[Zawgyi]

ကီပါ Kepa ကို ေခၚယူခဲ့တဲ့အေပၚ ခ်ယ္လ္ဆီးအသင္းကို ေနာက္ေျပာင္ခဲ့တဲ့ တယ္ရီ Terry

ခ်ယ္လ္ဆီးအသင္းက ဘီလ္ဘာအိုအသင္းရဲ႕ စပိန္ဂိုးသမား ကီပါ Kepa ကို ေခၚယူခဲ့တဲ့အေပၚ အသင္းဂႏၳဝင္ေနာက္ခံလူ တယ္ရီ Terry က ေနာက္ေျပာင္ခဲ့ပါတယ္။ အသက္ (၂၃)ႏွစ္အရြယ္ ဂိုးသမား ကီပါ Kepa အတြက္ အသံုးျပဳခဲ့တဲ့ ေျပာင္းေရႊ႕ေၾကးက မ်ားျပားလြန္းတဲ့အတြက္ တယ္ရီ Terry က Instagram ကေန ပို႔စ္တစ္ခုတင္ၿပီး အသင္းေဟာင္းကို ေနာက္ေျပာင္ခဲ့တာပါ။ ရီးယဲလ္အသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ ဂိုးသမား ေကာ္တိုအာ Courtois ရဲ႕ ေနရာမွာ အစားထိုးဖို႔ ခ်ယ္လ္ဆီးအသင္းက စပိန္လက္ေရြးစင္ဂိုးသမား ကီပါ Kepa ကို ေခၚယူခဲ့တာျဖစ္ၿပီး သူ႔အတြက္ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ (၇၁.၆)သန္းအထိ အသံုးျပဳခဲ့ရပါတယ္။ ကီပါ Kepa ကို ေခၚယူခဲ့ၿပီး နာရီပိုင္းအၾကာမွာပဲ တယ္ရီ Terry က ဂိုးသမားအျဖစ္ ေခတၱပါဝင္ကစားေပးခဲ့ရတဲ့ ပြဲစဥ္မွာ ရိုက္ကူးထားတဲ့ သူ႔ရဲ႕ ပံုကို Instagram မွာတင္ၿပီး အသင္းေဟာင္းကို ေနာက္ေျပာင္ခဲ့တာပါ။

John-Terry-posted-on-his-Instagram-page-saying-he-was-ready-to-help-out-as-keeper

John-Terry-posted-on-his-Instagram-page-saying-he-was-ready-to-help-out-as-keeper

တယ္ရီ Terry က သူ႔ရဲ႕ ပံုမွာ “သူ႔ကို ဆက္သြယ္ရမယ့္အစား တစ္စံုတစ္ေယာက္အတြက္ ေပါင္ (၇၁)သန္းေက်ာ္ အသံုးျပဳခဲ့တယ္ “လို႔ ဟာသဆန္ဆန္ ေရးသားၿပီး အသင္းေဟာင္းကို ေနာက္ေျပာင္ခဲ့တာျဖစ္ပါတယ္။ (၂၀၀၆)ခုႏွစ္က ရက္ဒင္းအသင္းကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းရဲ႕ ဂိုးသမားေတြျဖစ္တဲ့ ပီတာခ်က္စ္ Peter Cech နဲ႔ ကူဒီစီနီ Cudicini တို႔ ဒဏ္ရာရရွိခဲ့ၿပီး လူစားလဲဖို႔ ျပည့္သြားခဲ့လို႔ တယ္ရီ Terry က ဂိုးသမားအျဖစ္ ဝင္ေရာက္ကစားခဲ့ရတာျဖစ္ပါတယ္။ အဲဒီပြဲစဥ္က အစားထိုး ဝင္ေရာက္ကစားခဲ့ရတဲ့ ပံုကို အသံုးျပဳၿပီး တယ္ရီ Terry က အသင္းေဟာင္းကို ေနာက္ေျပာင္ခဲ့ေပမယ့္ အသင္းကို ကူညီဖို႔ အၿမဲအသင့္ရွိေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။ တယ္ရီ Terry ဟာ ခ်ယ္လ္ဆီးအသင္းကို ေနာက္ေျပာင္ခဲ့ေပမယ့္ အသင္းေဟာင္းကို သံေယာဇဥ္မကုန္ေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ကီပါ Kepa ကို ခေါ်ယူခဲ့တဲ့အပေါ် ချယ်လ်ဆီးအသင်းကို နောက်ပြောင်ခဲ့တဲ့ တယ်ရီ Terry

