[Zawgyi]



Joe-Cole

Joe-Cole


Joe-Cole-England

Joe-Cole-England





West Ham United


Chelsea

FA Cup: 2006–07, 2009–10


Years              Team
2003–2010   Chelsea
2010–2013    Liverpool
2011–2012     Lille (loan)
2014–2016    Aston Villa
2016                Coventry City
2016–             Tampa Bay Rowdies

Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးရပ်ဝန်းကို စွန့်ခွာလိုက်ပြီဖြစ်တဲ့ အပြာရောင် ခြင်္သေ့တပ်သားဟောင်းတစ်ဦး

တစ်ချိန်က ပရိသတ်တွေအကြိုက် ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဂျိုကိုးလ် Joe Cole ဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီလို့ကြေညာခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းနဲ့ စတင်ထွန်းတောက်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုတွေမှာ အဓိကကျခဲ့တဲ့ ဂျိုကိုးလ် ဟာ အသက်(၃၇)နှစ်အရွယ်အရောက်မှာ ကစားသမားဘဝကနေ အနားယူခဲ့တာပါ။

Joe-Cole

Joe-Cole

တစ်ချိန်က အင်္ဂလန်ရဲ့ ထွန်းတောက်ကြယ်တစ်ပွင့်ဖြစ်ခဲ့တဲ့ ဂျိုကိုးလ် ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်တော့ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိကစားခဲ့ပြီး ပွဲပေါင်း(၅၆)ပွဲမှာ (၁၀)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကစားသမားဘဝရဲ့ နေဝင်ချိန်မှာတော့ ဂျိုကိုးလ်ဟာ တစ်နှစ်ကို ကလပ်အသင်းတစ်သင်းမှာကစားခဲ့ပြီး လက်ရှိမှာတော့ ဘောလုံးရပ်ဝန်းကို စွန့်ခွာခဲ့တာပဲဖြစ်ပါတယ်။

Joe-Cole-England

Joe-Cole-England

ဂျိုကိုးလ် က ” အိပ်မက်တွေအားလုံးက တကယ်ဖြစ်လာခဲ့ပါတယ်။ အနာဂတ်မှာလည်း ကစားသမားဘဝကလိုမျိုး အောင်မြင်မှုတွေရဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့အတူ ဆုဖလားတွေရရှိခဲ့တာဟာ ကျွန်တော်အတွက် ကောင်းမွန်တဲ့အရာတွေပါပဲ။ ဒီအမှတ်တရတွေဟာ ကျွန်တော်နဲ့အတူ ထာဝရရှိသွားမှာပါ ” လို့ပြောကြားခဲ့ပါတယ်။

Drogba-And-Joe-Cole-With-Premier-League-Trophy

Drogba-And-Joe-Cole-With-Premier-League-Trophy

ဂျိုကိုးလ် ရဲ့ ကစားသမားဘဝအောင်မြင်မှုများ

West Ham United

UEFA Intertoto Cup: 1999

Chelsea

Premier League: 2004–05, 2005–06, 2009–10
FA Cup: 2006–07, 2009–10
Football League Cup: 2004–05
FA Community Shield: 2005

ဂျိုကိုးလ် ကစားခဲ့တဲ့ ကလပ်အသင်းများ

Years              Team
1998–2003  West Ham United
2003–2010   Chelsea
2010–2013    Liverpool
2011–2012     Lille (loan)
2013–2014    West Ham United
2014–2016    Aston Villa
2015–2016    Coventry City (loan)
2016                 Coventry City
2016–             Tampa Bay Rowdies

Ref: BBC Sport
Photo: JOE.co.uk , Coventry Telegraph , FootballFanCast.com
Ko Kyue(Akhayar)
www.akhayar.com