[Zawgyi]






Johnny Depp


Yoe Lu (Akhayar)

www.akhayar.com

Ref : foxnews.com
[Unicode]

ဓာတ်ပုံအသစ်တွေထဲမှာ ပိန်လှီဖျော့တော့နေတဲ့ Johnny Depp

ပရိသတ်မြင်ကွင်းကနေ ပျောက်နေတာ နည်းနည်းကြာပြီဖြစ်တဲ့ Johnny Depp ဟာ သူ့ရဲ့ Rock Band နဲ့ အတူ ရုရှားကို ခရီးထွက်တုန်း ပရိသတ်တွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ တက်လာခဲ့ပါတယ်။

ဓာတ်ပုံတွေထဲမှာ Johnny ဟာ ဖြူဖျော့ပြီး ပိန်လှီနေတဲ့အတွက် သူ့ပရိသတ်တွေက သူ့ကျန်းမာရေးမကောင်းမှာကို စိုးရိမ်နေကြပါတယ်။ Johnny ဟာ သူ့ရဲ့ တက်တူးတွေ ပေါ်လွင်စေတဲ့ တီရှပ်အနက်ရောင်ဝတ်ထားပြီး ရင်ဘတ်မှာတော့ “Stay humble or be humbled” လို့ ရေးထားပါတယ်။ ဒါတင်မဟုတ်ဘဲ ဆွဲကြိုးတွေ အများကြီးဆွဲထားပြီး ဂျင်းဘောင်းဘီအပြဲကို ဝတ်ဆင်ထားပါတယ်။

Johnny ပရိသတ်တွေအတော်များများဟာ သူပါတဲ့ ပုံကို ပြန် Share ပြီး နေကောင်းကျန်းမာပါစေကြောင်းဆုတောင်းကြသလို တချို့ကလည်း သူဟာ ရုပ်ရှင်ကားသစ်အတွက် ပြင်ဆင်ထားတာ ဖြစ်ပြီး အခြေအနေကောင်းတယ်လို့ ထင်ကြပါတယ်။

Johnny ဟာ လက်ရှိအနေနဲ့တော့ သူ့ရဲ့ Band နဲ့အတူ Mamomoth World Tour အတွက် လှည့်လည်ဖျော်ဖြေနေပါတယ်။ ရုပ်ရှင်အနေနဲ့တော့ Harry Potter ဇာတ်ကားရဲ့ Spin-off ဖြစ်တဲ့ Fantastic Beast : The Crimes of Grindelwald မှာ Grindelwald ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ဖို့ ရှိနေပါတယ်။

Johnny Depp

Johnny ဟာ ၂၀၁၆ ခုနှစ်တုန်းကတော့ သူ့ရဲ့ ဇနီးဟောင်း Amber Heard ကို ရိုက်နှိက်မှုနဲ့ စွပ်စွဲခံခဲ့ရဖူးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာကြီး Johnny Depp တစ်ယောက် နေကောင်းကျန်းမာပြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေ ပြန်ရိုက်နိုင်ပါစေလို့ သူ့ပရိသတ်က ဆုတောင်းနေပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : foxnews.com