[Zawgyi]

ပုစြန္ထုပ္ႀကီးႀကီး၊အသားလံုးေကာင္းေကာင္းနဲ႔ Hot Pot ေတြထဲ အတန္ဆံုးဆို?

ရန္ကုန္မွာ Hot Pot ဆိုင္ေတြမိႈလိုေပါက္လာတဲ့အထဲ ကိုယ့္အႀကိဳက္နဲ႔ထိမိၿပီး၊ အသားေကာင္းေကာင္း၊ ပစၥည္းေကာင္းေကာင္းသံုးတဲ့ မခိုမကပ္အရသာေကာင္းေကာင္း Hot Pot ဆိုင္ဆိုတာ ရွာရသိပ္ခက္တာပဲ။

ဒီၾကားထဲ မထင္ရင္မရင္သလို ပစၥည္းျပတ္တာ၊ အသားမစံုတဲ့အခ်ိန္ေတြ စားမိရင္ ေပးရသေလာက္မတန္တဲ့ ခံစားခ်က္ျဖစ္မိၾကတယ္မလား?

ဒီ Hot Pot ဆိုင္ကေတာ့ Hot Pot ဆို ေစ်းကလည္း ကိုယ္လိုက္မီေအာင္ သက္သာရမယ္။ အဝစားလည္း စားခ်င္တယ္။ အသားေတြဆိုလည္း တကယ့္ အလ်င္မျပတ္ေအာင္ျဖည့္ေပးတယ္။ အရသာလည္း မဆိုးဘူး။

အဓိကက အသားေကာင္းေတြသံုးထားေပးတယ္…ဆိုေတာ့ကာ Hot Pot ဆိုင္ေကာင္းေကာင္းလို႔ ၫႊန္းရမယ့္အထဲ ပါတဲ့ဆိုင္ေလးဆို စိတ္ဝင္စားၾကမလား?

ဒီတပတ္အခရာ က ၫႊန္ေပးခ်င္တာက လူတိုင္း ေတာ္ေတာ္မ်ားမ်ား စားဖူးၿပီးတိုင္းႀကိဳက္ၾကတဲ့အျပင္ ဆိုင္ခြဲေတြအမ်ားႀကီးေအာင္ျမင္ေနတဲ့ Hot Pot ဆိုင္ပါ။

ဒီ Hot Pot ဆိုင္ကို ေႂကြရတဲ့အခ်က္ေတြဆိုရင္-

အသားေတြ အမယ္မ်ားျပီး လတ္လတ္ဆတ္ဆတ္ရွိတာက စၫႊန္ရမွာပဲ။ ၾကက္သား၊ ဝက္သား၊ အမဲသား၊ အသားလႊာေတြ၊ အသားႏွပ္ေတြ၊ အသည္းေတြက အစရတယ္ဆိုေတာ့ ဘာေျပာေကာင္းမလဲ။ ဪ…ၿပီးေတာ့ အကုန္လံုးက လတ္ေနတာပဲ။ Hot Pot ထဲထည့္ေသာက္ဖို႔ ခပ္ပါးပါးေလးဆိုေတာ့ ရွယ္ပဲ။

အသားလံုးအေကာင္းစားေတြ မ်ားတယ္။ ကိုယ္တိုင္လုပ္ၾကက္သားလံုး၊ ဝက္သားလံုးေတြ၊ ၾကက္မိႈလံုး၊ ဝက္မိႈလံုးေတြ၊ အသားေခ်ာင္းေတြ၊ အစာသြပ္ဥလံုး ေတာ္ေတာ္မ်ားမ်ားစံုစိေနေရာ။ ဒါအဝစားေနာ္။ ႀကိဳက္သေလာက္စားပဲ။

အရြက္ေတြေတာ္ေတာ္မ်ားမ်ားစံုတယ္။ ေရႊပဲရြက္တို႔လို အရြက္ေတြပါပါေသး။ မိႈေတြလည္းပါတယ္။

