ဟို Mourinho ဟာ လက္ရိွမန္ယူအသင္းရဲ႕ ေနာက္ခံလူေတြကို သူ႔အေနနဲ႔ေက်နပ္အားရျခင္းမရိွဘူး လို႔ပဲယူဆရပါလိမ္႔မယ္။ ေနာက္ခံလူေတြ တစ္ေယာက္ျပီးတစ္ေယာက္ပစ္မွတ္ထားခဲ႔ေပမယ္႔ တစ္ေယာက္နဲ႔မွအဆင္ေျပခဲ႔ျခင္းမရိွေသးတာေၾကာင္႔ ေမာ္ရင္ဟို အတြက္မွန္းခ်က္နဲ႔ႏွမ္းထြက္ မကိုက္ေသးပါဘူး ။ေမာ္ရင္ဟို ပစ္မွတ္ထားခဲ႔တဲ႔ေနာက္ခံလူေတြရဲ႕အေျပာင္းအေရႊ႕ဇာတ္လမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Maguire

Maguire

မက္ဂိြဳင္းေယး Maguire (လက္စတာ)

၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာ အဂၤလန္အသင္းရဲ႕ခံစစ္ပိုင္းမွာ အေကာင္းဆံုးေျခစြမ္းျပကစားခဲ႔တဲ႔ လက္စတာ ေနာက္ခံလူ မက္ဂိြဳင္းေယး Maguire ကို နည္းျပေမာ္ရင္ဟို Mourinho ကေတာ္ေတာ္ေလးကို စိတ္၀င္စားခဲ႔ပါတယ္။ ေျပာင္းေရႊ႕ေၾကးေျမာက္မ်ားစြာသံုးျပီး ေခၚယူမယ္ဆိုတဲ႔အသံေတြထြက္ခဲ႔ေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ အေျပာင္းအေရႊ႕ပံုျပင္က ျငိမ္သက္ခဲ႔ရပါတယ္။

Yerry-Mina

Yerry-Mina

ယဲလ္္ရီမီနာ Yerry Mina (ဘာစီလိုနာ)

၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲမွာ သြင္းဂိုးေတြသြင္းယူျပီး ေျခစြမ္းျပကစားႏိုင္ခဲ႔တဲ႔ ကိုလံဘီယာေနာက္ခံလူ ယဲလ္္ရီမီနာ Yerry Mina ဟာ မန္ယူအသင္းကိုေရာက္ရိွဖို႔နီၤးစပ္ခဲ႔ပါေသးတယ္။ ဘာစီလိုနာအသင္းမွာ ပံုမွန္ေနရာေပ်ာက္ဆံုးေနတဲ႔ ယဲလ္္ရီမီနာ Yerry Mina ဟာ မန္ယူအသင္းနဲ႔သေဘာတူညီမႈရရိွခဲ႔ျပီးမွ အေျပာင္းအေရႊ႕ကပ်က္ျပယ္ခဲ႔တာပါ။ ယဲလ္္ရီမီနာ Yerry Mina ဟာ လက္ရိွအခ်ိန္မွာ အဲဗာတန္အသင္းနဲ႔ သေဘာတူညီမႈရရိွခဲ႔ျပီလို႔ သတင္းေတြထြက္ေနပါတယ္။

Alderweireld

Alderweireld

အယ္လ္ဒါ၀ီရယ္လ္ Alderweireld (စပါး)

စပါးအသင္းမွာပြဲထြက္ခြင္႔ရဖို႔ တိုက္ပြဲ၀င္ေနတဲ႔ ဘယ္လ္ဂ်ီယံ ေနာက္ခံလူ အယ္လ္ဒါ၀ီရယ္လ္ Alderweireld ဟာလည္း မန္ယူအသင္းနဲ႔ သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚခဲ႔ပါတယ္။ ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၆၀)နဲ႔ လာမယ္႔ (၄၈)နာရီအတြင္းအေျပာင္းအေရႊ႕အျပီးသတ္မယ္လို႔ သတင္းေတြထြက္ျပီးမွ ျငိမ္သက္ခဲ႔တာပါ။

Boateng

Boateng

ဘိုတန္ Boateng (ဘိုင္ယန္ျမဴးနစ္)

မန္ယူအသင္းရဲ႕ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီးအသင္းမွာ ကစားဖူးတဲ့ ေနာက္ခံလူ ဘိုတန္ Boateng လည္းမန္ယူအသင္းနဲ႔ အေျပာင္းအေရႊ႕သတင္းေတြထြက္ေပၚေနပါတယ္။ ေျပာင္းေရႊ႕ေၾကးညွိႏႈိင္းမႈေတြျပဳလုပ္ေနၾကတယ္လို႔ သိရျပီး ဒီအေျပာင္းအေရႊ႕ကိုေတာ႔ ဆက္လက္ေစာင္႔ၾကည္႔ၾကရပါလိမ္႔မယ္။

