[Zawgyi]

မိခင္ရဲ႕ ခြန္အားေတြနဲ႔အတူ နာမည္ႀကီးေဘာလုံးသမားျဖစ္ေအာင္ ေလွ်ာက္လွမ္းခဲ့တဲ့ Jorginho ရဲ႕ဘ၀ခရီးလမ္း

ဘရာဇီးလ္ႏုိင္ငံ၊ ေတာင္ဘက္ပုိင္းမွာရွိတဲ့ Imbituba ေဒသဟာ လူဦးေရ(၄)ေသာင္းနီးပါးေနထုိင္ရာ ပယ္လယ္ကမ္းေျခေဒသတစ္ခုျဖစ္ၿပီး သဲမြမြေသာင္ခုံ၊ ျပာလဲ့လဲ့ေရျပင္ ၀န္းရံထားတာေၾကာင့္ ေနခ်င့္စဖြယ္ေကာင္းတဲ့ေနရာတစ္ခုပါပဲ။ အဲဒီ သဲေသာင္ျပင္ဟာ အခု ခ်ယ္လ္ဆီးကစားသမားသစ္ ေယာ္ဂ်င္ဟုိ Jorginho ငယ္စဥ္တုန္းက ေဘာလံုးကစားခဲ့ဖူးရာေနရာ၊ နာမည္ေက်ာ္ ေဘာလုံးသမားတစ္ေယာက္ျဖစ္ဖုိ႔ အိပ္မက္ေတြ စတင္ခဲ့တဲ့ေနရာ။ မိခင္ျဖစ္သူကလည္း အမ်ိဳးသမီးေဘာလုံးသမားတစ္ဦးျဖစ္တာေၾကာင့္ ေယာ္ဂ်င္ဟုိရဲ႕ ေဘာလုံးသမားျဖစ္ဖုိ႔ အိပ္မက္ေတြက သူ႔မိခင္ဆီကေန စီးဆင္းလာတယ္လုိ႔ပဲဆုိရမလား။

Jorginho-second-left-was-to-play-football-by-his-mother-

Jorginho-second-left-was-to-play-football-by-his-mother-

၂၀၁၃ တုန္းက ေယာ္ဂ်င္ဟုိဟာ သူ႔မိခင္နဲ႔ပတ္သက္ၿပီး အခုလုိေျပာခဲ့ဖူးတယ္။”ကၽြန္ေတာ့္အေမက ေဘာလုံးကစားတတ္ေတာ့ အေမ့ဆီကေန ေဘာလုံးစြမ္းရည္ေတြ အမ်ားႀကီး သင္ယူခဲ့ရတယ္။ ဒီေန႔အထိ အေမဟာ ေဘာလုံးကစားေနဆဲျဖစ္ၿပီး ေဘာလုံးနဲ႔ပတ္သက္တာေတြကုိ အေမက ေတာ္ေတာ္ နားလည္တာဗ်။ ငယ္ငယ္ကဆုိရင္ ကမ္းေျခကုိ ေဘာလုံးတစ္လုံးနဲ႔ ကၽြန္ေတာ့္ကုိ ေခၚသြားၿပီး ေန႔လည္တစ္ပုိင္းလုံး သဲေတာထဲမွာ နည္းစနစ္ပုိင္း ေလ့က်င့္မႈေတြလုပ္ခဲ့ရပါတယ္”။

Jorginho-and-His-Mother

Jorginho-and-His-Mother

ေယာ္ဂ်င္ဟုိရဲ႕ မိခင္ျဖစ္သူ Maria Tereza Freitas က ေယာ္ဂ်င္ဟုိကုိ ေဘာလုံးပဲြတစ္ပဲြကစားရင္ လုိအပ္တဲ့အရည္အေသြးေတြနဲ႔ ျပည့္စုံေစခ်င္တဲ့အျပင္ ၿပိဳင္ဘက္ေတြထက္လည္း ေျခတစ္လွမ္းသာတဲ့သူျဖစ္ေစခ်င္တာပါ။ ေယာ္ဂ်င္ဟုိ အသက္(၆)ႏွစ္အရြယ္အေရာက္မွာ သူ႔တို႔မိသားစုအိမ္ေထာင္ေရး ၿပိဳကြဲခဲ့ၿပီး Maria Tereza Freitas ဟာ ေယာ္ဂ်င္ဟုိအတြက္ စား၀တ္ေနေရးကုိသာမက ေဘာလုံးေလ့က်င့္ေပးတဲ့ နည္းျပတစ္ဦး ျဖစ္မွန္းမသိျဖစ္လာခဲ့တယ္။ သူမက ေန႔ခင္းပုိင္းမွာ စားေသာက္ဆုိင္တစ္ခုရဲ႕ သန္႔ရွင္းေရးအျဖစ္ လုပ္ကုိင္ခဲ့ရၿပီး သင့္တင့္တဲ့လစာရရွိတာေၾကာင့္ သားျဖစ္သူအတြက္ ေဘာကန္ဖိနပ္၊ ေဘာလုံးေတြ ၀ယ္ယူေထာက္ပံ့ႏုိင္ခဲ့ပါတယ္။