Side Dish ေတြ ဗုန္းေဗာလေအာေပးထားတယ္။ ပုစြန္တန္ပူရာေၾကာ္တဲ့၊ ဝက္ဆီေၾကာ္တဲ့။ ထမင္းေႀကာ္။ ေခါက္ဆြဲေၾကာ္။ ဖက္ထုပ္ေၾကာ္၊ ၾကက္ေတာင္ပံခ်ိဳစပ္ေၾကာ္၊ မန္ထိုေၾကာ္ အဓိကက Side Dish ကိုက အစမခိုထားဘူး။

ေဖ်ာ္ရည္ေတြ ေရြးစရာမ်ားတယ္။ အခ်ိဳပြဲဆို တ႐ုတ္အခ်ိဳပြဲရွိတယ္။ ေက်ာက္ေက်ာ၊ ေရခဲမုန္႔ စားေကာင္းတယ္။

 

အဓိက သေဘာက်မိတာက အရည္ေရြးစရာမ်ားတယ္။ ေရသာသာ အရသာမ်ိဳးမဟုတ္ဘဲ နဂိုအရည္ကိုက အရသာေကာင္းတယ္။ မီဆိုဟင္းရည္နဲ႔ တုန္ယမ္းေတာ့အေသာက္မ်ားၾကတယ္။ အိုးကိုတစ္ေယာက္တစ္အိုးေပးတယ္။

ဝန္ထမ္းေတြက အခ်ိန္ျပည့္ေဘးကေန လိုတာျဖည့္ေပးတယ္။ တကယ့္ကိုအဆင့္မီမီစားရတဲ့ဆိုင္ပါပဲ။

ေနရာအေနအထားနဲ႔ဆို ႐ိုး႐ိုးပါပဲ။ အဆင္မေျပတာကေတာ့ ယင္ေကာင္ေတြ ဘယ္ကမွန္းမသိ ဝင္ဝင္လာတာပဲ။

ဒီဆိုင္ေလးနဲ႔ နာမည္ကို ထုတ္ေျပာျပရမယ္ဆို Shopping Center ေတြမွာ ဆိုင္ေတြအမ်ားႀကီးနဲ႔ ေအာင္ျမင္ေနတဲ့ Jo Jo Hot Pot ပါ။ တစ္ခါမွ စိတ္ထဲ ေကာင္းမယ္မထင္ထားလို႔ သြားမစားခဲ့တာ ဒီတေခါက္မွ သေဘာေတြက်ရတာအမွန္ပဲ။

ေစ်းလား။ ဒီ ၂၂ ရက္ေန႔ထိကို အခ်ိန္လည္းမကန္႔သတ္ထားတဲ့အျပင္၊ အဝစား၊ တစ္ေနကုန္စားမွ ၉၆၀၀ ပဲက်မယ္ဆိုေတာ့ ဘယ္လိုေတာင္ စားသင့္ေနၿပီလဲေနာ္။ အဲ့ Promotion က အမွတ္ ၂၃၊နဝေဒးလမ္း ဒဂံု(၁) ေက်ာင္းေရွ႕က Jo Jo တစ္ဆိုင္တည္းမွာ ရတာေနာ္။ မနက္ ၁၁ နာရီကေန ည ၁၀ နာရီထိတဲ့။

အခရာကေတာ့ Hot Pot ဆိုင္ ဂ်င္းေတြမ်ားေနတဲ့ေခတ္မွာ တစ္ဆိုင္ၿပီးတစ္ဆိုင္ နာမည္ပိုႀကီးလာတဲ့အျပင္ မခိုပဲ ေသခ်ာအေကာင္းစားေတြတည္ခင္းေပးတဲ့ Jo Jo ကို Hot Pot ဆိုင္ေကာင္းေကာင္း စာရင္းထဲ ထည့္လိုက္ၿပီ။

ဒီလို Broke ျဖစ္တဲ့ ရက္ေတြဆို စားခ်င္စိတ္ထိန္းမရသိမ္းမရျဖစ္လာရင္ ၉၆၀၀ က်ပ္အၿပီးအစီးနဲ႔ ရတဲ့ Jo Jo ကိုသာ သူငယ္ခ်င္းေတြခ်ိတ္ၿပီးသြားစားဖို႔ ၫႊန္ပါရေစ။ ၂၂ ရက္ေန႔ထိပဲမို႔ အစားသမားေတြလက္မလြတ္ေအာင္ အမီလာသတင္းပို႔တာ ျဖစ္ပါေၾကာင္း။

