This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပယ္နယ္တီအဆံုးအျဖတ္မွာ လက္စြမ္းျပႏိုင္ျခင္းရဲ႕ အဓိကလွ်ိဳ႕ဝွက္ခ်က္ကို ဖြင့္ဟလိုက္တဲ့ ပစ္ဖို႔ဒ္

ကိုလံဘီယာအသင္းကို ပယ္နယ္တီအဆံုးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အဂၤလန္အသင္းအတြက္ လက္စြမ္းျပခဲ့တဲ့ ဂိုးသမား ပစ္ဖို႔ဒ္ Pickford က သူ႔ရဲ႕ အဓိကလွ်ိဳ႕ဝွက္ခ်က္ကို ဖြင့္ဟလိုက္ပါတယ္။ ရံႈးထြက္အဆင့္မွာ အဂၤလန္အသင္းရဲ႕ ပယ္နယ္တီသူရဲေကာင္းျဖစ္ခဲ့တဲ့ ဂိုးသမား ပစ္ဖို႔ဒ္ Pickford အသံုးျပဳခဲ့တဲ့ ေရဘူးမွာ ကိုလံဘီယာအသင္းဘက္က ပယ္နယ္တီကန္သြင္းမယ့္ ကစားသမား (၅)ဦးစလံုးရဲ႕ ကန္သြင္းယူတက္ပံု အေသးစိတ္အခ်က္အလက္ေတြကို ေဖာ္ျပထားခဲ့တာျဖစ္ပါတယ္။ ကိုလံဘီယာ ကစားသမားေတြရဲ႕ ပယ္နယ္တီကန္သြင္းတက္ပံု အေသးစိတ္ေတြကို ေရးသားထားတဲ့ ေရဘူးေၾကာင့္ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်ႏိုင္ခဲ့တာျဖစ္ေၾကာင္း ပစ္ဖို႔ဒ္ Pickford က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Englands-goalkeeper-Jordan-Pickford-is-given-last-minute-advice-from-goalkeeping-coach-Martyn-Margetson

Englands-goalkeeper-Jordan-Pickford-is-given-last-minute-advice-from-goalkeeping-coach-Martyn-Margetson

ပယ္နယ္တီအဆံုးအျဖတ္မကန္ခင္ အဂၤလန္အသင္း ဂိုးနည္းျပ မာဂတ္ဒ္ဆန္ Margetson က လဲလွယ္ေပးခဲ့တဲ့ ေရဘူးကို ပစ္ဖို႔ဒ္ Pickford က ယူေဆာင္သြားခဲ့တာျဖစ္ပါတယ္။ ပစ္ဖို႔ဒ္ Pickford ရဲ႕ ေရဘူးမွာ ေရးထိုးထားတဲ့ ကိုလံဘီယာကစားသမားေတြရဲ႕ ပယ္နယ္တီကန္သြင္းတက္ပံုေတြကို ပြဲမကစားခင္ ေလ့လာခဲ့တဲ့ Video Analysis မွတ္တမ္းေတြကေန ေကာက္ႏႈတ္ထားခဲ့တာျဖစ္ပါတယ္။ ပယ္နယ္တီကန္သြင္းမယ့္ ဂိုးေပါက္ကို သြားေရာက္ရာမွာ ၿပိဳင္ဘက္ဂိုးသမား ေအာ့စ္ပင္နာ Ospina သတိမျပဳမိေအာင္ ပစ္ဖို႔ဒ္ Pickford က မ်က္ႏွာသုတ္ပဝါနဲ႔ ေရဘူးကို ပတ္ၿပီးယူေဆာင္ခဲ့တာျဖစ္ပါတယ္။ ပစ္ဖို႔ဒ္ Pickford အသံုးျပဳခဲ့တဲ့ နည္းလမ္းဟာ ဂရိတ္ၿဗိတိန္ အမ်ိဳးသမီးေဟာ္ကီအသင္းရဲ႕ အသံုးျပဳေနၾက နည္းလမ္းကို အသံုးျပဳခဲ့တာျဖစ္ပါတယ္။

Pickford-incredible-one-handed-stop-to-deny-Carlos-Bacca

Pickford-incredible-one-handed-stop-to-deny-Carlos-Bacca

အသက္ (၂၄)ႏွစ္သာရွိေသးတဲ့ ပစ္ဖို႔ဒ္ Pickford ဟာ ကိုလံဘီယာတိုက္စစ္မွဴး ကားလို႔စ္ဘတ္ကာ Carlos Bacca ရဲ႕ ပယ္နယ္တီကန္ခ်က္ကို လက္တစ္ဖက္တည္းနဲ႔ ကာကြယ္ႏိုင္ခဲ့တာျဖစ္ၿပီး အဂၤလန္အသင္းရဲ႕ ပယ္နယ္တီက်ိန္စာဆိုးကို လက္စြမ္းေကာင္းေတြနဲ႔ ေျခဖ်က္ခဲ့တာျဖစ္ပါတယ္။ ဘက္ကာ Bacca ရဲ႕ ပယ္နယ္တီကို ကာကြယ္ႏိုင္ခဲ့တဲ့ ပစ္ဖို႔ဒ္ Pickford ဟာ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ အဂၤလန္အသင္းအတြက္ ပယ္နယ္တီကန္သြင္းမႈကို ကာကြယ္ႏိုင္ခဲ့တဲ့ ဒုတိယေျမာက္ ဂိုးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

