[Zawgyi]



ဗြိတိန်ရဲ့ ကိုးရိုးကားရားအနိုင်ဆုံး Superspy တစ်ယောက်ဖြစ်တဲ့ Johnny English ဟာ အနားယူနေရာကနေ တိုင်းပြည်ကို Cyber –Attack နဲ့ တိုက်ခိုက်မှုတွေဖြစ်လာတဲ့အတွက် တကျော့ပြန်လာရပုံပါ။



ရိုးလူ (Akhayar)

www.akhayar.com

Ref : www.mashable.com
[Unicode]

“Johnny English Strikes Again ” ဇာတ်ကားရဲ့ Trailer ထွက်ပေါ်လာ

ကျွန်တော်တို့ အသည်းကျော်ကြီး Mr. Bean (Rowan Atkinson) ပါဝင်တဲ့ Johnny English ဇာတ်ကားတွေရဲ့ (၃) ကားမြောက်ဇာတ်ကားဖြစ်တဲ့ “Johnny English Strikes Again” ဇာတ်ကားရဲ့ Trailer ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထွက်ပေါ်လာခဲ့ပါပြီ။

ဗြိတိန်ရဲ့ ကိုးရိုုးကားရားအနိုင်ဆုံး Superspy တစ်ယောက်ဖြစ်တဲ့ Johnny English ဟာ အနားယူနေရာကနေ တိုင်းပြည်ကို Cyber –Attack နဲ့ တိုက်ခိုက်မှုတွေဖြစ်လာတဲ့အတွက် တကျော့ပြန်လာရပုံပါ။

ပထမဆုံး “Johnny English”ဇာတ်ကားဟာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့အတွက် အခုဆိုရင် (၁၅)နှစ်ရှိပြီ ဖြစ်ပြီး ဒုတိယကား “Johnny English Reborn” က ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့အတွက် အခုဆိုရင် (၇) နှစ် ရှိပြီဖြစ်ပါတယ်။

ဒါကြောင့် ငယ်ဘဝအမှတ်တရနဲ့ Rowan Atkinson ရဲ့ အလွဲလွဲအချော်ချော် အခွီတွေကို တမ်းတတဲ့သူတွေအဖို့ “Johnny English Strikes Again”ဟာ စောင့်ကြည့်ရမယ့် ဇာတ်ကားဖြစ်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့မှာ ပြသမှာ ဖြစ်တဲ့အတွက် နေ့စွဲလေးကို အခုပဲ မှတ်ထားလိုက်ပါတော့။

ရိုးလူ (Akhayar)

www.akhayar.com

Ref : www.mashable.com