[Zawgyi]

ဘန္ေလအသင္းကို ေျပာင္းေရႊ ႔ခဲ႔တဲ႔ ဂ်ိဳးဟတ္ Joe Hart

မန္စီးတီးအသင္းဂိုးသမား ဂ်ိဳးဟတ္ Joe Hart ဟာ ဘန္ေလအသင္းကိုေျပာင္းေရႊ ႔ခဲ႔တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ဂ်ိဳးဟတ္ Joe Hart ကို ေခၚယူႏိုင္ဖို႔အတြက္ ဘန္ေလအသင္းဟာ ေျပာင္းေရႊ ႔ေၾကးအျဖစ္ ေပါင္(၄)သန္းအသံုးျပဳခဲ႔ပါတယ္။ ဂ်ိဳးဟတ္ Joe Hart လိုကစားသမားမ်ိဴးကို ေပါင္(၄)သန္းေလာက္နဲ႔ေခၚယူႏိုင္ခဲ႔တဲ႔ ဘန္ေလအသင္းရဲ႕ အေျပာင္းအေရႊ ႔လုပ္ေဆာင္ပံုကေတာ႔ အားရစရာပါပဲ။

Joe-Hart

Joe-Hart

ဂ်ိဳးဟတ္ Joe Hart ဟာ မန္္စီးတီးအသင္းရဲ႕ အဓိကဂိုးသမားအျဖစ္ ကာလရွည္ရပ္တည္ႏိုင္ခဲ႔သူပါ။ ဒါေပမဲ႔ မန္စီးတီးအသင္းကို နည္းျပဂြာဒီယိုလာ Guardiola ေရာက္ရိွလာခ်ိန္ကစျပီး အသင္းမွာ ပံုမွန္ေနရာေပ်ာက္ဆံုးခဲ႔ရပါတယ္။ ဒီလိုအေနအထားေတြေၾကာင္႔ ဂ်ိဳးဟတ္ Joe Hart ဟာ တိုရီႏို ၊ ၀က္စ္ဟမ္း အသင္းေတြမွာ အဌားနဲ႔သြားေရာက္ကစားခဲ႔ရပါတယ္။

ဂ်ိဳးဟတ္ Joe Hart ဟာ မန္စီးတီးအသင္းအတြက္ ပြဲေပါင္း(၃၄၈)ပြဲကစားခဲ႔ျပီး အသင္းနဲ႔အတူ ပရီးမီးယားလိဂ္နဲ႔လိဂ္ဖလား ခ်န္ပီယံဆုေတြကို (၂)ၾကိမ္စီ ၊ FA Cup ခ်န္ပီယံဆုကို (၁)ၾကိမ္ရရိွခဲ႔ပါတယ္။

အသက္(၃၁)ႏွစ္အရြယ္ရိွျပီျဖစ္သူ ဂ်ိဳးဟတ္ Joe Hart ဟာ ေနာက္ပိုင္းကာလေတြမွာ လက္စြမ္းပိုင္းက်ဆင္းမႈေတြ ရိွလာခဲ႔တာေၾကာင္႔ ဘန္ေလအသင္းမွာ သူ႔ရဲ႕ပံုမွန္လက္စြမ္းကိုျပန္ရမလားဆိုတာ စိတ္၀င္စားစရာပါ။ ဘန္ေလအသင္းမွာ အဂၤလန္ဂိုးသမားေတြျဖစ္တဲ႔ တြမ္ဟီလ္တန္Tom Heaton ၊ နစ္ပုတ္ Nick Pope တို႔ရိွေနျပီး အခု ဂ်ိဳးဟတ္ Joe Hart ပါေရာက္ရိွလာတာေၾကာင့္ အဂၤလန္ဂိုးသမားေတြ စုေ၀းေနတဲ႔ အသင္းလို႔ပဲဆိုရပါလိမ္႔မယ္။

REF: Daily Star
Photo: YouTube , Melody Travers
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘန်လေအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂျိုးဟတ် Joe Hart

မန်စီးတီးအသင်းဂိုးသမား ဂျိုးဟတ် Joe Hart ဟာ ဘန်လေအသင်းကိုပြောင်းရွှေ့ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဂျိုးဟတ် Joe Hart ကို ခေါ်ယူနိုင်ဖို့အတွက် ဘန်လေအသင်းဟာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၄)သန်းအသုံးပြုခဲ့ပါတယ်။ ဂျိုးဟတ် Joe Hart လိုကစားသမားမျိူးကို ပေါင်(၄)သန်းလောက်နဲ့ခေါ်ယူနိုင်ခဲ့တဲ့ ဘန်လေအသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်ပုံကတော့ အားရစရာပါပဲ။

Joe-Hart

Joe-Hart

ဂျိုးဟတ် Joe Hart ဟာ မန်စီးတီးအသင်းရဲ့ အဓိကဂိုးသမားအဖြစ် ကာလရှည်ရပ်တည်နိုင်ခဲ့သူပါ။ ဒါပေမဲ့ မန်စီးတီးအသင်းကို နည်းပြဂွာဒီယိုလာ Guardiola ရောက်ရှိလာချိန်ကစပြီး အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးခဲ့ရပါတယ်။ ဒီလိုအနေအထားတွေကြောင့် ဂျိုးဟတ် Joe Hart ဟာ တိုရီနို ၊ ဝက်စ်ဟမ်း အသင်းတွေမှာ အဌားနဲ့သွားရောက်ကစားခဲ့ရပါတယ်။

ဂျိုးဟတ် Joe Hart ဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း(၃၄၈)ပွဲကစားခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့လိဂ်ဖလား ချန်ပီယံဆုတွေကို (၂)ကြိမ်စီ ၊ FA Cup ချန်ပီယံဆုကို (၁)ကြိမ်ရရှိခဲ့ပါတယ်။

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဂျိုးဟတ် Joe Hart ဟာ နောက်ပိုင်းကာလတွေမှာ လက်စွမ်းပိုင်းကျဆင်းမှုတွေ ရှိလာခဲ့တာကြောင့် ဘန်လေအသင်းမှာ သူ့ရဲ့ပုံမှန်လက်စွမ်းကိုပြန်ရမလားဆိုတာ စိတ်ဝင်စားစရာပါ။ ဘန်လေအသင်းမှာ အင်္ဂလန်ဂိုးသမားတွေဖြစ်တဲ့ တွမ်ဟီလ်တန်Tom Heaton ၊ နစ်ပုတ် Nick Pope တို့ရှိနေပြီး အခု ဂျိုးဟတ် Joe Hart ပါရောက်ရှိလာတာကြောင့် အင်္ဂလန်ဂိုးသမားတွေ စုဝေးနေတဲ့ အသင်းလို့ပဲဆိုရပါလိမ့်မယ်။

REF: Daily Star
Photo: YouTube , Melody Travers
Ko Kyue(Akhayar)
www.akhayar.com