[Zawgyi]

Comic-Con ပြဲမွာ ေတြ႔မွာစိုးလို႔ ေရွာင္ရွားခဲ့ၾကတဲ Johnny Depp နဲ႔ ဇနီးေဟာင္း Amber Heard

Johnny Depp နဲ႔ သူ႔ရဲ႕ ဇနီးေဟာင္းျဖစ္တဲ့ Amber Heard တို႔ဟာ San Diego ျမိဳ႕မွာ က်င္းပျပဳလုပ္ေနတဲ့ Comic-Con ပြဲကို တနဂၤေႏြေန႔က တက္ေရာက္ခဲ့ရာမွာ တစ္ေယာက္နဲ႔ တစ္ေယာက္မေတြ႔ေအာင္ ေရွာင္လႊဲခဲ့ၾကတယ္လို႔ ဆုိပါတယ္။

Johnny Depp ရဲ႕ Gellert Grindelwald

Johnny Depp ရဲ႕ Gellert Grindelwald

Johnny Depp က Comic-Con ကို ‘Fantastic Beasts : The Crimes of Grindelwald’ ဇာတ္ကားအတြက္ ေရာက္ရွိခဲ့တာ ျဖစ္ျပီး Amber Heard ကေတာ့ ‘Aquaman’ ဇာတ္ကားအတြက္ ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္ကားအခမ္းအနား Panel ေတြဟာ တုိက္တုိက္ဆုိင္ဆိုင္ အခန္းတစ္ခန္းထဲမွာပဲ စီစဥ္ထားတာ ျဖစ္ျပီး အခ်ိန္ကလည္း တူတူျဖစ္ေနခဲ့ပါတယ္။

Johnny Depp ရဲ႕ Gellert Grindelwald

Johnny Depp ရဲ႕ Gellert Grindelwald

Johnny Depp ဟာ ဒီပြဲကို သူ႔ရဲ႕ ဇာတ္ေကာင္ Gellert Grindelwald ပုံစံအတုိင္းဝတ္စားလာခဲ့ျပီး ဆံပင္ကို ေငြမွင္ေရာင္ဆုိးထားခဲ့ပါတယ္။ အဲဒီပြဲကိုေတာ့ တြဲဘက္သရုပ္ေဆာင္ေတြျဖစ္တဲ့ Eddie Redmayne နဲ႔ Jude Law တုိ႔လည္း တက္ေရာက္ခဲ့ၾကပါတယ္။

Fantastic Beasts: The Crimes of Grindelwald

Fantastic Beasts: The Crimes of Grindelwald

ဒီလို တစ္ခ်ိန္တည္းတျပိဳင္တည္း လုပ္တဲ့ Panel ၂ခုမွာ Johnny Depp နဲ႔ သူ႔ဇနီးေဟာင္း Amber Heard တို႔ မေတြ႔ၾကဘူးဆိုတာ တမင္ကို ေရွာင္လႊဲဖို႔ လုပ္လာၾကတာ ျဖစ္မယ္လို႔ သတင္းေတြက ဆုိပါတယ္။

Amber Heard တစ္ေယာက္ 'Aquaman' ဇာတ္ကားအတြက္ ပြဲတက္လာပံု

Amber Heard တစ္ေယာက္ ‘Aquaman’ ဇာတ္ကားအတြက္ ပြဲတက္လာပံု

Johnny Depp နဲ႔ Amber Heard တို႔ဟာ လက္ထပ္ျပီး ၁၅ လအၾကာမွာ Amber Heard ဘက္က ကြာရွင္းျပတ္စဲဖို႔ ေမလ ၂၀၁၆ မွာ ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။ Amber ကို Johnny က ကိုယ္ထိလက္ေရာက္ေရာ၊ စကားေတြနဲ႔ပါ ရုိင္းရိုင္းစိုင္းစုိင္း ၾကမ္းၾကမ္းတမ္းတမ္းျပဳမူတယ္လို႔ စြဲခ်က္တင္ထားတာ ျဖစ္ျပီး Depp ဘက္ကေတာ့ သူ႔ကို စြပ္စြဲသမွ်ေတြအားလုံးဟာ လိမ္ဆင္ေတြ၊ ေကာလာဟလေတြနဲ႔ သတင္းအမွားေတြပါပဲလို႔ ပယ္ခ်ခဲ့ပါတယ္။