ခ်စ္လွစြာေသာ
FoodieEi (Akhayar)

[Unicode]

ပုစွန်ထုပ်ကြီးကြီး၊အသားလုံးကောင်းကောင်းနဲ့ Hot Pot တွေထဲ အတန်ဆုံးဆို?

ရန်ကုန်မှာ Hot Pot ဆိုင်တွေမှိုလိုပေါက်လာတဲ့အထဲ ကိုယ့်အကြိုက်နဲ့ထိမိပြီး၊ အသားကောင်းကောင်း၊ ပစ္စည်းကောင်းကောင်းသုံးတဲ့ မခိုမကပ်အရသာကောင်းကောင်း Hot Pot ဆိုင်ဆိုတာ ရှာရသိပ်ခက်တာပဲ။

ဒီကြားထဲ မထင်ရင်မရင်သလို ပစ္စည်းပြတ်တာ၊ အသားမစုံတဲ့အချိန်တွေ စားမိရင် ပေးရသလောက်မတန်တဲ့ ခံစားချက်ဖြစ်မိကြတယ်မလား?

ဒီ Hot Pot ဆိုင်ကတော့ Hot Pot ဆို ဈေးကလည်း ကိုယ်လိုက်မီအောင် သက်သာရမယ်။ အဝစားလည်း စားချင်တယ်။ အသားတွေဆိုလည်း တကယ့် အလျင်မပြတ်အောင်ဖြည့်ပေးတယ်။ အရသာလည်း မဆိုးဘူး။

အဓိကက အသားကောင်းတွေသုံးထားပေးတယ်…ဆိုတော့ကာ Hot Pot ဆိုင်ကောင်းကောင်းလို့ ညွှန်းရမယ့်အထဲ ပါတဲ့ဆိုင်လေးဆို စိတ်ဝင်စားကြမလား?

ဒီတပတ်အခရာ က ညွှန်ပေးချင်တာက လူတိုင်း တော်တော်များများ စားဖူးပြီးတိုင်းကြိုက်ကြတဲ့အပြင် ဆိုင်ခွဲတွေအများကြီးအောင်မြင်နေတဲ့ Hot Pot ဆိုင်ပါ။

ဒီ Hot Pot ဆိုင်ကို ကြွေရတဲ့အချက်တွေဆိုရင်-

အသားတွေ အမယ်များပြီး လတ်လတ်ဆတ်ဆတ်ရှိတာက စညွှန်ရမှာပဲ။ ကြက်သား၊ ဝက်သား၊ အမဲသား၊ အသားလွှာတွေ၊ အသားနှပ်တွေ၊ အသည်းတွေက အစရတယ်ဆိုတော့ ဘာပြောကောင်းမလဲ။ ဪ…ပြီးတော့ အကုန်လုံးက လတ်နေတာပဲ။ Hot Pot ထဲထည့်သောက်ဖို့ ခပ်ပါးပါးလေးဆိုတော့ ရှယ်ပဲ။

အသားလုံးအကောင်းစားတွေ များတယ်။ ကိုယ်တိုင်လုပ်ကြက်သားလုံး၊ ဝက်သားလုံးတွေ၊ ကြက်မှိုလုံး၊ ဝက်မှိုလုံးတွေ၊ အသားချောင်းတွေ၊ အစာသွပ်ဥလုံး တော်တော်များများစုံစိနေရော။ ဒါအဝစားနော်။ ကြိုက်သလောက်စားပဲ။

အရွက်တွေတော်တော်များများစုံတယ်။ ရွှေပဲရွက်တို့လို အရွက်တွေပါပါသေး။ မှိုတွေလည်းပါတယ်။

