[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ အဂၤလန္အသင္းလူစာရင္းမွာ ၀ဲလ္႐ႈိင္းယား Wilshere နဲ႔ ဂ်ိဳးဟတ္ Joe Hart ခ်န္လွပ္ခံရ

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ Southgate ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ အၿပီးသတ္ က စားသမား(၂၃)ဦးစာရင္းကုိ အခု ဗုဒၶဟူးေန႔မွာ ထုတ္ျပန္ေၾကညာေတာ့မွာျဖစ္ၿပီး အာဆင္နယ္ကြင္းလယ္လူ ၀ဲလ္႐ႈိင္းယား Wilshere နဲ႔ မန္စီးတီးဂုိးသမား ဂ်ိဳးဟတ္ Joe Hart တို႔ ေသခ်ာေပါက္ ခ်န္လွပ္ခံရမွာျဖစ္ပါတယ္။ အသက္(၃၁)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဂ်ိဳးဟတ္ဟာ ၂၀၁၇-၁၈ ရာသီက မန္စီးတီးအသင္းကေန ၀က္စ္ဟမ္း အသင္းကုိ အငွားနဲ႔ သြားေရာက္ကစားခဲ့ၿပီး စိတ္ပ်က္စရာရလဒ္ေတြနဲ႔ ႀကံဳေတြ႕ခဲ့ရသလုိ ပရီးမီးယားလိဂ္ (၁၉)ပဲြမွာ (၃၀)ဂုိးအထိေပးခဲ့ရတယ္။ ဂ်ိဳးဟတ္ဟာ ယူ႐ုိ-၂၀၁၂၊ ၂၀၁၄ ကမၻာ႔ဖလား၊ ယူ႐ုိ-၂၀၁၆ ၿပိဳင္ပဲြေတြမွာ အဂၤလန္အသင္းရဲ႕ အဓိက ဂုိးသမားအျဖစ္ ပါ၀င္ခဲ့ၿပီး ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြမွာလည္း ဦးစားေပး ဂုိးသမားတစ္ဦးျဖစ္ခဲ့သူပါ။

ဒါေပမဲ့ အဂၤလန္အသင္းကုိ ေဆာက္ဂိတ္ စတင္ကုိင္တြယ္ၿပီးေနာက္ပုိင္းမွာေတာ့ အဂၤလန္အသင္းရဲ႕ ပဲြစဥ္ (၅)ပဲြမွာ (၁)ပဲြသာ ပါ၀င္ကစားခြင့္ရခဲ့တယ္။ ေဆာက္ဂိတ္အေနနဲ႔ အဲဗာတန္ဂုိးသမား ပစ္ဖုိ႔ဒ္ Pickford နဲ႔ စတုတ္စီးတီးဂုိးသမား ဘတ္လန္း Butland တို႔ကုိ ေရြးခ်ယ္သြားဖုိ႔ရွိေနၿပီး လာမယ့္ကမၻာ႔ဖလားက်ရင္ နံပါတ္ (၁)ဂုိးသမားအျဖစ္ ပစ္ဖုိ႔ဒ္ကုိ အသုံးျပဳသြားဖုိ႔ရွိေနပါတယ္။ ဒါ့အျပင္ ေဆာက္ဂိတ္ဟာ အာဆင္နယ္ကြင္းလယ္လူ ၀ဲလ္႐ႈိင္းယားကုိလည္း အဂၤလန္အသင္းေနာက္ဆုံး (၂၃)ဦးစာရင္းမွာ ေရြးမွာ မဟုတ္ဘူးလုိ႔ အသိေပး ခဲ့ပါတယ္။ အသက္(၂၆)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ၀ဲလ္႐ိႈင္းယားဟာ ယူ႐ုိ-၂၀၁၆ ၿပိဳင္ပဲြမွာ အဂၤလန္အသင္း အတြက္ ေနာက္ဆုံးပါ၀င္ကစားခဲ့ၿပီး ဒဏ္ရာျပႆနာေတြေၾကာင့္ မၾကာခဏ အနားယူခဲ့ရေပမယ့္ ဒီရာသီမွာ ေတာ့ အာဆင္နယ္အသင္းနဲ႔အတူ ပုံမွန္ကစားခြင့္ရခဲ့သလုိ ေျခစြမ္းျပကစားႏုိင္တာေၾကာင့္ ေဆာက္ဂိတ္ရဲ႕ အၿပီးသတ္လူစာရင္းမွာ ေရြးခ်ယ္ခံရႏုိင္တယ္လုိ႔ သတင္းေတြ ထြက္ေပၚခဲ့တယ္။ ဒါေပမဲ့ ေဆာက္ဂိတ္ဟာ အၿပီးသတ္လူစာရင္းမွာ ေရြးခ်ယ္မွာ မဟုတ္ဘူးဆုိတာကုိ ၿပီးခဲ့တဲ့ အဂၤါေန႔က ၀ဲလ္႐ႈိင္းယားဆီ ဖုန္းဆက္ၿပီး အသိေပးခဲ့ပါေသးတယ္။

