[Zawgyi]

ေနာက္(၁၀) ႏွစ္မွာ ေပ်ာက္ကြယ္သြားနိုင္ေျခရွိတဲ့ အလုပ္အကိုင္မ်ား

ေက်ာင္းၿပီးလို႔ အလုပ္လုပ္ရေတာ့မယ္ဆိုရင္ လူငယ္အမ်ားစုက ကိုယ္ဝါသနာနဲ႔လည္းကိုက္ညီ ကိုယ္အက်င့္စရိုက္ေတြ ကိုယ္ပညာရပ္ေတြနဲ႔ ကိုက္ညီတဲ့ အလုပ္အကိုင္ေတြကို ရွာေဖြၿပီး လုပ္ၾကပါတယ္။ အဲလိုရွာေဖြၿပီး လုပ္တဲ့အခါမ်ိဳးမွာလည္း ကိုယ္ဘဝေရွ႕ေရး တိုးတက္ရာ တိုးတက္ေၾကာင္း ျဖစ္ေစမယ့္ အလုပ္မ်ိဳးျဖစ္ေအာင္ ေရြးခ်ယ္ဖို႔လည္း လိုပါတယ္။ ကိုယ္ေရြးခ်ယ္လိုက္တဲ့ အလုပ္မ်ိဳးက ေနာက္တစ္ခ်ိန္မွာ အေျခအေနမေကာင္းေတာ့တာမ်ိဳး ျဖစ္တဲ့အခါ ဘယ္အလုပ္ကို ေျပာင္းလို႔ေျပာင္းရမလည္းမသိ ေမ်ာက္သစ္ကိုင္းလြတ္သလိုမ်ိဳး ျဖစ္သြားနိုင္ပါတယ္။ အဲလိုမျဖစ္ေစဖို႔အတြက္ ေနာင္တစ္ခ်ိန္မွာ ေပ်ာက္ကြယ္သြားနိုင္ေျခရွိတဲ့ အလုပ္မ်ိဳးကို မေရြးခ်ယ္မိေစဖို႔ အေရးႀကီးပါတယ္။ လုပ္ငန္းခြင္နယ္ပယ္ထဲရွိ သူေဌးေတြရဲ့ ခန႔္မွန္းသုံးသပ္ခ်က္အရ ေနာက္ (၁၀) ႏွစ္အတြင္းမွာ ေမွးမွိန္ေပ်ာက္ကြယ္သြားနိုင္ဖို႔ အလားအလာမ်ားေနတဲ့ အလုပ္အကိုင္ေျခာက္မ်ိဳးကို မွားယြင္းေရြးခ်ယ္ မလုပ္ကိုင္မိေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

အလုပ္အကိုင္နဲ႔ ပတ္သက္တဲ့ ကၽြမ္းက်င္ပညာရွင္ေတြရဲ့ သုံးသပ္ေျပာၾကားခ်က္အရ နည္းပညာ၊ ယဥ္ေက်းမႈနဲ႔ဆိုင္တဲ့ အလုပ္အကိုင္ေတြက Careers အသစ္ေတြျဖစ္လာနိုင္ၿပီး အျခား Career ေတြကေတာ့ တျဖည္းျဖည္းနဲ႔ ေပ်ာက္ကြယ္သြားနိုင္ပါတယ္။

