[Zawgyi]









Yoe Lu (Akhayar)

www.akhayar.com

[Unicode]

Pirates of the Caribbean Film Reboot မှာ ပြန်လည်ပါဝင်လာဖွယ်မရှိတော့တဲ့ Johnny Depp

Disney Studios ဟာ Pirates of the Caribbean ဇာတ်ကားတွဲကြီးကို Reboot ပြန်လုပ်ဖို့ စီစဉ်နေပြီး Reboot Film မှာတော့ Johnny Depp ကြီးကို ချန်ထားခဲ့ဖွယ်ရှိနေပါတယ်။ Disney ဟာ အစောပိုင်းသိရတဲ့ သတင်းတွေအရ Deadpool နဲ့ Zombieland ရဲ့ Screenwriters တွေ ဖြစ်တဲ့ Rhett Reese နဲ့ Paul Wernick တို့နဲ့ Reboot အတွက် စကားပြောနေတယ်လို့ သိရပါတယ်။

Johnny Depp ပြန်လည်ပါဝင်လာဖွယ်မရှိဘူးလို့ သတင်းတွေ ထွက်နေတဲ့အတွက် အရှိန်အဝါကြီးတဲ့ Jack Sparrow ဇာတ်ကောင်ကို တခြားမင်းသားနဲ့ ရိုက်မလား၊ ဒါမှမဟုတ် Same Universe မှာပဲ Spin-off အနေနဲ့ သွားမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Johnny Depp ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း Pirates Movies ဇာတ်ကား (၅) ကားမှာ ခေါင်းဆောင်ဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ Jack Sparrow ဇာတ်ကောင်ကို နောက်ဆုံးမြင်ခဲ့ရတာတော့ Dead Men Tell No Tales (2017) ဇာတ်ကားမှာဖြစ်ကာ ထွက်ပြီးခဲ့သမျှ Pirates of the Caribbean ဇာတ်ကားတွေထဲမှ အဲဒီဇာတ်ကားက ဝင်ငွေအနည်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ Johnny Depp ဟာ ငွေရေးကြေးရေးဆိုင်ရာ ပြဿာနာတွေလည်း ရှိနေပြီး ဇနီးဟောင်း Amber Heard ကို အနိုင်အထက်ပြုကျင့်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့လည်း ရင်ဆိုင်နေရတုန်းပဲ ဖြစ်ပါတယ်။

Amber Heard and Johnny Depp

Amber Heard and Johnny Depp

ဇာတ်ကားတွဲတွေကို Reboot ပြန်လုပ်မှာမို့ Disney ဘက်က Johnny Depp ကို ချန်ထားခဲ့ဖွယ်ရှိနေပေမယ့် Jack Sparrow ဆိုရင် Johnny Depp ကိုပဲ ပြေးမြင်နေတဲ့ ကိုယ်တွေအတွက်တော့ အခက်တွေ့ပြီပေါ့ဗျာ။

Yoe Lu (Akhayar)

www.akhayar.com

Source : independent.co.uk, www.express.co.uk