REF:The Sun
Photo:Evening Standard, Mirror, The Northern Echo
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပယ်နယ်တီအဆုံးအဖြတ်မှာ လက်စွမ်းပြနိုင်ခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်တဲ့ ပစ်ဖို့ဒ်

ကိုလံဘီယာအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ပစ်ဖို့ဒ် Pickford က သူ့ရဲ့ အဓိကလျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်ပါတယ်။ ရှုံးထွက်အဆင့်မှာ အင်္ဂလန်အသင်းရဲ့ ပယ်နယ်တီသူရဲကောင်းဖြစ်ခဲ့တဲ့ ဂိုးသမား ပစ်ဖို့ဒ် Pickford အသုံးပြုခဲ့တဲ့ ရေဘူးမှာ ကိုလံဘီယာအသင်းဘက်က ပယ်နယ်တီကန်သွင်းမယ့် ကစားသမား (၅)ဦးစလုံးရဲ့ ကန်သွင်းယူတက်ပုံ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာ ကစားသမားတွေရဲ့ ပယ်နယ်တီကန်သွင်းတက်ပုံ အသေးစိတ်တွေကို ရေးသားထားတဲ့ ရေဘူးကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တာဖြစ်ကြောင်း ပစ်ဖို့ဒ် Pickford က ပြောကြားခဲ့တာဖြစ်ပါတယ်။

Englands-goalkeeper-Jordan-Pickford-is-given-last-minute-advice-from-goalkeeping-coach-Martyn-Margetson

Englands-goalkeeper-Jordan-Pickford-is-given-last-minute-advice-from-goalkeeping-coach-Martyn-Margetson

ပယ်နယ်တီအဆုံးအဖြတ်မကန်ခင် အင်္ဂလန်အသင်း ဂိုးနည်းပြ မာဂတ်ဒ်ဆန် Margetson က လဲလှယ်ပေးခဲ့တဲ့ ရေဘူးကို ပစ်ဖို့ဒ် Pickford က ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ ပစ်ဖို့ဒ် Pickford ရဲ့ ရေဘူးမှာ ရေးထိုးထားတဲ့ ကိုလံဘီယာကစားသမားတွေရဲ့ ပယ်နယ်တီကန်သွင်းတက်ပုံတွေကို ပွဲမကစားခင် လေ့လာခဲ့တဲ့ Video Analysis မှတ်တမ်းတွေကနေ ကောက်နှုတ်ထားခဲ့တာဖြစ်ပါတယ်။ ပယ်နယ်တီကန်သွင်းမယ့် ဂိုးပေါက်ကို သွားရောက်ရာမှာ ပြိုင်ဘက်ဂိုးသမား အော့စ်ပင်နာ Ospina သတိမပြုမိအောင် ပစ်ဖို့ဒ် Pickford က မျက်နှာသုတ်ပဝါနဲ့ ရေဘူးကို ပတ်ပြီးယူဆောင်ခဲ့တာဖြစ်ပါတယ်။ ပစ်ဖို့ဒ် Pickford အသုံးပြုခဲ့တဲ့ နည်းလမ်းဟာ ဂရိတ်ဗြိတိန် အမျိုးသမီးဟော်ကီအသင်းရဲ့ အသုံးပြုနေကြ နည်းလမ်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

Pickford-incredible-one-handed-stop-to-deny-Carlos-Bacca

Pickford-incredible-one-handed-stop-to-deny-Carlos-Bacca

အသက် (၂၄)နှစ်သာရှိသေးတဲ့ ပစ်ဖို့ဒ် Pickford ဟာ ကိုလံဘီယာတိုက်စစ်မှူး ကားလို့စ်ဘတ်ကာ Carlos Bacca ရဲ့ ပယ်နယ်တီကန်ချက်ကို လက်တစ်ဖက်တည်းနဲ့ ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ ပယ်နယ်တီကျိန်စာဆိုးကို လက်စွမ်းကောင်းတွေနဲ့ ခြေဖျက်ခဲ့တာဖြစ်ပါတယ်။ ဘက်ကာ Bacca ရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ ပစ်ဖို့ဒ် Pickford ဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အင်္ဂလန်အသင်းအတွက် ပယ်နယ်တီကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့တဲ့ ဒုတိယမြောက် ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

REF:The Sun
Photo:Evening Standard, Mirror, The Northern Echo
Aung Kyaw Wai (Akhayar)
www.akhayar.com