ခ်စ္တုန္းက ခ်စ္ခဲ့ၾကေပမယ့္ လမ္းခြဲတဲ့အခါ အသက္ေမြးဝမ္းေက်ာင္းနယ္ပယ္ခ်င္းတူေနေတာ့ အခုလို ေရွာင္ရတာလည္း တစ္ဒုကၡပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Source : foxnews.com

[Unicode]

Comic-Con ပွဲမှာ တွေ့မှာစိုးလို့ ရှောင်ရှားခဲ့ကြတဲ Johnny Depp နဲ့ ဇနီးဟောင်း Amber Heard

Johnny Depp နဲ့ သူ့ရဲ့ ဇနီးဟောင်းဖြစ်တဲ့ Amber Heard တို့ဟာ San Diego မြို့မှာ ကျင်းပပြုလုပ်နေတဲ့ Comic-Con ပွဲကို တနင်္ဂနွေနေ့က တက်ရောက်ခဲ့ရာမှာ တစ်ယောက်နဲ့ တစ်ယောက်မတွေ့အောင် ရှောင်လွှဲခဲ့ကြတယ်လို့ ဆိုပါတယ်။

Johnny Depp ရဲ့ Gellert Grindelwald

Johnny Depp ရဲ့ Gellert Grindelwald

Johnny Depp က Comic-Con ကို ‘Fantastic Beasts : The Crimes of Grindelwald’ ဇာတ်ကားအတွက် ရောက်ရှိခဲ့တာ ဖြစ်ပြီး Amber Heard ကတော့ ‘Aquaman’ ဇာတ်ကားအတွက် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်ကားအခမ်းအနား Panel တွေဟာ တိုက်တိုက်ဆိုင်ဆိုင် အခန်းတစ်ခန်းထဲမှာပဲ စီစဉ်ထားတာ ဖြစ်ပြီး အချိန်ကလည်း တူတူဖြစ်နေခဲ့ပါတယ်။

Johnny Depp ရဲ့ Gellert Grindelwald

Johnny Depp ရဲ့ Gellert Grindelwald

Johnny Depp ဟာ ဒီပွဲကို သူ့ရဲ့ ဇာတ်ကောင် Gellert Grindelwald ပုံစံအတိုင်းဝတ်စားလာခဲ့ပြီး ဆံပင်ကို ငွေမှင်ရောင်ဆိုးထားခဲ့ပါတယ်။ အဲဒီပွဲကိုတော့ တွဲဘက်သရုပ်ဆောင်တွေဖြစ်တဲ့ Eddie Redmayne နဲ့ Jude Law တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

Fantastic Beasts: The Crimes of Grindelwald

Fantastic Beasts: The Crimes of Grindelwald

ဒီလို တစ်ချိန်တည်းတပြိုင်တည်း လုပ်တဲ့ Panel ၂ခုမှာ Johnny Depp နဲ့ သူ့ဇနီးဟောင်း Amber Heard တို့ မတွေ့ကြဘူးဆိုတာ တမင်ကို ရှောင်လွှဲဖို့ လုပ်လာကြတာ ဖြစ်မယ်လို့ သတင်းတွေက ဆိုပါတယ်။

Amber Heard တစ်ယောက် 'Aquaman' ဇာတ်ကားအတွက် ပွဲတက်လာပုံ

Amber Heard တစ်ယောက် ‘Aquaman’ ဇာတ်ကားအတွက် ပွဲတက်လာပုံ

Johnny Depp နဲ့ Amber Heard တို့ဟာ လက်ထပ်ပြီး ၁၅ လအကြာမှာ Amber Heard ဘက်က ကွာရှင်းပြတ်စဲဖို့ မေလ ၂၀၁၆ မှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ Amber ကို Johnny က ကိုယ်ထိလက်ရောက်ရော၊ စကားတွေနဲ့ပါ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်းပြုမူတယ်လို့ စွဲချက်တင်ထားတာ ဖြစ်ပြီး Depp ဘက်ကတော့ သူ့ကို စွပ်စွဲသမျှတွေအားလုံးဟာ လိမ်ဆင်တွေ၊ ကောလာဟလတွေနဲ့ သတင်းအမှားတွေပါပဲလို့ ပယ်ချခဲ့ပါတယ်။

ချစ်တုန်းက ချစ်ခဲ့ကြပေမယ့် လမ်းခွဲတဲ့အခါ အသက်မွေးဝမ်းကျောင်းနယ်ပယ်ချင်းတူနေတော့ အခုလို ရှောင်ရတာလည်း တစ်ဒုက္ခပါပဲ။

Yoe Lu (Akhayar)

www.akhayar.com

Source : foxnews.com