This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ ေသခ်ာေပါက္တက္မယ္လုိ႔ ကတိေပးခဲ့တဲ့ ဂ်ိဳအာခ်င္လုိး Joachim Low

ဂ်ာမနီအသင္းနည္းျပဂ်ိဳအာခ်င္လုိး Joachim Low က အုပ္စုအဖြင့္ပဲြမွာ မကၠဆီကုိအသင္းကုိ ႐ႈံးနိမ့္ခဲ့ေပမယ့္လည္း ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ ေသခ်ာေပါက္တက္မယ္လုိ႔ ဂ်ာမန္ပရိသတ္ေတြကုိ ကတိေပးခဲ့ပါတယ္။ ဂ်ာမနီအသင္းဟာ မကၠဆီကုိနဲ႔ပဲြမွာ လူငယ္ကစားသမား လုိဇာႏုိ Lozano ရဲ႕ တစ္လုံးတည္းေသာဂုိးေၾကာင့္ ပဲြဦးထြက္႐ႈံးပဲြနဲ႔ ရင္ဆုိင္ခဲ့ရတယ္။ ၿပီးခဲ့တ့ဲကမၻာ႔ဖလား(၄)ႀကိမ္မွာ လက္ရွိခ်န္ပီယံအသင္းေတြ အုပ္စုအဆင့္က ထြက္ခဲ့ရတာ (၃)ႀကိမ္ (ျပင္သစ္-၂၀၀၂၊ အီတလီ-၂၀၁၀၊ စပိန္-၂၀၁၄)အထိရွိခဲ့တာေၾကာင့္ ဂ်ာမနီအသင္းေရာ အဲဒီလုိကံၾကမၼာဆုိးနဲ႔ ရင္ဆုိင္ရမလားဆုိၿပီး ဂ်ာမနီပရိသတ္ေတြ စုိးရိမ္ေနၾကတာပါ။

Germany-players-look-dejected-following-their-sides-defeat-to-Mexico-

Germany-players-look-dejected-following-their-sides-defeat-to-Mexico-

ဒါေပမဲ့ ဂ်ိဳအာခ်င္လုိးက “ကမၻာ႔ဖလားလက္ရွိခ်န္ပီယံအသင္းေတြ ဘယ္လုိအေၾကာင္းေၾကာင့္ အုပ္စုက ထြက္ခဲ့ရလဲဆုိတာ ကၽြန္ေတာ္မသိပါဘူး။ အဲဒီလုိ ကံၾကမၼာဆုိးမ်ိဳး ကၽြန္ေတာ္တို႔ ရင္ဆုိင္ရမွာ မဟုတ္တာဘူးဆုိတာ အေသအခ်ာပါပဲ။ ေနာက္တစ္ဆင့္ကုိ ကၽြန္ေတာ္တို႔ တက္ေရာက္ႏုိင္မွာပါ”လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဂ်ာမနီအသင္းဟာ မကၠဆီကုိနဲ႔ပဲြမွာ ခံစစ္ပုိင္းအားနည္းခ်က္ေတြရွိခဲ့ေပမယ့္လည္း ဂ်ိဳအာခ်င္လုိးကေတာ့ သူ႔အသင္းကုိ ႀကီးႀကီးမားမားေျပာင္းလဲမႈလုပ္ဖုိ႔ ဆႏၵမရွိပါဘူး။ ဂ်ိဳအာခ်င္လုိးက “မကၠဆီကုိနဲ႔ပဲြတုန္းက ပထမပုိင္းမွာ ကၽြန္ေတာ္တို႔ ကစားပုံ ဆုိးရြားခဲ့ပါတယ္။ ပုံမွန္ကစားေနက်အတိုင္း မကစားႏုိင္ခဲ့ပါဘူး။ ဒါေပမဲ့ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ ကမူး႐ႈးထုိးနဲ႔ အေျပာင္းအလဲေတြ လုပ္ရမွာ မဟုတ္ပါဘူး။ ႐ႈံးပဲြတစ္ပဲြေၾကာင့္ အသငး္ကုိ ႀကီးႀကီးမားမားေျပာင္းလဲမႈ လုပ္ဖုိ႔ မလုိဘူးလုိ႔ထင္ပါတယ္”ဆုိၿပီး ေျပာၾကားခဲ့ပါတယ္။