(၁) Cashier

အခုေနာက္ပိုင္း ေငြေပးေခ်မႈစနစ္ေတြမွာ နည္းပညာေတြ တိုးတက္လာတာနဲ႔အမၽွ Self-Service စနစ္ေတြနဲ႔ ေငြေပးေခ်လာၾကပါၿပီ။ အလိုအေလ်ာက္စနစ္ေတြနဲ႔ ေငြေပးေခ်မႈေတြ ျပဳလုပ္လာၾကတဲ့အတြက္ Cashier အလုပ္ေတြဟာ တျဖည္းျဖည္းနဲ႔ ေမွးမွိန္ေပ်ာက္ကြယ္လာပါၿပီ။ ေခတ္မီတိုးတက္လာတာနဲ႔အမၽွ ဆိုင္ေတြမွာ နည္းပညာေတြကို တြင္တြင္က်ယ္က်ယ္ အသုံးျပဳလာၾကတဲ့အတြက္ လူသားေတြအေနနဲ႔လည္း အခ်င္းခ်င္း အျပန္အလွန္ထိေတြ႕မႈေတြပါ ေလ်ာ့နည္းလာကာ အလုပ္အကိုင္ေတြပါ ပေပ်ာက္လာရျခင္း ျဖစ္ပါတယ္။

Cashier

Cashier

(၂) Telemarketer

လူေတြဟာ ဖုန္းကို တြင္က်ယ္စြာ အသုံးျပဳေနၾကတာမွန္ေပမယ့္လည္း ဖုန္းေခၚၿပီး ရွင္းျပကာ ေစ်းေရာင္းတာမ်ိဳးဆိုရင္ နားေထာင္ဖို႔ ၿငိဳျငင္တတ္ၾကပါတယ္။ ဖုန္းကိုအသုံးျပဳၿပီး ကုန္ပစၥည္းေတြအေၾကာင္း၊ ဝန္ေဆာင္မႈေတြအေၾကာင္း ရွင္းျပတာထက္စာရင္ ေမးလ္ကိုအသုံးျပဳၿပီး ဆက္သြယ္ရွင္းျပတာက ပိုအက်ိဳးသက္ေရာက္မႈမ်ားတာကို ေတြ႕ရပါတယ္။ ေခတ္ေဟာင္းနည္းလမ္းျဖစ္တဲ့ Telemarketing ကေတာ့ အခုခ်ိန္မွာ အတိတ္မွာ က်န္ခဲ့တဲ့ အရာတစ္ခုလို ျဖစ္လာပါၿပီ။ Email Marketing ဟာ အခုုခ်ိန္မွာ တျဖည္းျဖည္းနဲ႔ ေနရာရလာတဲ့အတြက္ Telemarketing ျပဳလုပ္ေနသူေတြကိုေတာ့ တျဖည္းျဖည္းနဲ႔ ေတြ႕ျမင္ရေတာ့မွာ မဟုတ္ပါဘူး။

Telemarketer

Telemarketer

(၃) ခရီးသြားဝန္ေဆာင္မႈလုပ္ငန္း

အင္တာနက္ကိုတြင္က်ယ္စြာနဲ႔ ေကာင္းေကာင္းအသုံးခ်လာတဲ့အတြက္ ခရီးသြားတဲ့အခါမ်ိဳးမွာလည္း Travel Agent ေတြနဲ႔ ေစ်းသက္သာတဲ့ Website ေတြကို ႏွိုင္းယွဥ္ၾကည့္လာၾကၿပီး ေစ်းသက္သာတဲ့ေနရာမွာ ကိုယ္တိုင္ Booking ေတြတင္ကာ ကိုယ္ပိုင္ခရီးစဥ္ေတြ ေရးဆြဲလို႔ေနလာၾကပါၿပီ။ အဲလိုကိုယ္တိုင္ေရးဆြဲၿပီး ကိုယ္ပိုင္ခရီးစဥ္ေတြ ျပဳလုပ္ကာ သြားလာၾကတဲ့အတြက္ Travel Agent ေတြနဲ႔သြားလာတာ နည္းပါးလာၾကပါၿပီ။ အင္တာနက္က အစစအရာရာ ေခ်ာေမာလြယ္ကူေအာင္ ျပဳလုပ္ေပးနိုင္တဲ့အတြက္ လူေတြဟာ အင္တာနက္ကို ေကာင္းမြန္စြာအသုံးခ်ၿပီး ခရီးေတြသြားလာေနၾကပါၿပီ။ ဒါေၾကာင့္မို႔ ေနာက္ပိုင္းမွာ Travel Agent နဲ႔ဆိုင္တဲ့ အသက္ေမြးဝမ္းေၾကာင္းမႈ လုပ္ငန္းေတြလည္း ေပ်ာက္ကြယ္သြားနိုင္တယ္လို႔ အလုပ္အကိုင္ကၽြမ္းက်င္ ပညာရွင္ေတြကို သုံးသပ္ေနၾကပါတယ္။