Side Dish တွေ ဗုန်းဗောလအောပေးထားတယ်။ ပုစွန်တန်ပူရာကြော်တဲ့၊ ဝက်ဆီကြော်တဲ့။ ထမင်းကြော်။ ခေါက်ဆွဲကြော်။ ဖက်ထုပ်ကြော်၊ ကြက်တောင်ပံချိုစပ်ကြော်၊ မန်ထိုကြော် အဓိကက Side Dish ကိုက အစမခိုထားဘူး။

ဖျော်ရည်တွေ ရွေးစရာများတယ်။ အချိုပွဲဆို တရုတ်အချိုပွဲရှိတယ်။ ကျောက်ကျော၊ ရေခဲမုန့် စားကောင်းတယ်။

 

အဓိက သဘောကျမိတာက အရည်ရွေးစရာများတယ်။ ရေသာသာ အရသာမျိုးမဟုတ်ဘဲ နဂိုအရည်ကိုက အရသာကောင်းတယ်။ မီဆိုဟင်းရည်နဲ့ တုန်ယမ်းတော့အသောက်များကြတယ်။ အိုးကိုတစ်ယောက်တစ်အိုးပေးတယ်။

ဝန်ထမ်းတွေက အချိန်ပြည့်ဘေးကနေ လိုတာဖြည့်ပေးတယ်။ တကယ့်ကိုအဆင့်မီမီစားရတဲ့ဆိုင်ပါပဲ။

နေရာအနေအထားနဲ့ဆို ရိုးရိုးပါပဲ။ အဆင်မပြေတာကတော့ ယင်ကောင်တွေ ဘယ်ကမှန်းမသိ ဝင်ဝင်လာတာပဲ။

ဒီဆိုင်လေးနဲ့ နာမည်ကို ထုတ်ပြောပြရမယ်ဆို Shopping Center တွေမှာ ဆိုင်တွေအများကြီးနဲ့ အောင်မြင်နေတဲ့ Jo Jo Hot Pot ပါ။ တစ်ခါမှ စိတ်ထဲ ကောင်းမယ်မထင်ထားလို့ သွားမစားခဲ့တာ ဒီတခေါက်မှ သဘောတွေကျရတာအမှန်ပဲ။

ဈေးလား။ ဒီ ၂၂ ရက်နေ့ထိကို အချိန်လည်းမကန့်သတ်ထားတဲ့အပြင်၊ အဝစား၊ တစ်နေကုန်စားမှ ၉၆၀၀ ပဲကျမယ်ဆိုတော့ ဘယ်လိုတောင် စားသင့်နေပြီလဲနော်။ အဲ့ Promotion က အမှတ် ၂၃၊နဝဒေးလမ်း ဒဂုံ(၁) ကျောင်းရှေ့က Jo Jo တစ်ဆိုင်တည်းမှာ ရတာနော်။ မနက် ၁၁ နာရီကနေ ည ၁၀ နာရီထိတဲ့။

အခရာကတော့ Hot Pot ဆိုင် ဂျင်းတွေများနေတဲ့ခေတ်မှာ တစ်ဆိုင်ပြီးတစ်ဆိုင် နာမည်ပိုကြီးလာတဲ့အပြင် မခိုပဲ သေချာအကောင်းစားတွေတည်ခင်းပေးတဲ့ Jo Jo ကို Hot Pot ဆိုင်ကောင်းကောင်း စာရင်းထဲ ထည့်လိုက်ပြီ။

ဒီလို Broke ဖြစ်တဲ့ ရက်တွေဆို စားချင်စိတ်ထိန်းမရသိမ်းမရဖြစ်လာရင် ၉၆၀၀ ကျပ်အပြီးအစီးနဲ့ ရတဲ့ Jo Jo ကိုသာ သူငယ်ချင်းတွေချိတ်ပြီးသွားစားဖို့ ညွှန်ပါရစေ။ ၂၂ ရက်နေ့ထိပဲမို့ အစားသမားတွေလက်မလွတ်အောင် အမီလာသတင်းပို့တာ ဖြစ်ပါကြောင်း။

ချစ်လှစွာသော
FoodieEi (Akhayar)