[Zawgyi] 
Apple ကေတာ့ ၂၀၁၈ မကုန္ခင္မွာပဲ MacBook Air အသစ္နဲ႔ iPad Pro ေတြကို မိတ္ဆက္ေပးၿပီးသြားပါၿပီ။ Apple အေနနဲ႔ ထုတ္ကုန္သစ္မိတ္ဆက္တိုင္း Design ေျပာင္းလဲတဲ့အခါမွာ Apple ရဲ႕ Chief Design Officer ျဖစ္သူ Jony Ive က Video ေတြမွာ Design အေၾကာင္းကို ရွင္းျပေလ့ရွိပါတယ္။ ဒါေပမယ့္ ဒီတစ္ေခါက္မွေတာ့ အေျပာင္းအလဲေတြျဖစ္သြားပါၿပီ။

Jony Ive and Tim Cook

MacBook Air အသစ္နဲ႔ iPad Pro အသစ္ေတြကုိ မိတ္ဆက္ေပးထားတဲ့ Video ေတြကို YouTube မွာ တင္ေပးခဲ့ေပမယ့္ Design အတြက္ ရွင္းျပတဲ့အခါ Jony Ive ကုိ မေတြ႕ရပါဘူး။ MacBook Video မွာေတာ့ Apple ရဲ႕ Senior Product Manager ျဖစ္တဲ့ Laura Metz ကပဲ ရွင္းျပသြားတာျဖစ္ပါတယ္။

iPad Pro မိတ္ဆက္တဲ့ Video မွာလည္း Apple ရဲ႕ Worldwide Marketing Senior Vice President ျဖစ္တဲ့ Phil Schiller ကပဲ Design ပိုင္းအတြက္ အေသးစိတ္ ရွင္းျပေပးသြားခဲ့ပါတယ္။

အခုလို အေျပာင္းအလဲျဖစ္သြားတာ ဘာေၾကာင့္လဲဆိုတာကိုေတာ့ Apple က ရွင္းလင္းခ်က္ ထုတ္ျပန္ထားတာမ်ိဳးမရွိေသးပါဘူး။ အရင္ကေတာ့ ထုတ္ကုန္အသစ္ေတြ Design ေျပာင္းတိုင္း Jony Ive ကိုယ္တိုင္ပဲ အေသးစိတ္ ရွင္းျပေပးတာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ စက္တင္ဘာလထဲမွာ မိတ္ဆက္ေပးသြားခဲ့တဲ့ iPhone XS ၊ iPhone XS Max နဲ႔ iPhone XR ေတြအတြက္ေတာ့ Jony Ive ကပဲ ရွင္းျပေပးခဲ့ပါတယ္။ ဒါေပမယ့္ အခုတစ္ေခါက္မွာ ဘာေၾကာင့္ ေျပာင္းလဲသြားသလဲဆိုတာ စိတ္ဝင္စားဖို႔ေကာင္းပါတယ္။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Apple ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်တဲ့ Video တွေမှာ Jony Ive ပျောက်သွားပြီ

Apple ကတော့ ၂၀၁၈ မကုန်ခင်မှာပဲ MacBook Air အသစ်နဲ့ iPad Pro တွေကို မိတ်ဆက်ပေးပြီးသွားပါပြီ။ Apple အနေနဲ့ ထုတ်ကုန်သစ်မိတ်ဆက်တိုင်း Design ပြောင်းလဲတဲ့အခါမှာ Apple ရဲ့ Chief Design Officer ဖြစ်သူ Jony Ive က Video တွေမှာ Design အကြောင်းကို ရှင်းပြလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှတော့ အပြောင်းအလဲတွေဖြစ်သွားပါပြီ။

Jony Ive and Tim Cook

MacBook Air အသစ်နဲ့ iPad Pro အသစ်တွေကို မိတ်ဆက်ပေးထားတဲ့ Video တွေကို YouTube မှာ တင်ပေးခဲ့ပေမယ့် Design အတွက် ရှင်းပြတဲ့အခါ Jony Ive ကို မတွေ့ရပါဘူး။ MacBook Video မှာတော့ Apple ရဲ့ Senior Product Manager ဖြစ်တဲ့ Laura Metz ကပဲ ရှင်းပြသွားတာဖြစ်ပါတယ်။

iPad Pro မိတ်ဆက်တဲ့ Video မှာလည်း Apple ရဲ့ Worldwide Marketing Senior Vice President ဖြစ်တဲ့ Phil Schiller ကပဲ Design ပိုင်းအတွက် အသေးစိတ် ရှင်းပြပေးသွားခဲ့ပါတယ်။

အခုလို အပြောင်းအလဲဖြစ်သွားတာ ဘာကြောင့်လဲဆိုတာကိုတော့ Apple က ရှင်းလင်းချက် ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။ အရင်ကတော့ ထုတ်ကုန်အသစ်တွေ Design ပြောင်းတိုင်း Jony Ive ကိုယ်တိုင်ပဲ အသေးစိတ် ရှင်းပြပေးတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလထဲမှာ မိတ်ဆက်ပေးသွားခဲ့တဲ့ iPhone XS ၊ iPhone XS Max နဲ့ iPhone XR တွေအတွက်တော့ Jony Ive ကပဲ ရှင်းပြပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်မှာ ဘာကြောင့် ပြောင်းလဲသွားသလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။