The-midfielder-played-for-local-teams-before-moving-180km-from-home-as-part-of-a-football-factory-project

The-midfielder-played-for-local-teams-before-moving-180km-from-home-as-part-of-a-football-factory-project

အသက္(၁၃)ႏွစ္အရြယ္မွာ Imbituba ေဒသမွာရွိတဲ့ ကလပ္အသင္း Bruscão ကုိ ေရာက္ရွိခဲ့ၿပီး အဲဒီကလပ္က သူတို႔ေနတဲ့ေနရာနဲ႔ ကီလုိမီတာ(၁၈၀)အထိ ေ၀းကြာတာေၾကာင့္ မိခင္ျဖစ္သူရဲ႕ ရင္ခြင္ကုိ ေခတၱခဲြခြာခဲ့ရပါတယ္။ (၁၃)ႏွစ္အရြယ္ ကေလးတစ္ဦးအတြက္ ကုိယ့္အိမ္ကုိယ့္ယာနဲ႔ ဘ၀အတြက္တစ္ခုတည္းေသာ အားကုိးရာ အေမျဖစ္သူတို႔ကုိ ခဲြခြာခဲ့ရတာ ဘယ္ေလာက္အထိ နာက်င္၀မ္းနည္းေနမလဲဆုိတာ ခံစားၾကည့္ရင္သိမွာပါ။ ေယာ္ဂ်င္ဟုိဟာ အဲဒီအခ်ိန္ေတြကုိ ျပန္ေတြးလုိက္ရင္ အခုထက္ထိ နာက်င္ခံစားေနရဆဲပါပဲ။ “အဲဒီတုန္းက အေၾကာင္းေတြ ျပန္ေျပာတိုင္း ကၽြန္ေတာ့္ရင္ထဲမွာ တစ္ခုခုတစ္ဆုိ႔ေနသလုိ ခံစားရပါတယ္”။

Jorginho-circled-was-one-of-50-boys-selected-to-be-part-of-a-project-by-Italian-business-men

Jorginho-circled-was-one-of-50-boys-selected-to-be-part-of-a-project-by-Italian-business-men

ေယာ္ဂ်င္ဟုိအတြက္ ေအာင္ျမင္မႈလမ္းစက မၾကာခင္မွာပဲ စတင္လာပါေတာ့တယ္။ (၂)ႏွစ္အၾကာမွာ အီတလီဒုတိယတန္းကလပ္ ဗီ႐ုိနာလူငယ္အကယ္ဒမီအတြက္ ကစားသမားေရြးခ်ယ္တဲ့အထဲမွာ ေယာ္ဂ်င္ဟုိလည္း အပါအ၀င္ျဖစ္ခဲ့ၿပီး အီတလီေျမကုိ ပထမဆုံးအႀကိမ္ေျခခ်ခြင့္ရခဲ့တယ္။ ဗီ႐ုိနာလူငယ္အကယ္ဒမီအသင္းမွာ ၂၀၀၇ ကေန ၂၀၁၀ အထိျဖတ္သန္းခဲ့ၿပီး ၂၀၁၀ မွာ စီနီယာအသင္းနဲ႔ ပထမဆုံးပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။

Jorginho-at-Verona-

Jorginho-at-Verona-

တျဖည္းျဖည္းေတာက္ပလာတဲ့ ေယာ္ဂ်င္ဟုိကုိ စီးရီးေအထိပ္သီး နာပုိလီအသင္းက သတိျပဳမိခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ ေခၚယူစာခ်ဳပ္ခဲ့တယ္။ ေယာ္ဂ်င္ဟုိအတြက္ အလွည့္အေျပာင္းေတြကုိ ဖန္တီးေပးခဲ့သူက အခု ခ်ယ္လ္ဆီးအသင္းမွာ လက္တဲြရမယ့္ သူ႔ဆရာ ဆာရီ Sarri ပါပဲ။ ဆာရီရဲ႕ နည္းဗ်ဴဟာေတြေၾကာင့္ ေယာ္ဂ်င္ဟုိေျခစြမ္းက ပုိေတာက္ပလာၿပီး နာပုိလီအသင္းအဓိက ကစားသမားတစ္ဦးအျဖစ္ ပါ၀င္ခြင့္ရခဲ့တယ္။