(၄) Taxi Driver

လမ္းေၾကာင္းတူတဲ့ ခရီးသည္ေတြ Taxi တစ္စီးတည္းမွာ ေဝငွစီးနိုင္ေအာင္ ဖန္တီးေပးထားတဲ့ Application ေတြ ထြက္ေပၚလာတဲ့အတြက္ Taxi သမားေတြရဲ့ လုပ္ပိုင္ခြင့္ေတြက တျဖည္းျဖည္းနဲ႔ ေလ်ာ့နည္းလာပါတယ္။ GPS Technology ကိုအသုံးျပဳထားတဲ့ ဒီလို Application ေတြကို လူေတြ တြင္က်ယ္စြာ အသုံးျပဳလာတာနဲ႔အမၽွ Taxi သမားေတြရဲ့ အလုပ္အကိုင္အခြင့္အလမ္းေတြကလည္း စိုးရိမ္စရာ ျဖစ္လာပါၿပီ။ Taxi သမားေတြက ဒီ Trend ကို အမွီလိုက္နာပါမွ သူတို႔ရဲ့ စီးပြားေရးလုပ္ငန္းကို မပ်က္ယြင္းေအာင္ ထိန္းသိမ္းနိုင္မွာ ျဖစ္ပါတယ္။

Taxi Driver

Taxi Driver

(၅) စာအုပ္ထုတ္ေဝသူနဲ႔သတင္းစာတိုက္

စာအုပ္ထုတ္ေဝသူေတြ၊ သတင္းစာတိုက္ေတြ ေပ်ာက္ကြယ္လာေတာ့မယ္လို႔ ေျပာရင္ေတာ့ အံ့ၾသမယ္လိုေတာ့ မထင္ပါဘူး။ လူေတြဟာ ဒီဂ်စ္တယ္ေရစီးေၾကာင္းမွာ ေမ်ာပါလာၾကၿပီး ေဖ်ာ္ေျဖေရးသတင္းေတြနဲ႔ အမ်ိဳးမ်ိဳးေသာ သတင္းေတြကို အဆိုပါေရစီးေၾကာင္းကေနတစ္ဆင့္ ရယူလာၾကပါတယ္။ စာအုပ္ထုတ္ေဝတဲ့ ကုမၸဏီေတြကလည္း စာေပကိုခ်စ္ျမတ္နိုးတဲ့အတြက္ အခ်ိန္အေတာ္ၾကာေတာင့္ခံထားေသာ္လည္း စာေပေစ်းကြက္က ယိုင္နဲ႔ေနခဲ့တာ အေတာ္ၾကာပါၿပီ။ ဒီဂ်စ္တယ္မီဒီယာကုမၸဏီေတြ အမ်ားအျပား ထြက္ေပၚလာတာနဲ႔အမၽွ စာအုပ္ထုတ္ေဝသူနဲ႔ စာေပတိုက္ေတြကလည္း တျဖည္းျဖည္း တိမ္ျမဳပ္ေပ်ာက္ကြယ္လာၿပီး ေနာက္ပိုင္းမွာ ေတြ႕ျမင္ရဖို႔ေတာင္ ခက္ခဲလာေတာ့မွာပါ။

