This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဂ်ာမနီအသင္းနည္းျပအျဖစ္ ဆက္ရွိေနမယ့္ ဂ်ိဳအာခ်င္လုိး Joachim Low

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ လက္ရွိခ်န္ပီယံ ဂာ်မနီအသင္း စိတ္ပ်က္စရာရလဒ္ေတြနဲ႔ အုပ္စုအဆင့္က ထြက္ခဲ့ရေပမယ့္ နည္းျပဂ်ိဳအာခ်င္လုိး Joachim Low ဟာ သူ႔ရဲ႕ရာထူးမွ ဆက္ရွိေနမွာျဖစ္ပါတယ္။ ဂ်ာမနီအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားအုပ္စုအဆင့္မွာ (၃)မွတ္နဲ႔ ေနာက္ဆုံးေနရာသာရရွိခဲ့ၿပီး ၁၉၃၈ ခုႏွစ္ေနာက္ပုိင္း ပထမဆုံးအႀကိမ္အျဖစ္ ကမၻာ႔ဖလား ပထမအဆင့္ကပဲ လွည့္ျပန္ခဲ့ရတယ္။ ၂၀၀၆ ခုႏွစ္ကတည္းက ဂ်ာမနီအသင္းကုိ စတင္ကုိင္တြယ္ခဲ့တဲ့ ဂ်ိဳအာခ်င္လုိးဟာ ၂၀၁၄ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ဆြတ္ခူးေပးခဲ့သူျဖစ္ၿပီး အခုကမၻာ႔ဖလားမတိုင္ခင္ လပုိင္းအလုိကမွ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးခဲ့သူပါ။

Low-guided-Germany-to-the-World-Cup-title-in-Brazil-in-2014

Low-guided-Germany-to-the-World-Cup-title-in-Brazil-in-2014

ဂ်ာမနီအသင္း ကမၻာ႔ဖလားအုပ္စုကထြက္ခဲ့ရတဲ့အတြက္ ဂ်ိဳအာခ်င္လုိး ေ၀ဖန္မႈေတြ အမ်ားႀကီးနဲ႔ရင္ဆုိင္ေနရေပမယ့္ အခုအခ်ိန္မွာေတာ့ သူဟာ ဂ်ာမနီအသင္းနည္းျပေနရာမွာ ဆက္ရွိေနမွာျဖစ္ပါတယ္။ ဂ်ိဳအာခ်င္လုိးက “ဂ်ာမနီအသင္း အုပ္စုကထြက္ခဲ့ရတဲ့အတြက္ ေ၀ဖန္မႈေတြရွိေနေပမယ့္လည္း ကၽြန္ေတာ္ကေတာ့ လုံေလာက္တဲ့အားေပးမႈေတြ၊ ခြန္အားေတြ ရခဲ့တယ္လုိ႔ ယူဆပါတယ္။ ဒါေပမဲ့အခုအခ်ိန္မွာ အသင္းကုိ ျပန္လည္တည္ေဆာက္ဖုိ႔ ရာႏႈန္းျပည့္ အာ႐ုံစုိက္သြားမွာပါ။ အဲဒီအတြက္ အခ်ိန္တစ္ခုလုိအပ္ေပမယ့္ ႏုိင္ငံတကာၿပိဳင္ပဲြ ရာသီသစ္စတင္မယ့္ စက္တင္ဘာလမတိုင္ခင္ အရာအားလုံးအဆင္သင့္ရွိေနမွာျဖစ္ပါတယ္”လုိ႔ ဆုိခဲ့တယ္။

ဂ်ိဳအာခ်င္လုိးလက္ထက္ ဂ်ာမနီအသင္းရဲ႕မွတ္တမ္းမ်ား

ယူ႐ုိ-၂၀၀၈ (ဒုတိယ)
၂၀၁၀ ကမၻာ႔ဖလား (တတိယ)
ယူ႐ုိ-၂၀၁၂ (ဆီမီးဖုိင္နယ္)
၂၀၁၄ ကမၻာ႔ဖလား(ခ်န္ပီယံ)
ယူ႐ုိ-၂၀၁၆ (ဆီမီးဖုိင္နယ္)
၂၀၁၈ ကမၻာ႔ဖလား (အုပ္စု)

REF:BBC
Photo:OrissaPOST,Los Angeles Times
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဂျာမနီအသင်းနည်းပြအဖြစ် ဆက်ရှိနေမယ့် ဂျိုအာချင်လိုး Joachim Low

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဂာျမနီအသင်း စိတ်ပျက်စရာရလဒ်တွေနဲ့ အုပ်စုအဆင့်က ထွက်ခဲ့ရပေမယ့် နည်းပြဂျိုအာချင်လိုး Joachim Low ဟာ သူ့ရဲ့ရာထူးမှ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ (၃)မှတ်နဲ့ နောက်ဆုံးနေရာသာရရှိခဲ့ပြီး ၁၉၃၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ပထမအဆင့်ကပဲ လှည့်ပြန်ခဲ့ရတယ်။ ၂၀၀၆ ခုနှစ်ကတည်းက ဂျာမနီအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဂျိုအာချင်လိုးဟာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့သူဖြစ်ပြီး အခုကမ္ဘာ့ဖလားမတိုင်ခင် လပိုင်းအလိုကမှ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သူပါ။

Low-guided-Germany-to-the-World-Cup-title-in-Brazil-in-2014

Low-guided-Germany-to-the-World-Cup-title-in-Brazil-in-2014

ဂျာမနီအသင်း ကမ္ဘာ့ဖလားအုပ်စုကထွက်ခဲ့ရတဲ့အတွက် ဂျိုအာချင်လိုး ဝေဖန်မှုတွေ အများကြီးနဲ့ရင်ဆိုင်နေရပေမယ့် အခုအချိန်မှာတော့ သူဟာ ဂျာမနီအသင်းနည်းပြနေရာမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဂျိုအာချင်လိုးက “ဂျာမနီအသင်း အုပ်စုကထွက်ခဲ့ရတဲ့အတွက် ဝေဖန်မှုတွေရှိနေပေမယ့်လည်း ကျွန်တော်ကတော့ လုံလောက်တဲ့အားပေးမှုတွေ၊ ခွန်အားတွေ ရခဲ့တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့အခုအချိန်မှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရာနှုန်းပြည့် အာရုံစိုက်သွားမှာပါ။ အဲဒီအတွက် အချိန်တစ်ခုလိုအပ်ပေမယ့် နိုင်ငံတကာပြိုင်ပွဲ ရာသီသစ်စတင်မယ့် စက်တင်ဘာလမတိုင်ခင် အရာအားလုံးအဆင်သင့်ရှိနေမှာဖြစ်ပါတယ်”လို့ ဆိုခဲ့တယ်။

ဂျိုအာချင်လိုးလက်ထက် ဂျာမနီအသင်းရဲ့မှတ်တမ်းများ

ယူရို-၂၀၀၈ (ဒုတိယ)
၂၀၁၀ ကမ္ဘာ့ဖလား (တတိယ)
ယူရို-၂၀၁၂ (ဆီမီးဖိုင်နယ်)
၂၀၁၄ ကမ္ဘာ့ဖလား(ချန်ပီယံ)
ယူရို-၂၀၁၆ (ဆီမီးဖိုင်နယ်)
၂၀၁၈ ကမ္ဘာ့ဖလား (အုပ်စု)

REF:BBC
Photo:OrissaPOST,Los Angeles Times
Naing Linn(Akhayar)
www.akhayar.com