ချယ်လ်ဆီးအသင်းက ဘီလ်ဘာအိုအသင်းရဲ့ စပိန်ဂိုးသမား ကီပါ Kepa ကို ခေါ်ယူခဲ့တဲ့အပေါ် အသင်းဂန္ထဝင်နောက်ခံလူ တယ်ရီ Terry က နောက်ပြောင်ခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် ဂိုးသမား ကီပါ Kepa အတွက် အသုံးပြုခဲ့တဲ့ ပြောင်းရွှေ့ကြေးက များပြားလွန်းတဲ့အတွက် တယ်ရီ Terry က Instagram ကနေ ပို့စ်တစ်ခုတင်ပြီး အသင်းဟောင်းကို နောက်ပြောင်ခဲ့တာပါ။ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂိုးသမား ကော်တိုအာ Courtois ရဲ့ နေရာမှာ အစားထိုးဖို့ ချယ်လ်ဆီးအသင်းက စပိန်လက်ရွေးစင်ဂိုးသမား ကီပါ Kepa ကို ခေါ်ယူခဲ့တာဖြစ်ပြီး သူ့အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၇၁.၆)သန်းအထိ အသုံးပြုခဲ့ရပါတယ်။ ကီပါ Kepa ကို ခေါ်ယူခဲ့ပြီး နာရီပိုင်းအကြာမှာပဲ တယ်ရီ Terry က ဂိုးသမားအဖြစ် ခေတ္တပါဝင်ကစားပေးခဲ့ရတဲ့ ပွဲစဉ်မှာ ရိုက်ကူးထားတဲ့ သူ့ရဲ့ ပုံကို Instagram မှာတင်ပြီး အသင်းဟောင်းကို နောက်ပြောင်ခဲ့တာပါ။

John-Terry-posted-on-his-Instagram-page-saying-he-was-ready-to-help-out-as-keeper

John-Terry-posted-on-his-Instagram-page-saying-he-was-ready-to-help-out-as-keeper

တယ်ရီ Terry က သူ့ရဲ့ ပုံမှာ “သူ့ကို ဆက်သွယ်ရမယ့်အစား တစ်စုံတစ်ယောက်အတွက် ပေါင် (၇၁)သန်းကျော် အသုံးပြုခဲ့တယ် “လို့ ဟာသဆန်ဆန် ရေးသားပြီး အသင်းဟောင်းကို နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ (၂၀၀၆)ခုနှစ်က ရက်ဒင်းအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမားတွေဖြစ်တဲ့ ပီတာချက်စ် Peter Cech နဲ့ ကူဒီစီနီ Cudicini တို့ ဒဏ်ရာရရှိခဲ့ပြီး လူစားလဲဖို့ ပြည့်သွားခဲ့လို့ တယ်ရီ Terry က ဂိုးသမားအဖြစ် ဝင်ရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ အဲဒီပွဲစဉ်က အစားထိုး ဝင်ရောက်ကစားခဲ့ရတဲ့ ပုံကို အသုံးပြုပြီး တယ်ရီ Terry က အသင်းဟောင်းကို နောက်ပြောင်ခဲ့ပေမယ့် အသင်းကို ကူညီဖို့ အမြဲအသင့်ရှိကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ တယ်ရီ Terry ဟာ ချယ်လ်ဆီးအသင်းကို နောက်ပြောင်ခဲ့ပေမယ့် အသင်းဟောင်းကို သံယောဇဉ်မကုန်သေးကြောင်း ပြောကြားခဲ့ပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com