Publisher and Printers

Publisher and Printers

(၆) စာပို႔သမား

နည္းပညာေတြနဲ႔ Email ဆက္သြယ္ေရးေတြ တိုးတက္လာတာနဲ႔အမၽွ စာပို႔သမားေတြရဲ့ အလုပ္အကိုင္အခြင့္အလမ္းေတြဟာလည္း တျဖည္းျဖည္းနဲ႔ ေလ်ာ့ပါးလာတာကို ေတြ႕ရပါတယ္။ စာတိုက္ေတြရဲ့ေနရာကို ပုဂၢလိကကုမၸဏီေတြ ေနရာယူလာတာနဲ႔အမၽွ အစိုးရက စာပို႔သမားေတြရဲ့ အလုုပ္အကိုင္အခြင့္အလမ္းေတြကို ႀကီးထြားဖို႔နဲ႔ တိုးတက္ျမင့္မားလာေအာင္ လုပ္ေဆာင္ေပးဖို႔ လိုပါတယ္။

Postman

Postman

ဒီအေပၚက အလုပ္အကိုင္ေျခာက္မ်ဳုိးကို ေရြးခ်ယ္လုပ္ကိုင္ထားရင္ေတာ့ ေနာက္တစ္ခ်ိန္ အသက္ေမြးဝမ္းေက်ာင္းမႈမွာ အခက္အခဲေတြ ျဖစ္လာနိုင္ပါတယ္။ ဒါေၾကာင့္မို႔ မွန္ကန္ေကာင္းမြန္တဲ့ အလုပ္အကိုင္ကို ေရြးခ်ယ္နိုင္ၿပီး တိုးတက္ေကာင္းမြန္တဲ့ဘဝႀကီး ျဖစ္ေအာင္ ဖန္တီးနိုင္ပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

နောက်(၁၀) နှစ်မှာ ပျောက်ကွယ်သွားနိုင်ခြေရှိတဲ့ အလုပ်အကိုင်များ

ကျောင်းပြီးလို့ အလုပ်လုပ်ရတော့မယ်ဆိုရင် လူငယ်အများစုက ကိုယ်ဝါသနာနဲ့လည်းကိုက်ညီ ကိုယ်အကျင့်စရိုက်တွေ ကိုယ်ပညာရပ်တွေနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်တွေကို ရှာဖွေပြီး လုပ်ကြပါတယ်။ အဲလိုရှာဖွေပြီး လုပ်တဲ့အခါမျိုးမှာလည်း ကိုယ်ဘဝရှေ့ရေး တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်စေမယ့် အလုပ်မျိုးဖြစ်အောင် ရွေးချယ်ဖို့လည်း လိုပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အလုပ်မျိုးက နောက်တစ်ချိန်မှာ အခြေအနေမကောင်းတော့တာမျိုး ဖြစ်တဲ့အခါ ဘယ်အလုပ်ကို ပြောင်းလို့ပြောင်းရမလည်းမသိ မျောက်သစ်ကိုင်းလွတ်သလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ အဲလိုမဖြစ်စေဖို့အတွက် နောင်တစ်ချိန်မှာ ပျောက်ကွယ်သွားနိုင်ခြေရှိတဲ့ အလုပ်မျိုးကို မရွေးချယ်မိစေဖို့ အရေးကြီးပါတယ်။ လုပ်ငန်းခွင်နယ်ပယ်ထဲရှိ သူဌေးတွေရဲ့ ခန့်မှန်းသုံးသပ်ချက်အရ နောက် (၁၀) နှစ်အတွင်းမှာ မှေးမှိန်ပျောက်ကွယ်သွားနိုင်ဖို့ အလားအလာများနေတဲ့ အလုပ်အကိုင်ခြောက်မျိုးကို မှားယွင်းရွေးချယ် မလုပ်ကိုင်မိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ သုံးသပ်ပြောကြားချက်အရ နည်းပညာ၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အလုပ်အကိုင်တွေက Careers အသစ်တွေဖြစ်လာနိုင်ပြီး အခြား Career တွေကတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားနိုင်ပါတယ်။