ေဆာက္ဂိတ္ဟာ မန္စီးတီးကစားသမား ေဖဘီယန္ဒဲ့လ္ဖ္ Fabian Delph၊ ဘန္ေလေနာက္ခံလူ တာေကာစကီး Tarkowski၊ ဖီးလ္ဂ်ံဳးစ္ Phil Jones၊ ဂၽြန္စတုန္းစ္ John Stones နဲ႔ မက္ဂြိဳင္းေယး Maguire တို႔ကုိ ေရြးခ်ယ္သြားဖုိ႔ရွိတယ္လုိ႔ ၿဗိတိန္မီဒီယာေတြက ခန္႔မွန္းေဖာ္ျပေနပါၿပီ။

REF:BBC,The Guardian
Photo:The Guardian
Naing Linn(Akhayar)
www.akhayar.com

 

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ဝဲလ်ရှိုင်းယား Wilshere နဲ့ ဂျိုးဟတ် Joe Hart ချန်လှပ်ခံရ

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ် Southgate ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် က စားသမား(၂၃)ဦးစာရင်းကို အခု ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာတော့မှာဖြစ်ပြီး အာဆင်နယ်ကွင်းလယ်လူ ဝဲလ်ရှိုင်းယား Wilshere နဲ့ မန်စီးတီးဂိုးသမား ဂျိုးဟတ် Joe Hart တို့ သေချာပေါက် ချန်လှပ်ခံရမှာဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုးဟတ်ဟာ ၂၀၁၇-၁၈ ရာသီက မန်စီးတီးအသင်းကနေ ဝက်စ်ဟမ်း အသင်းကို အငှားနဲ့ သွားရောက်ကစားခဲ့ပြီး စိတ်ပျက်စရာရလဒ်တွေနဲ့ ကြုံတွေ့ခဲ့ရသလို ပရီးမီးယားလိဂ် (၁၉)ပွဲမှာ (၃၀)ဂိုးအထိပေးခဲ့ရတယ်။ ဂျိုးဟတ်ဟာ ယူရို-၂၀၁၂၊ ၂၀၁၄ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၆ ပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း ဦးစားပေး ဂိုးသမားတစ်ဦးဖြစ်ခဲ့သူပါ။

ဒါပေမဲ့ အင်္ဂလန်အသင်းကို ဆောက်ဂိတ် စတင်ကိုင်တွယ်ပြီးနောက်ပိုင်းမှာတော့ အင်္ဂလန်အသင်းရဲ့ ပွဲစဉ် (၅)ပွဲမှာ (၁)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့တယ်။ ဆောက်ဂိတ်အနေနဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် Pickford နဲ့ စတုတ်စီးတီးဂိုးသမား ဘတ်လန်း Butland တို့ကို ရွေးချယ်သွားဖို့ရှိနေပြီး လာမယ့်ကမ္ဘာ့ဖလားကျရင် နံပါတ် (၁)ဂိုးသမားအဖြစ် ပစ်ဖို့ဒ်ကို အသုံးပြုသွားဖို့ရှိနေပါတယ်။ ဒါ့အပြင် ဆောက်ဂိတ်ဟာ အာဆင်နယ်ကွင်းလယ်လူ ဝဲလ်ရှိုင်းယားကိုလည်း အင်္ဂလန်အသင်းနောက်ဆုံး (၂၃)ဦးစာရင်းမှာ ရွေးမှာ မဟုတ်ဘူးလို့ အသိပေး ခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝဲလ်ရှိုင်းယားဟာ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း အတွက် နောက်ဆုံးပါဝင်ကစားခဲ့ပြီး ဒဏ်ရာပြဿနာတွေကြောင့် မကြာခဏ အနားယူခဲ့ရပေမယ့် ဒီရာသီမှာ တော့ အာဆင်နယ်အသင်းနဲ့အတူ ပုံမှန်ကစားခွင့်ရခဲ့သလို ခြေစွမ်းပြကစားနိုင်တာကြောင့် ဆောက်ဂိတ်ရဲ့ အပြီးသတ်လူစာရင်းမှာ ရွေးချယ်ခံရနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တယ်။ ဒါပေမဲ့ ဆောက်ဂိတ်ဟာ အပြီးသတ်လူစာရင်းမှာ ရွေးချယ်မှာ မဟုတ်ဘူးဆိုတာကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဝဲလ်ရှိုင်းယားဆီ ဖုန်းဆက်ပြီး အသိပေးခဲ့ပါသေးတယ်။

ဆောက်ဂိတ်ဟာ မန်စီးတီးကစားသမား ဖေဘီယန်ဒဲ့လ်ဖ် Fabian Delph၊ ဘန်လေနောက်ခံလူ တာကောစကီး Tarkowski၊ ဖီးလ်ဂျုံးစ် Phil Jones၊ ဂျွန်စတုန်းစ် John Stones နဲ့ မက်ဂွိုင်းယေး Maguire တို့ကို ရွေးချယ်သွားဖို့ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ခန့်မှန်းဖော်ပြနေပါပြီ။

REF:BBC,The Guardian
Photo:The Guardian
Naing Linn(Akhayar)
www.akhayar.com