[Zawgyi]







ကျော်စိုးအောင် (အခရာ)

www.akhayar.com

[Unicode]

Smule မှာ သီချင်းဆိုရင်း Tuborg Music Festival မှာ အခမဲ့လက်မှတ်ရယူကြမယ်

လူတစ်ယောက်ရဲ့ဘဝမှာ လုပ်ငန်းခွင်မှာ ပင်ပင်ပန်းပန်းလုပ်ကိုင်ရတယ်၊ အိမ်ရောက်တော့လည်း လူမှုရေး၊ စီးပွားရေးတွေကို ထောင့်စေ့အောင် ကြံဆောင်ရတယ်။ သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုသလို လူ့ဘဝအချိန်လေးမှာတောင် စားဝတ်နေရေးကို ပူပန်ရတယ်၊ ရုံးဝန်ထမ်းတွေဆိုရင်လည်း မနက် (၉) နာရီကနေ ညနေ (၆) နာရီအထိကို ရုံးတက်ရပြန်တယ်။ လုပ်ငန်းဖိအား၊ မိသားစုအရေးနဲ့ အံဝင်ခွင်ကျဖြစ်အောင် လုပ်ရတာ မလွယ်လှပါဘူး။ တစ်ခါတလေမှာ ဖိအားတွေ အားလုံးကို ဖွင့်ထုတ်ပစ်ပြီး မြူးကြွတဲ့ ဂီတအောက်မှာ ကခုန်လိုက်ရင် သက်သာသွားမယ်လို့ တွေးမိဖူးမှာပါ။ ဒီတစ်ခေါက်ရုံးပိတ်ရက်မှာ ပေါ့ပေါ့ပါးပါး ကဲချင်တဲ့ ဘော်ဒါတွေအတွက် Tuborg Music Festival ပွဲကြီးကို မိတ်ဆက်ပေးချင်ပါတယ်။

အောက်တိုဘာလ ၂၇ရက်နေ့ (စနေနေ့) ညနေ (၅) နာရီမှာ Tuborg Music Festival ပွဲကြီးကို မန္တလေးမြို့ ရဲ့  Golden City Event Park မှာ ကျင်းပမှာပါ။ ဖျော်ဖြေမယ့် အနုပညာရှင်တွေကိုလည်း တစ်ချက်ကြည့်လိုက်ဦးနော်။ Turborg ရဲ့ Funbassador တွေဖြစ်တဲ့ အဆိုတော် Raymond (Idiots) နဲ့ Sophia ၊ Reason Band ၊ Wai La ၊ Ar-T နဲ့ Thar Dee Lu တို့ပဲနော်။ မြူးမြူးကြွကြွ ဂီတံသံတွေကို နားထောင်ရင်း ဘော်ဒါတွေနဲ့ ကခုန်လို့ရမှာပါ။ Sophia နဲ့ Ar-T တို့ သီဆိုနေတဲ့အချိန်မှာ ကကွက်အဆန်းတွေနဲ့ အသုံးတော်ခံဦးမှာပါ။ အလန်းဇယားစတိတ်ဒီဇိုင်းတွေနဲ့ နိုင်ငံတကာအဆင့်မီဖျော်ဖြေမှာဖြစ်ပါတယ်။ စိတ်ပင်ပန်းမှုတွေကို ပြေပျောက်ပြီး လူငယ်ဘဝရဲ့ လွတ်လပ်မှုကို အကောင်းဆုံးခံစားရမယ့် ဂီတပွဲတော်ကြီးဖြစ်ပါတယ်။