(၁) Cashier

အခုနောက်ပိုင်း ငွေပေးချေမှုစနစ်တွေမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Self-Service စနစ်တွေနဲ့ ငွေပေးချေလာကြပါပြီ။ အလိုအလျောက်စနစ်တွေနဲ့ ငွေပေးချေမှုတွေ ပြုလုပ်လာကြတဲ့အတွက် Cashier အလုပ်တွေဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်လာပါပြီ။ ခေတ်မီတိုးတက်လာတာနဲ့အမျှ ဆိုင်တွေမှာ နည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့အတွက် လူသားတွေအနေနဲ့လည်း အချင်းချင်း အပြန်အလှန်ထိတွေ့မှုတွေပါ လျော့နည်းလာကာ အလုပ်အကိုင်တွေပါ ပပျောက်လာရခြင်း ဖြစ်ပါတယ်။

Cashier

Cashier

(၂) Telemarketer

လူတွေဟာ ဖုန်းကို တွင်ကျယ်စွာ အသုံးပြုနေကြတာမှန်ပေမယ့်လည်း ဖုန်းခေါ်ပြီး ရှင်းပြကာ ဈေးရောင်းတာမျိုးဆိုရင် နားထောင်ဖို့ ငြိုငြင်တတ်ကြပါတယ်။ ဖုန်းကိုအသုံးပြုပြီး ကုန်ပစ္စည်းတွေအကြောင်း၊ ဝန်ဆောင်မှုတွေအကြောင်း ရှင်းပြတာထက်စာရင် မေးလ်ကိုအသုံးပြုပြီး ဆက်သွယ်ရှင်းပြတာက ပိုအကျိုးသက်ရောက်မှုများတာကို တွေ့ရပါတယ်။ ခေတ်ဟောင်းနည်းလမ်းဖြစ်တဲ့ Telemarketing ကတော့ အခုချိန်မှာ အတိတ်မှာ ကျန်ခဲ့တဲ့ အရာတစ်ခုလို ဖြစ်လာပါပြီ။ Email Marketing ဟာ အခုချိန်မှာ တဖြည်းဖြည်းနဲ့ နေရာရလာတဲ့အတွက် Telemarketing ပြုလုပ်နေသူတွေကိုတော့ တဖြည်းဖြည်းနဲ့ တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

Telemarketer

Telemarketer

(၃) ခရီးသွားဝန်ဆောင်မှုလုပ်ငန်း

အင်တာနက်ကိုတွင်ကျယ်စွာနဲ့ ကောင်းကောင်းအသုံးချလာတဲ့အတွက် ခရီးသွားတဲ့အခါမျိုးမှာလည်း Travel Agent တွေနဲ့ ဈေးသက်သာတဲ့ Website တွေကို နှိုင်းယှဉ်ကြည့်လာကြပြီး ဈေးသက်သာတဲ့နေရာမှာ ကိုယ်တိုင် Booking တွေတင်ကာ ကိုယ်ပိုင်ခရီးစဉ်တွေ ရေးဆွဲလို့နေလာကြပါပြီ။ အဲလိုကိုယ်တိုင်ရေးဆွဲပြီး ကိုယ်ပိုင်ခရီးစဉ်တွေ ပြုလုပ်ကာ သွားလာကြတဲ့အတွက် Travel Agent တွေနဲ့သွားလာတာ နည်းပါးလာကြပါပြီ။ အင်တာနက်က အစစအရာရာ ချောမောလွယ်ကူအောင် ပြုလုပ်ပေးနိုင်တဲ့အတွက် လူတွေဟာ အင်တာနက်ကို ကောင်းမွန်စွာအသုံးချပြီး ခရီးတွေသွားလာနေကြပါပြီ။ ဒါကြောင့်မို့ နောက်ပိုင်းမှာ Travel Agent နဲ့ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းတွေလည်း ပျောက်ကွယ်သွားနိုင်တယ်လို့ အလုပ်အကိုင်ကျွမ်းကျင် ပညာရှင်တွေကို သုံးသပ်နေကြပါတယ်။