Photo: Sky Sports , mala3eb.tv , Stretty News , Web.de , Sky Sports
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မော်ရင်ဟို Mourinho ရှာဖွေနေတဲ့ နောက်ခံလူ

မန်ယူအသင်းရဲ့ လက်ရှိအနေအထားတွေဟာ အားပေးသူပရိတ်သတ်တွေအတွက် စိတ်ပျက်စရာလို့ဆိုရပါလိမ့်မယ်။ ရာသီကြို ခြေစမ်းပွဲတွေမှာ မန်ယူအသင်းရဲ့ရလဒ်ပိုင်းတွေက အားရစရာမရှိခဲ့သလို အပြောင်းအရွှေ့လုပ်ဆောင်ပုံတွေကလည်း နှေးကွေးနေတာပါ။ မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ကတော့ အသင်းအတွက် ဗဟိုနောက်ခံလူတစ်ဦးရှာဖွေနေပြီး ဒီအရာဟာလည်းဖြစ်မြောက်လာခြင်းမရှိသေးပါဘူး။ မော်ရင်ဟို Mourinho ဟာ လက်ရှိမန်ယူအသင်းရဲ့ နောက်ခံလူတွေကို သူ့အနေနဲ့ကျေနပ်အားရခြင်းမရှိဘူး လို့ပဲယူဆရပါလိမ့်မယ်။ နောက်ခံလူတွေ တစ်ယောက်ပြီးတစ်ယောက်ပစ်မှတ်ထားခဲ့ပေမယ့် တစ်ယောက်နဲ့မှအဆင်ပြေခဲ့ခြင်းမရှိသေးတာကြောင့် မော်ရင်ဟို အတွက်မှန်းချက်နဲ့နှမ်းထွက် မကိုက်သေးပါဘူး ။မော်ရင်ဟို ပစ်မှတ်ထားခဲ့တဲ့နောက်ခံလူတွေရဲ့အပြောင်းအရွှေ့ဇာတ်လမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Maguire

Maguire

မက်ဂွိုင်းယေး Maguire (လက်စတာ)

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ခံစစ်ပိုင်းမှာ အကောင်းဆုံးခြေစွမ်းပြကစားခဲ့တဲ့ လက်စတာ နောက်ခံလူ မက်ဂွိုင်းယေး Maguire ကို နည်းပြမော်ရင်ဟို Mourinho ကတော်တော်လေးကို စိတ်ဝင်စားခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးမြောက်များစွာသုံးပြီး ခေါ်ယူမယ်ဆိုတဲ့အသံတွေထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အပြောင်းအရွှေ့ပုံပြင်က ငြိမ်သက်ခဲ့ရပါတယ်။

Yerry-Mina

Yerry-Mina

ယဲလ်ရီမီနာ Yerry Mina (ဘာစီလိုနာ)

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုးတွေသွင်းယူပြီး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကိုလံဘီယာနောက်ခံလူ ယဲလ်ရီမီနာ Yerry Mina ဟာ မန်ယူအသင်းကိုရောက်ရှိဖို့နီၤးစပ်ခဲ့ပါသေးတယ်။ ဘာစီလိုနာအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေတဲ့ ယဲလ်ရီမီနာ Yerry Mina ဟာ မန်ယူအသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီးမှ အပြောင်းအရွှေ့ကပျက်ပြယ်ခဲ့တာပါ။ ယဲလ်ရီမီနာ Yerry Mina ဟာ လက်ရှိအချိန်မှာ အဲဗာတန်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်နေပါတယ်။

Alderweireld

Alderweireld

အယ်လ်ဒါဝီရယ်လ် Alderweireld (စပါး)

စပါးအသင်းမှာပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်နေတဲ့ ဘယ်လ်ဂျီယံ နောက်ခံလူ အယ်လ်ဒါဝီရယ်လ် Alderweireld ဟာလည်း မန်ယူအသင်းနဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးပေါင်သန်း(၆၀)နဲ့ လာမယ့် (၄၈)နာရီအတွင်းအပြောင်းအရွှေ့အပြီးသတ်မယ်လို့ သတင်းတွေထွက်ပြီးမှ ငြိမ်သက်ခဲ့တာပါ။

Boateng

Boateng

ဘိုတန် Boateng (ဘိုင်ယန်မြူးနစ်)

မန်ယူအသင်းရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှာ ကစားဖူးတဲ့ နောက်ခံလူ ဘိုတန် Boateng လည်းမန်ယူအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေပါတယ်။ ပြောင်းရွှေ့ကြေးညှိနှိုင်းမှုတွေပြုလုပ်နေကြတယ်လို့ သိရပြီး ဒီအပြောင်းအရွှေ့ကိုတော့ ဆက်လက်စောင့်ကြည့်ကြရပါလိမ့်မယ်။

Photo: Sky Sports , mala3eb.tv , Stretty News , Web.de , Sky Sports
Ko Kyue(Akhayar)
www.akhayar.com