Sarri-developed-Jorginhos-skills-at-Napoli

Sarri-developed-Jorginhos-skills-at-Napoli

ဒါေၾကာင့္ပဲ ခ်ယ္လ္ဆီးနည္းျပသစ္အျဖစ္ ဆာရီကုိ ခန္႔အပ္ခဲ့ခ်ိန္မွာ သူ႔တပည့္ေဟာင္း ေယာ္ဂ်င္ဟုိကုိ ပထမဆုံးေခၚယူခဲ့တာပါ။ ဆာရီက”ေယာ္ဂ်င္ဟုိဟာ ႐ုပ္ပုိင္းဆုိင္ရာ ေကာင္းမြန္႐ုံသာမက technical player တစ္ဦးလည္းျဖစ္ပါတယ္။ အဓိကအက်ဆုံးစြမ္းရည္ကေတာ့ ေဘာလုံးကစားေနရင္း သူ႔စိတ္ထဲမွာ ဘာလုပ္ရမလဲဆုိတာကုိ စဥ္းစားဆုံးျဖတ္မႈ တိက်မွန္ကန္တာပဲျဖစ္ပါတယ္”လုိ႔ ခ်ီးက်ဴးခဲ့တယ္။

Maurizio-Sarris-first-signing-at-Chelsea-is-Brazilian-midfielder-Jorginho

Maurizio-Sarris-first-signing-at-Chelsea-is-Brazilian-midfielder-Jorginho

ဒါကေတာ့ ဘရာဇီးလ္ႏုိင္ငံရဲ႕ မထင္မရွားကမ္းေျခေဒသတစ္ခုကေန အခု နာမည္ႀကီးပရီးမီးယားလိဂ္ၿပိဳင္ပဲြကုိ ေျခခ်ခြင့္ရေအာင္ ေလွ်ာက္လွမ္းခဲ့တဲ့ ေယာ္ဂ်င္ဟုိရဲ႕ ဘ၀ဇာတ္ေၾကာင္းပါပဲ။ အခုအခ်ိန္ဆုိရင္ ေယာ္ဂ်င္ဟုိရဲ႕မိခင္ Freitas တစ္ေယာက္ သားျဖစ္သူရဲ႕ ေအာင္ျမင္မႈကုိ ၾကည့္ၿပီး ၾကည္ႏူး၀မ္းသာမႈနဲ႔အတူ မ်က္ရည္ေတြ က်ဆင္းေနမလားဆုိတာ . . .

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com

[Zawgyi]

မိခင်ရဲ့ ခွန်အားတွေနဲ့အတူ နာမည်ကြီးဘောလုံးသမားဖြစ်အောင် လျှောက်လှမ်းခဲ့တဲ့ Jorginho ရဲ့ဘဝခရီးလမ်း

ဘရာဇီးလ်နိုင်ငံ၊ တောင်ဘက်ပိုင်းမှာရှိတဲ့ Imbituba ဒေသဟာ လူဦးရေ(၄)သောင်းနီးပါးနေထိုင်ရာ ပယ်လယ်ကမ်းခြေဒေသတစ်ခုဖြစ်ပြီး သဲမွမွသောင်ခုံ၊ ပြာလဲ့လဲ့ရေပြင် ဝန်းရံထားတာကြောင့် နေချင့်စဖွယ်ကောင်းတဲ့နေရာတစ်ခုပါပဲ။ အဲဒီ သဲသောင်ပြင်ဟာ အခု ချယ်လ်ဆီးကစားသမားသစ် ယော်ဂျင်ဟို Jorginho ငယ်စဉ်တုန်းက ဘောလုံးကစားခဲ့ဖူးရာနေရာ၊ နာမည်ကျော် ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်တွေ စတင်ခဲ့တဲ့နေရာ။ မိခင်ဖြစ်သူကလည်း အမျိုးသမီးဘောလုံးသမားတစ်ဦးဖြစ်တာကြောင့် ယော်ဂျင်ဟိုရဲ့ ဘောလုံးသမားဖြစ်ဖို့ အိပ်မက်တွေက သူ့မိခင်ဆီကနေ စီးဆင်းလာတယ်လို့ပဲဆိုရမလား။