REF:Daily Mail
Photo:MacMadison News,La Red
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရှုံးထွက်(၁၆)သင်းအဆင့်ကို သေချာပေါက်တက်မယ်လို့ ကတိပေးခဲ့တဲ့ ဂျိုအာချင်လိုး Joachim Low

ဂျာမနီအသင်းနည်းပြဂျိုအာချင်လိုး Joachim Low က အုပ်စုအဖွင့်ပွဲမှာ မက္ကဆီကိုအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ရှုံးထွက်(၁၆)သင်းအဆင့်ကို သေချာပေါက်တက်မယ်လို့ ဂျာမန်ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။ ဂျာမနီအသင်းဟာ မက္ကဆီကိုနဲ့ပွဲမှာ လူငယ်ကစားသမား လိုဇာနို Lozano ရဲ့ တစ်လုံးတည်းသောဂိုးကြောင့် ပွဲဦးထွက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ပြီးခဲ့တဲ့ကမ္ဘာ့ဖလား(၄)ကြိမ်မှာ လက်ရှိချန်ပီယံအသင်းတွေ အုပ်စုအဆင့်က ထွက်ခဲ့ရတာ (၃)ကြိမ် (ပြင်သစ်-၂၀၀၂၊ အီတလီ-၂၀၁၀၊ စပိန်-၂၀၁၄)အထိရှိခဲ့တာကြောင့် ဂျာမနီအသင်းရော အဲဒီလိုကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရမလားဆိုပြီး ဂျာမနီပရိသတ်တွေ စိုးရိမ်နေကြတာပါ။

Germany-players-look-dejected-following-their-sides-defeat-to-Mexico-

Germany-players-look-dejected-following-their-sides-defeat-to-Mexico-

ဒါပေမဲ့ ဂျိုအာချင်လိုးက “ကမ္ဘာ့ဖလားလက်ရှိချန်ပီယံအသင်းတွေ ဘယ်လိုအကြောင်းကြောင့် အုပ်စုက ထွက်ခဲ့ရလဲဆိုတာ ကျွန်တော်မသိပါဘူး။ အဲဒီလို ကံကြမ္မာဆိုးမျိုး ကျွန်တော်တို့ ရင်ဆိုင်ရမှာ မဟုတ်တာဘူးဆိုတာ အသေအချာပါပဲ။ နောက်တစ်ဆင့်ကို ကျွန်တော်တို့ တက်ရောက်နိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ဂျာမနီအသင်းဟာ မက္ကဆီကိုနဲ့ပွဲမှာ ခံစစ်ပိုင်းအားနည်းချက်တွေရှိခဲ့ပေမယ့်လည်း ဂျိုအာချင်လိုးကတော့ သူ့အသင်းကို ကြီးကြီးမားမားပြောင်းလဲမှုလုပ်ဖို့ ဆန္ဒမရှိပါဘူး။ ဂျိုအာချင်လိုးက “မက္ကဆီကိုနဲ့ပွဲတုန်းက ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ဆိုးရွားခဲ့ပါတယ်။ ပုံမှန်ကစားနေကျအတိုင်း မကစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့ ကမူးရှုးထိုးနဲ့ အပြောင်းအလဲတွေ လုပ်ရမှာ မဟုတ်ပါဘူး။ ရှုံးပွဲတစ်ပွဲကြောင့် အသင်းကို ကြီးကြီးမားမားပြောင်းလဲမှု လုပ်ဖို့ မလိုဘူးလို့ထင်ပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။

REF:Daily Mail
Photo:MacMadison News,La Red
Naing Linn(Akhayar)
www.akhayar.com