[Zawgyi]

ဒီႏွစ္ေဘာလံုးရာသီရဲ႕ အက်ိဳးရိွေစတဲ႔ ကစားသမားေခၚယူမႈမ်ား

ကစားသမား အေျပာင္းအေရႊ႕ျပဳလုပ္တဲ႔ ေနရာမွာ ေအာင္ျမင္တဲ႔ အေျပာင္းအေရႊ႕ျဖစ္ဖို႔ ကစားသမားရဲ႕စြမ္းေဆာင္ရည္အျပင္ ကံတရားကလည္းလိုအပ္ပါတယ္။ တျခားအသင္းမွာ ေျခစြမ္းျပကစားေနလုိ႔ ေၾကးႀကီးေပးေခၚခဲ့ၿပီး ကုိယ့္အသင္းေရာက္မွ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္တဲ႔ ျဖစ္ရပ္ေတြဟာလည္း ဒုနဲ႔ေဒးပါပဲ။ ဒီႏွစ္ေဘာလံုးရာသီရဲ႕ အက်ိဳးရိွေစတဲ႔ ကစားသမားေခၚယူမႈေတြကို Goal.com အားကစား၀က္ဆိုက္ဘ္ ကေဖာ္ျပခဲ႔ျပီး ဒီအထဲမွာ နာမည္ေက်ာ္ကစားသမားေတြ ျဖစ္ၾကတဲ႔ ေယာ္ဂ်င္ဟို Jorginho ၊ ဟီဂြါအင္ Higuain နဲ႔ အယ္လ္ကာဆာ Alcacer တို႔ပါ၀င္ခဲ႔ၾကပါတယ္။

ေယာ္ဂ်င္ဟို Jorginho

Jorginho

Jorginho

နာပိုလီကေန ခ်ယ္လ္ဆီးအသင္းကို ေျပာင္းေရႊ႕ခဲ႔တဲ႔ ေယာ္ဂ်င္ဟိုရဲ႕ အေျပာင္းအေရႊ႕ဟာမွန္ကန္တဲ႔ အေျပာင္းအေရႊ႕တစ္ခုျဖစ္ခဲ႔ပါတယ္။ ေယာ္ဂ်င္ဟိုဟာ ခ်ယ္လ္ဆီးအသင္းကြင္းလယ္မွာ ပံုမွန္တစ္ေနရာကို အမိအရဆုပ္ကိုင္ ႏိုင္ခဲ႔သလို သူ႕ရဲ႕တည္ျငိမ္တဲ႔ ကစားဟန္နဲ႔ေကာင္းမြန္တဲ႔ ေဘာလံုးေပးပို႔မႈေတြေၾကာင္႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္ဟာ အရင္ကထက္တည္ျငိမ္မႈပိုရိွလာခဲ႔ျပီး တိုက္စစ္လမ္းေၾကာင္းစတင္ရာမွာလည္း အရင္ကထက္ပိုေကာင္းလာခဲ႔ပါတယ္။

အယ္လ္ကာဆာ Alcacer

Alcacer

Alcacer

ဘာစီလိုနာကေန ေဒါ႔မြန္ကို အငွားနဲ႔ေျပာင္းေရႊ႕ခဲ႔တဲ႔ အယ္လ္ကာဆာရဲ႕ အေျပာင္းအေရႊ႕ဟာလည္း အက်ိဳးရိွတဲ႔ အေျပာင္းအေရႊ႕ျဖစ္ခဲ႔ပါတယ္။ အယ္လ္ကာဆာဟာ လက္ရိွအခ်ိန္ထိ ေဒါ႔မြန္အသင္းအတြက္ (၄)ပြဲမွာ (၇)ဂိုးသြင္းယူထားပါတယ္။

ဟီဂြါအင္ Higuain

Higuain

Higuain

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ပစ္ပယ္ခံ တိုက္စစ္မႈး ဟီဂြါအင္ဟာလည္း ေအစီမီလန္အသင္းမွာ အေကာင္းဆံုးေျခစြမ္းေတြျပေနပါတယ္။ ဟီဂြါအင္ေၾကာင္႔ ေအစီမီလန္အသင္းဟာ အရင္ကထက္ပိုေကာင္းလာတယ္လို႔ေတာင္ေျပာလို႔ရပါတယ္။ ဟီဂြါအင္ဟာ လက္ရိွအခ်ိန္ထိ ေအစီမီလန္အသင္းအတြက္ ျပိဳင္ပြဲစံု(၇)ပြဲမွာ (၆)ဂိုးသြင္းယူထားပါတယ္။ ပရိသတ္ေတြအတြက္ ဒီႏွစ္ေဘာလံုးရာသီရဲ႕ အက်ိဳးရိွေစတဲ႔ ကစားသမားေခၚယူမႈေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ဒီႏွစ္ေဘာလံုးရာသီရဲ႕ အက်ိဳးရိွေစတဲ႔ ကစားသမားေခၚယူမႈမ်ား

