[Zawgyi]

ကစားသမားဘ၀ကေန အနားယူခဲ႔တဲ႔ ခ်ယ္လ္ဆီး ဂႏၳ၀င္ တယ္ရီ Terry

ခ်ယ္လ္ဆီးအသင္းနဲ႔ အဂၤလန္အသင္းတို႔ရဲ႕ အသင္းေခါင္းေဆာင္ ေနာက္ခံလူေဟာင္း တယ္ရီ Terry ဟာ ကစားသမားဘ၀ကေန အနားယူခဲ႔ပါျပီ။ တယ္ရီဟာ ကစားသမားဘ၀ကို ခ်ယ္လ္ဆီး ၊ ေနာ္တင္ဟမ္ေဖာ္ရက္စ္ နဲ႔ ဗီလာအသင္းေတြမွာ ျဖတ္သန္းခဲ႔ျပီး အသက္(၃၇)ႏွစ္အရြယ္မွာ ကစားသမားဘ၀ကေန အနားယူခဲ႔တာပဲျဖစ္ပါတယ္။ တယ္ရီဟာ ျပီးခဲ႔တဲ႔လပိုင္းက ႐ုရွားကလပ္ စပါးတပ္ေမာ္စကိုအသင္းကို ေျပာင္းေရႊ႕ဖို႔နီးစပ္ခဲ႔ေပမယ္႔ ေနာက္ဆံုးအခ်ိန္မွာ သူ႔ရဲ႕ဆံုးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ခဲ႔တာျဖစ္ပါတယ္။

Terry

Terry

တယ္ရီဟာ ခ်ယ္လ္ဆီးအသင္းအတြက္ ပြဲေပါင္း(၇၁၇)ပြဲကစားခဲ႔ျပီး (၆၇)ဂိုးသြင္းယူခဲ႔ပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းမွာေတာ႔ တယ္ရီဟာ ၂၀၀၃ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္ထိကစားခဲ႔ျပီး ပြဲေပါင္း(၇၈)ပြဲကစားခဲ႔သလို (၆)ဂိုးသြင္းယူႏိုင္ခဲ႔ပါတယ္။ တယ္ရီဟာ သူကစားသမားဘ၀ကေန အနားယူေၾကာင္းကို Instagram ကေန ေၾကညာခဲ႔တာျဖစ္ပါတယ္။ တယ္ရီက ” မယံုႏိုင္စရာေကာင္းခဲ႔တဲ႔ ၂၃ ႏွစ္တာကစားသမားဘ၀ကို ျဖတ္သန္းအျပီးမွာေတာ႔ အခုအခ်ိန္ဟာ က်ြန္ေတာ္အတြက္ အနားယူဖို႔ အခ်ိန္ေကာင္းလို႔ ဆံုးျဖတ္ခဲ႔ပါတယ္ ” လို႔ေၾကညာခဲ႔ပါတယ္။

တယ္ရီ ရဲ႕ ခ်ယ္လ္ဆီးကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Premier League: 2004–05, 2005–06, 2009–10, 2014–15, 2016–17
FA Cup: 1999–2000,2006–07, 2008–09, 2009–10,2011–12
Football League Cup: 2004–05, 2006–07,2014–15
FA Community Shield: 2005, 2009
UEFA Champions League: 2011–12
UEFA Europa League: 2012–13

Ref: BBC Sport
Photo: MAX Sports News , A Stamford Bridge Too Far
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကစားသမားဘဝကနေ အနားယူခဲ့တဲ့ ချယ်လ်ဆီး ဂန္ထဝင် တယ်ရီ Terry

ချယ်လ်ဆီးအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ အသင်းခေါင်းဆောင် နောက်ခံလူဟောင်း တယ်ရီ Terry ဟာ ကစားသမားဘဝကနေ အနားယူခဲ့ပါပြီ။ တယ်ရီဟာ ကစားသမားဘဝကို ချယ်လ်ဆီး ၊ နော်တင်ဟမ်ဖော်ရက်စ် နဲ့ ဗီလာအသင်းတွေမှာ ဖြတ်သန်းခဲ့ပြီး အသက်(၃၇)နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တာပဲဖြစ်ပါတယ်။ တယ်ရီဟာ ပြီးခဲ့တဲ့လပိုင်းက ရုရှားကလပ် စပါးတပ်မော်စကိုအသင်းကို ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပေမယ့် နောက်ဆုံးအချိန်မှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

Terry

Terry

တယ်ရီဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း(၇၁၇)ပွဲကစားခဲ့ပြီး (၆၇)ဂိုးသွင်းယူခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့ တယ်ရီဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိကစားခဲ့ပြီး ပွဲပေါင်း(၇၈)ပွဲကစားခဲ့သလို (၆)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တယ်ရီဟာ သူကစားသမားဘဝကနေ အနားယူကြောင်းကို Instagram ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။ တယ်ရီက ” မယုံနိုင်စရာကောင်းခဲ့တဲ့ ၂၃ နှစ်တာကစားသမားဘဝကို ဖြတ်သန်းအပြီးမှာတော့ အခုအချိန်ဟာ ကျွန်တော်အတွက် အနားယူဖို့ အချိန်ကောင်းလို့ ဆုံးဖြတ်ခဲ့ပါတယ် ” လို့ကြေညာခဲ့ပါတယ်။

တယ်ရီ ရဲ့ ချယ်လ်ဆီးကစားသမားဘ၀ အောင်မြင်မှုများ

Premier League: 2004–05, 2005–06, 2009–10, 2014–15, 2016–17
FA Cup: 1999–2000,2006–07, 2008–09, 2009–10,2011–12
Football League Cup: 2004–05, 2006–07,2014–15
FA Community Shield: 2005, 2009
UEFA Champions League: 2011–12
UEFA Europa League: 2012–13

Ref: BBC Sport
Photo: MAX Sports News , A Stamford Bridge Too Far
Ko Kyue(Akhayar)
www.akhayar.com