Jorginho-second-left-was-to-play-football-by-his-mother-

Jorginho-second-left-was-to-play-football-by-his-mother-

၂၀၁၃ တုန်းက ယော်ဂျင်ဟိုဟာ သူ့မိခင်နဲ့ပတ်သက်ပြီး အခုလိုပြောခဲ့ဖူးတယ်။”ကျွန်တော့်အမေက ဘောလုံးကစားတတ်တော့ အမေ့ဆီကနေ ဘောလုံးစွမ်းရည်တွေ အများကြီး သင်ယူခဲ့ရတယ်။ ဒီနေ့အထိ အမေဟာ ဘောလုံးကစားနေဆဲဖြစ်ပြီး ဘောလုံးနဲ့ပတ်သက်တာတွေကို အမေက တော်တော် နားလည်တာဗျ။ ငယ်ငယ်ကဆိုရင် ကမ်းခြေကို ဘောလုံးတစ်လုံးနဲ့ ကျွန်တော့်ကို ခေါ်သွားပြီး နေ့လည်တစ်ပိုင်းလုံး သဲတောထဲမှာ နည်းစနစ်ပိုင်း လေ့ကျင့်မှုတွေလုပ်ခဲ့ရပါတယ်”။

Jorginho-and-His-Mother

Jorginho-and-His-Mother

ယော်ဂျင်ဟိုရဲ့ မိခင်ဖြစ်သူ Maria Tereza Freitas က ယော်ဂျင်ဟိုကို ဘောလုံးပွဲတစ်ပွဲကစားရင် လိုအပ်တဲ့အရည်အသွေးတွေနဲ့ ပြည့်စုံစေချင်တဲ့အပြင် ပြိုင်ဘက်တွေထက်လည်း ခြေတစ်လှမ်းသာတဲ့သူဖြစ်စေချင်တာပါ။ ယော်ဂျင်ဟို အသက်(၆)နှစ်အရွယ်အရောက်မှာ သူ့တို့မိသားစုအိမ်ထောင်ရေး ပြိုကွဲခဲ့ပြီး Maria Tereza Freitas ဟာ ယော်ဂျင်ဟိုအတွက် စားဝတ်နေရေးကိုသာမက ဘောလုံးလေ့ကျင့်ပေးတဲ့ နည်းပြတစ်ဦး ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ သူမက နေ့ခင်းပိုင်းမှာ စားသောက်ဆိုင်တစ်ခုရဲ့ သန့်ရှင်းရေးအဖြစ် လုပ်ကိုင်ခဲ့ရပြီး သင့်တင့်တဲ့လစာရရှိတာကြောင့် သားဖြစ်သူအတွက် ဘောကန်ဖိနပ်၊ ဘောလုံးတွေ ဝယ်ယူထောက်ပံ့နိုင်ခဲ့ပါတယ်။

The-midfielder-played-for-local-teams-before-moving-180km-from-home-as-part-of-a-football-factory-project

The-midfielder-played-for-local-teams-before-moving-180km-from-home-as-part-of-a-football-factory-project

အသက်(၁၃)နှစ်အရွယ်မှာ Imbituba ဒေသမှာရှိတဲ့ ကလပ်အသင်း Bruscão ကို ရောက်ရှိခဲ့ပြီး အဲဒီကလပ်က သူတို့နေတဲ့နေရာနဲ့ ကီလိုမီတာ(၁၈၀)အထိ ဝေးကွာတာကြောင့် မိခင်ဖြစ်သူရဲ့ ရင်ခွင်ကို ခေတ္တခွဲခွာခဲ့ရပါတယ်။ (၁၃)နှစ်အရွယ် ကလေးတစ်ဦးအတွက် ကိုယ့်အိမ်ကိုယ့်ယာနဲ့ ဘဝအတွက်တစ်ခုတည်းသော အားကိုးရာ အမေဖြစ်သူတို့ကို ခွဲခွာခဲ့ရတာ ဘယ်လောက်အထိ နာကျင်ဝမ်းနည်းနေမလဲဆိုတာ ခံစားကြည့်ရင်သိမှာပါ။ ယော်ဂျင်ဟိုဟာ အဲဒီအချိန်တွေကို ပြန်တွေးလိုက်ရင် အခုထက်ထိ နာကျင်ခံစားနေရဆဲပါပဲ။ “အဲဒီတုန်းက အကြောင်းတွေ ပြန်ပြောတိုင်း ကျွန်တော့်ရင်ထဲမှာ တစ်ခုခုတစ်ဆို့နေသလို ခံစားရပါတယ်”။