1. Alcacer ( Dortmund )
2. Bamba ( Lille )
3. Cancelo ( Juventus )
4. Higuain ( AC Milan )
5. Jorginho ( Chelsea )
6. Maddison ( Leicester )
7. Patricio ( Wolverhampton )
8. Piatek ( Genoa)
9. Plea ( Mönchengladbach )
10. Richarlison ( Everton)
11. Andre Silva ( Sevilla )
12. Vaclik ( Sevilla )
13. Witsel ( Dortmund )
14. Dilrosun ( Hertha BSC )
15. Mothiba ( Strasbourg )

Ref:Goal.com
Photo: Goal.com , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒီနှစ်ဘောလုံးရာသီရဲ့ အကျိုးရှိစေတဲ့ ကစားသမားခေါ်ယူမှုများ

ကစားသမား အပြောင်းအရွှေ့ပြုလုပ်တဲ့ နေရာမှာ အောင်မြင်တဲ့ အပြောင်းအရွှေ့ဖြစ်ဖို့ ကစားသမားရဲ့စွမ်းဆောင်ရည်အပြင် ကံတရားကလည်းလိုအပ်ပါတယ်။ တခြားအသင်းမှာ ခြေစွမ်းပြကစားနေလို့ ကြေးကြီးပေးခေါ်ခဲ့ပြီး ကိုယ့်အသင်းရောက်မှ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ဖြစ်ရပ်တွေဟာလည်း ဒုနဲ့ဒေးပါပဲ။ ဒီနှစ်ဘောလုံးရာသီရဲ့ အကျိုးရှိစေတဲ့ ကစားသမားခေါ်ယူမှုတွေကို Goal.com အားကစားဝက်ဆိုက်ဘ် ကဖော်ပြခဲ့ပြီး ဒီအထဲမှာ နာမည်ကျော်ကစားသမားတွေ ဖြစ်ကြတဲ့ ယော်ဂျင်ဟို Jorginho ၊ ဟီဂွါအင် Higuain နဲ့ အယ်လ်ကာဆာ Alcacer တို့ပါဝင်ခဲ့ကြပါတယ်။

ယော်ဂျင်ဟို Jorginho

Jorginho

Jorginho

နာပိုလီကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ယော်ဂျင်ဟိုရဲ့ အပြောင်းအရွှေ့ဟာမှန်ကန်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပါတယ်။ ယော်ဂျင်ဟိုဟာ ချယ်လ်ဆီးအသင်းကွင်းလယ်မှာ ပုံမှန်တစ်နေရာကို အမိအရဆုပ်ကိုင် နိုင်ခဲ့သလို သူ့ရဲ့တည်ငြိမ်တဲ့ ကစားဟန်နဲ့ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုတွေကြောင့် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ဟာ အရင်ကထက်တည်ငြိမ်မှုပိုရှိလာခဲ့ပြီး တိုက်စစ်လမ်းကြောင်းစတင်ရာမှာလည်း အရင်ကထက်ပိုကောင်းလာခဲ့ပါတယ်။

အယ်လ်ကာဆာ Alcacer

Alcacer

Alcacer

ဘာစီလိုနာကနေ ဒေါ့မွန်ကို အငှားနဲ့ပြောင်းရွှေ့ခဲ့တဲ့ အယ်လ်ကာဆာရဲ့ အပြောင်းအရွှေ့ဟာလည်း အကျိုးရှိတဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ အယ်လ်ကာဆာဟာ လက်ရှိအချိန်ထိ ဒေါ့မွန်အသင်းအတွက် (၄)ပွဲမှာ (၇)ဂိုးသွင်းယူထားပါတယ်။

ဟီဂွါအင် Higuain

Higuain

Higuain

ဂျူဗင်တပ်စ်အသင်းရဲ့ ပစ်ပယ်ခံ တိုက်စစ်မှုး ဟီဂွါအင်ဟာလည်း အေစီမီလန်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေပြနေပါတယ်။ ဟီဂွါအင်ကြောင့် အေစီမီလန်အသင်းဟာ အရင်ကထက်ပိုကောင်းလာတယ်လို့တောင်ပြောလို့ရပါတယ်။ ဟီဂွါအင်ဟာ လက်ရှိအချိန်ထိ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ(၇)ပွဲမှာ (၆)ဂိုးသွင်းယူထားပါတယ်။ ပရိသတ်တွေအတွက် ဒီနှစ်ဘောလုံးရာသီရဲ့ အကျိုးရှိစေတဲ့ ကစားသမားခေါ်ယူမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီနှစ်ဘောလုံးရာသီရဲ့ အကျိုးရှိစေတဲ့ ကစားသမားခေါ်ယူမှုများ

1. Alcacer ( Dortmund )
2. Bamba ( Lille )
3. Cancelo ( Juventus )
4. Higuain ( AC Milan )
5. Jorginho ( Chelsea )
6. Maddison ( Leicester )
7. Patricio ( Wolverhampton )
8. Piatek ( Genoa)
9. Plea ( Mönchengladbach )
10. Richarlison ( Everton)
11. Andre Silva ( Sevilla )
12. Vaclik ( Sevilla )
13. Witsel ( Dortmund )
14. Dilrosun ( Hertha BSC )
15. Mothiba ( Strasbourg )

Ref:Goal.com
Photo: Goal.com , Stadium Astro
Ko Kyue(Akhayar)
www.akhayar.com