ဖိအားတွေ များနေတဲ့ လူ့လောကကြီးမှာ အိမ်တွင်းပုန်းမနေဘဲ လူငယ်ဆန်ဆန် ပျော်မြူးချင်ရင်တော့ Tuborg Music Festival ကို Join လို့ရပါတယ်။ ဒါနဲ့ Free Join လို့ရမယ့် အစီအစဉ်လေးကို ပြောပြမယ်နော်။ နိုင်ငံတကာဂီတပညာရှင်တွေဖြစ်တဲ့ Diplo နဲ့ MO တို့ ဖန်တီးသီဆိုထားတဲ့ Tuborg ရဲ့ Stay Open သီချင်းကို ဆရာဓိရာမိုရ်က မြန်မာသံစဉ်တွေနဲ့ ဖန်တီးပေးထားပါတယ်။ Stay Open သီချင်းဟာ ဘဝအတွေ့အကြုံတွေကို ဖန်တီးဖို့ အသစ်အသစ်သောအရာတွေကို လူတွေများများ ရှာဖွေကြဖို့ တွန်းအားပေးပါလိမ့်မယ်။ အကောင်းမြင်စိတ်ကို ကိုယ်နဲ့မကွာထားသင့်တယ်ဆိုတဲ့ ကိုယ်ပိုင်အတွေ့အကြုံအပေါ် အခြေခံပြီး အားလုံးကိုလည်း မျှဝေချင်လို့ ရေးဖွဲ့ထားတဲ့သဘောပါ။

Tuborg ရဲ့ Funbassador တွေဖြစ်တဲ့ အဆိုတော် Raymond နဲ့ Sophia တို့က Tuborg ရဲ့ Stay Open သီချင်းကို Smule မှာ သီဆိုပေးထားမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့်သူတွေက အတူ Join ပြီးသီဆိုပေးရမှာပါ။ ယှဉ်ပြိုင်မယ့်သူက မိန်းကလေးဆိုရင် Raymond နဲ့အတူ သီဆိုရမှာဖြစ်ပြီး ယောကျာ်းလေးဆိုရင် Sophia နဲ့အတူ သီဆိုပေးရမှာဖြစ်ပါတယ်။ Raymond နဲ့အတူ သီဆိုမယ့်မိန်းကလေးတွေက ဒီလင့်ခ်ကို နှိပ်ပြီးသီဆိုရမှာဖြစ်ပါတယ်။ Sophia နဲ့အတူ သီဆိုမယ့် ယောကျာ်းလေးတွေက ဒီလင့်ခ်ကို နှိပ်ပြီးသီဆိုရမှာဖြစ်ပါတယ်။ Smule မှာ သီဆိုပြီးရင်တော့ Save လုပ်ပြီး Facebook မှာ #TuborgMusicFestival #StayOpen ဆိုတဲ့ Hashtag နဲ့ Public Share လုပ်ရမှာပါ။

Share ထားတဲ့ပို့စ်တွေထဲက Raymond နဲ့ သီဆိုသူ အယောက် (၂၀) ၊ Sophia နှင့် သီဆိုသူ အယောက် (၂၀) စုစုပေါင်း အကောင်းဆုံးသီဆိုနိုင်သူ အယောက် (၄၀) ကို Raymond နဲ့ Sophia တို့က ရွေးချယ်ပေးမှာဖြစ်ပါတယ်။ ရွေးချယ်ခံရသူအယောက် (၄၀) ကို Tuborg Music Festival ပွဲလက်မှတ်နဲ့အတူ ပွဲချိန်အတွင်းမှာ Raymond နဲ့ Sophia တို့နဲ့အတူ ဓာတ်ပုံတွဲရိုက်ခွင့်ကိုလည်း ရရှိမှာဖြစ်ပါတယ်။ ကဲ . . . ဒါဆို Tuborg Music Festival ပွဲကြီးကို လက်မလွှတ်ရအောင် Smule မှာ အခုပဲ သီဆိုလိုက်ရအောင်နော်။ Tuborg Facebook Page မှာ ဆုလက်မှတ်ရရှိသူ အယောက် (၄ဝ) ကို အောက်တိုဘာလ (၂၄) ရက်မှာ ကြေညာသွားရုံမက Tuborg Theme Song နဲ့ နောက်ဆုံးရသတင်းတွေကို မျက်ခြေမပြတ်ဖော်ပြပေးမှာမို့ Tuborg Page ကို Like & See First လုပ်ထားဖို့ နှိုးဆော်ပါရစေ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com