[Zawgyi]

ရည္းစားေဟာင္း Demi Lovato ရဲ႕ သတင္းအေပၚ အားေပးစကားေျပာလိုက္တဲ့ Joe Jonas

Demi Lovato ေဆးလြန္ျပီး ေဆးရံုေရာက္သြားတယ္ဆုိတဲ့ သတင္းေတြ ၾကားတာနဲ႔ ရည္းစားေဟာင္းျဖစ္တဲ့ Joe Jonas ဟာ “Like all of you I am thinking of @DDLovato right now. She needs our prayers and support. We all know how strong you are Demi. #prayfordemi” ဆိုျပီး Twitter မွာ အားေပးစကားေျပာခဲ့ပါတယ္။

Demi Lovato နဲ႔ Joe Jonas

Demi Lovato နဲ႔ Joe Jonas

သူ႔ရဲ႕ ဒီလို Tweet လုပ္ျပီး တင္ထားတဲ့ စာသားဟာ ေဆးရံုမွာ Demi Lovato တစ္ေယာက္ သတိေမ့ေနတဲ့ အေျခအေနမွာ တင္ထားခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Demi ဟာ သတိျပန္လည္လာျပီး မိသားစုနဲ႔ အတူရွိေနပါတယ္။ ၾကားရတဲ့ သတင္းေတြအရေတာ့ Demi Lovato ဟာ ဟီးရိုးအင္းလို႔ ေခၚတဲ့ ဘိန္းျဖဴလြန္သြားတယ္လို႔ ဆိုၾကပါတယ္။

Demi Lovato

Demi Lovato

Demi Lovato တစ္ေယာက္ အရက္နဲ႔ ကိုကိန္းစတဲ့ အရာေတြကို ဘာဆိုဘာမွ မသံုးဘဲ ျဖတ္ထားတာ ၆ ႏွစ္ေလာက္ရွိပါျပီ။ ဒါေပမယ့္ သိပ္မၾကာခင္က ထြက္ရွိထားတဲ့ “Sober” ဆိုတဲ့ သီခ်င္းမွာေတာ့ သူဒီအရာေတြကို ျပန္သံုးေနျပီလို႔ ထုတ္ေဖာ္ထားပါတယ္။

Demi Lovato

Demi Lovato

အစ္ကုိေတာ္ Joe Jonas လိုပဲ ညီငယ္ Nick Jonas ကလည္း “Like all of you I am reeling at the news about Demi. All of us love her and need to pray for her to get well. She is a fighter. #prayfordemi” ဆိုျပီး Twitter မွာ တင္ခဲ့ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : hollywoodlife.com
[Unicode]

ရည်းစားဟောင်း Demi Lovato ရဲ့ သတင်းအပေါ် အားပေးစကားပြောလိုက်တဲ့ Joe Jonas

Demi Lovato ဆေးလွန်ပြီး ဆေးရုံရောက်သွားတယ်ဆိုတဲ့ သတင်းတွေ ကြားတာနဲ့ ရည်းစားဟောင်းဖြစ်တဲ့ Joe Jonas ဟာ “Like all of you I am thinking of @DDLovato right now. She needs our prayers and support. We all know how strong you are Demi. #prayfordemi” ဆိုပြီး Twitter မှာ အားပေးစကားပြောခဲ့ပါတယ်။

Demi Lovato နဲ့ Joe Jonas

Demi Lovato နဲ့ Joe Jonas

သူ့ရဲ့ ဒီလို Tweet လုပ်ပြီး တင်ထားတဲ့ စာသားဟာ ဆေးရုံမှာ Demi Lovato တစ်ယောက် သတိမေ့နေတဲ့ အခြေအနေမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Demi ဟာ သတိပြန်လည်လာပြီး မိသားစုနဲ့ အတူရှိနေပါတယ်။ ကြားရတဲ့ သတင်းတွေအရတော့ Demi Lovato ဟာ ဟီးရိုးအင်းလို့ ခေါ်တဲ့ ဘိန်းဖြူလွန်သွားတယ်လို့ ဆိုကြပါတယ်။

Demi Lovato

Demi Lovato

Demi Lovato တစ်ယောက် အရက်နဲ့ ကိုကိန်းစတဲ့ အရာတွေကို ဘာဆိုဘာမှ မသုံးဘဲ ဖြတ်ထားတာ ၆ နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် သိပ်မကြာခင်က ထွက်ရှိထားတဲ့ “Sober” ဆိုတဲ့ သီချင်းမှာတော့ သူဒီအရာတွေကို ပြန်သုံးနေပြီလို့ ထုတ်ဖော်ထားပါတယ်။

Demi Lovato

Demi Lovato

အစ်ကိုတော် Joe Jonas လိုပဲ ညီငယ် Nick Jonas ကလည်း “Like all of you I am reeling at the news about Demi. All of us love her and need to pray for her to get well. She is a fighter. #prayfordemi” ဆိုပြီး Twitter မှာ တင်ခဲ့ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : hollywoodlife.com