Jorginho-circled-was-one-of-50-boys-selected-to-be-part-of-a-project-by-Italian-business-men

Jorginho-circled-was-one-of-50-boys-selected-to-be-part-of-a-project-by-Italian-business-men

ယော်ဂျင်ဟိုအတွက် အောင်မြင်မှုလမ်းစက မကြာခင်မှာပဲ စတင်လာပါတော့တယ်။ (၂)နှစ်အကြာမှာ အီတလီဒုတိယတန်းကလပ် ဗီရိုနာလူငယ်အကယ်ဒမီအတွက် ကစားသမားရွေးချယ်တဲ့အထဲမှာ ယော်ဂျင်ဟိုလည်း အပါအဝင်ဖြစ်ခဲ့ပြီး အီတလီမြေကို ပထမဆုံးအကြိမ်ခြေချခွင့်ရခဲ့တယ်။ ဗီရိုနာလူငယ်အကယ်ဒမီအသင်းမှာ ၂၀၀၇ ကနေ ၂၀၁၀ အထိဖြတ်သန်းခဲ့ပြီး ၂၀၁၀ မှာ စီနီယာအသင်းနဲ့ ပထမဆုံးပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Jorginho-at-Verona-

Jorginho-at-Verona-

တဖြည်းဖြည်းတောက်ပလာတဲ့ ယော်ဂျင်ဟိုကို စီးရီးအေထိပ်သီး နာပိုလီအသင်းက သတိပြုမိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ခေါ်ယူစာချုပ်ခဲ့တယ်။ ယော်ဂျင်ဟိုအတွက် အလှည့်အပြောင်းတွေကို ဖန်တီးပေးခဲ့သူက အခု ချယ်လ်ဆီးအသင်းမှာ လက်တွဲရမယ့် သူ့ဆရာ ဆာရီ Sarri ပါပဲ။ ဆာရီရဲ့ နည်းဗျူဟာတွေကြောင့် ယော်ဂျင်ဟိုခြေစွမ်းက ပိုတောက်ပလာပြီး နာပိုလီအသင်းအဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့တယ်။

Sarri-developed-Jorginhos-skills-at-Napoli

Sarri-developed-Jorginhos-skills-at-Napoli

ဒါကြောင့်ပဲ ချယ်လ်ဆီးနည်းပြသစ်အဖြစ် ဆာရီကို ခန့်အပ်ခဲ့ချိန်မှာ သူ့တပည့်ဟောင်း ယော်ဂျင်ဟိုကို ပထမဆုံးခေါ်ယူခဲ့တာပါ။ ဆာရီက”ယော်ဂျင်ဟိုဟာ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ရုံသာမက technical player တစ်ဦးလည်းဖြစ်ပါတယ်။ အဓိကအကျဆုံးစွမ်းရည်ကတော့ ဘောလုံးကစားနေရင်း သူ့စိတ်ထဲမှာ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားဆုံးဖြတ်မှု တိကျမှန်ကန်တာပဲဖြစ်ပါတယ်”လို့ ချီးကျူးခဲ့တယ်။

Maurizio-Sarris-first-signing-at-Chelsea-is-Brazilian-midfielder-Jorginho

Maurizio-Sarris-first-signing-at-Chelsea-is-Brazilian-midfielder-Jorginho

ဒါကတော့ ဘရာဇီးလ်နိုင်ငံရဲ့ မထင်မရှားကမ်းခြေဒေသတစ်ခုကနေ အခု နာမည်ကြီးပရီးမီးယားလိဂ်ပြိုင်ပွဲကို ခြေချခွင့်ရအောင် လျှောက်လှမ်းခဲ့တဲ့ ယော်ဂျင်ဟိုရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ အခုအချိန်ဆိုရင် ယော်ဂျင်ဟိုရဲ့မိခင် Freitas တစ်ယောက် သားဖြစ်သူရဲ့ အောင်မြင်မှုကို ကြည့်ပြီး ကြည်နူးဝမ်းသာမှုနဲ့အတူ မျက်ရည်တွေ ကျဆင်းနေမလားဆိုတာ . . .

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com