(၄) Taxi Driver

လမ်းကြောင်းတူတဲ့ ခရီးသည်တွေ Taxi တစ်စီးတည်းမှာ ဝေငှစီးနိုင်အောင် ဖန်တီးပေးထားတဲ့ Application တွေ ထွက်ပေါ်လာတဲ့အတွက် Taxi သမားတွေရဲ့ လုပ်ပိုင်ခွင့်တွေက တဖြည်းဖြည်းနဲ့ လျော့နည်းလာပါတယ်။ GPS Technology ကိုအသုံးပြုထားတဲ့ ဒီလို Application တွေကို လူတွေ တွင်ကျယ်စွာ အသုံးပြုလာတာနဲ့အမျှ Taxi သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း စိုးရိမ်စရာ ဖြစ်လာပါပြီ။ Taxi သမားတွေက ဒီ Trend ကို အမှီလိုက်နာပါမှ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို မပျက်ယွင်းအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

Taxi Driver

Taxi Driver

(၅) စာအုပ်ထုတ်ဝေသူနဲ့သတင်းစာတိုက်

စာအုပ်ထုတ်ဝေသူတွေ၊ သတင်းစာတိုက်တွေ ပျောက်ကွယ်လာတော့မယ်လို့ ပြောရင်တော့ အံ့သြမယ်လိုတော့ မထင်ပါဘူး။ လူတွေဟာ ဒီဂျစ်တယ်ရေစီးကြောင်းမှာ မျောပါလာကြပြီး ဖျော်ဖြေရေးသတင်းတွေနဲ့ အမျိုးမျိုးသော သတင်းတွေကို အဆိုပါရေစီးကြောင်းကနေတစ်ဆင့် ရယူလာကြပါတယ်။ စာအုပ်ထုတ်ဝေတဲ့ ကုမ္ပဏီတွေကလည်း စာပေကိုချစ်မြတ်နိုးတဲ့အတွက် အချိန်အတော်ကြာတောင့်ခံထားသော်လည်း စာပေဈေးကွက်က ယိုင်နဲ့နေခဲ့တာ အတော်ကြာပါပြီ။ ဒီဂျစ်တယ်မီဒီယာကုမ္ပဏီတွေ အများအပြား ထွက်ပေါ်လာတာနဲ့အမျှ စာအုပ်ထုတ်ဝေသူနဲ့ စာပေတိုက်တွေကလည်း တဖြည်းဖြည်း တိမ်မြုပ်ပျောက်ကွယ်လာပြီး နောက်ပိုင်းမှာ တွေ့မြင်ရဖို့တောင် ခက်ခဲလာတော့မှာပါ။

Publisher and Printers

Publisher and Printers

(၆) စာပို့သမား

နည်းပညာတွေနဲ့ Email ဆက်သွယ်ရေးတွေ တိုးတက်လာတာနဲ့အမျှ စာပို့သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာလည်း တဖြည်းဖြည်းနဲ့ လျော့ပါးလာတာကို တွေ့ရပါတယ်။ စာတိုက်တွေရဲ့နေရာကို ပုဂ္ဂလိကကုမ္ပဏီတွေ နေရာယူလာတာနဲ့အမျှ အစိုးရက စာပို့သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ကြီးထွားဖို့နဲ့ တိုးတက်မြင့်မားလာအောင် လုပ်ဆောင်ပေးဖို့ လိုပါတယ်။

Postman

Postman

ဒီအပေါ်က အလုပ်အကိုင်ခြောက်မျိုုးကို ရွေးချယ်လုပ်ကိုင်ထားရင်တော့ နောက်တစ်ချိန် အသက်မွေးဝမ်းကျောင်းမှုမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ မှန်ကန်ကောင်းမွန်တဲ့ အလုပ်အကိုင်ကို ရွေးချယ်နိုင်ပြီး တိုးတက်ကောင်းမွန်တဲ့ဘဝကြီး ဖြစ်အောင် ဖန်တီးနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com