[Zawgyi]

သီခ်င္းဆိုၿပိဳင္ပြဲဝင္ေနၾကသူေတြကို ဘဝနဲ႕ရင္းလို႕ အားေပးစကားဆိုလိုက္တဲ့ Jewel

မယ္လိုဒီေဝါ (Melody World) ၿပိဳင္ပြဲကို ၂၀၁၂ ခုနွစ္ Season 6 မွာ ယွဥ္ၿပိဳင္ခဲ့ဖူးတဲ့ ဂ်ဴဝယ္(Jewel) က အခုသီခ်င္းဆိုၿပိဳင္ေနၾကတဲ့ သူေတြကို အားေပးစကားဆိုခဲ့ပါတယ္။ဒါ့အျပင္ သူမအေနနဲ႕ ဂ်ဴဝယ္ (Jewel) ဆိုတဲ့ နာမည္တစ္ခုကို ပရိသတ္မသိရွိခင္ကဘယ္လိုေတြႀကိဳးစားရုန္းကန္ခဲ့ရတယ္ဆို တာကိုလည္း ေျပာျပခဲ့ပါေသးတယ္။

Jewel

Jewel

သီခ်င္းဆိုၿပိဳင္ပြဲ ေတြနဲ႕ပတ္သက္ၿပီးေတာ့ ၿပိဳင္ပြဲဝင္တဲ့သူေတြကိုဘယ္လို Message ေပးခ်င္ပါသလဲ?

“သိသေလာက္ေျပာရမယ္ဆိုရင္ ေခါင္းစဥ္ကေတာ့ ၿပိဳင္ပြဲေပါ့ ဒါေပမယ့္ သူမ်ားေတြနဲ႕မၿပိဳင္ပဲနဲ႕ကိုယ္ကိုယ္တိုင္နဲ႕ပဲ ၿပိဳင္ေစခ်င္တယ္။ ဘာလို႕လဲဆိုေတာ့ ဥပမာ Level တစ္ခုကို တက္မယ္ဆိုရင္ ကိုယ့္စိတ္ထဲမွာထည့္ထားသင့္တာက ကိုယ္ကိုယ္တိုင္အေကာင္းဆံုးဆိုနိုင္ဖို႕နဲ႕ ကိုယ္တိုင္က အမွားမရွိဘဲ တင္ဆက္နိုင္ဖို႕ က အေရးႀကီးပါတယ္ အဲ့နည္းကိုပဲ ကိုယ္တိုင္လည္းက်င့္သံုးခဲ့ပါတယ္။ ၿပီးေတာ့ က်ရံႈးခဲ့ရင္ပဲျဖစ္ျဖစ္ ေအာင္ျမင္ခဲ့ရင္ပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕စိတ္ထားတတ္မႈေပၚမွာပဲ မႈတည္ၿပီးေတာ့ ေရွ႕ဆက္သြားလို႕ရပါတယ္”။

Jewel

Jewel

ေအာင္ျမင္မႈမရခင္ စပ္ၾကားမွာၾကံဳေေတြ႕ရတဲ့ အခက္အခဲေတြနဲ႕ပတ္သက္လို႕ဘယ္လို Message မ်ိဳးကိုေပးခ်င္ပါသလဲ?

“ကိုယ္တိုင္ကလည္းေရာင့္ရဲတင္းတိမ္နို္င္တဲ့ စိတ္ကိုထားတယ္ ဆုိေတာ့ ကိုယ္တိုင္အခက္အခဲ ေတြ ၾကံဳခဲ့ရင္ေတာင္ေသးေသးေလးေတြလို႕ ပဲသေဘာထားခဲ့မိပါတယ္။ ႀကိဳးစားေနတဲ့ သူေတြအခ်င္းခ်င္းဖလွယ္ခ်င္တာကေတာ့ ရန္ကုန္ကိုစေရာက္ခါစက စားဝတ္ေနေရးအတြက္ အျပင္မွာပိုက္ဆံရွာရတဲ့ အခါ ဆိုင္မွာစဆိုရတာေတြရွိခဲ့တယ္။Unplugged တီးဝိုင္းေတြမွာ ဆိုေတာ့ ညေတြသြားဆိုရတဲ့ အခါမ်ိဳးမွာ ဝတ္စားထားတဲ့ အက်ႌကို သူမ်ားေတြၾကည့္တဲ့ မ်က္လံုးေတြေပါ့ေနာ္ ဒါမ်ိဳးေတြကို ရင္ဆိုင္ခဲ့ရပါတယ္”။

The Four အဖြဲ႕ ဝင္တစ္ဦးလည္းျဖစ္တဲ့ Jewel

The Four အဖြဲ႕ ဝင္တစ္ဦးလည္းျဖစ္တဲ့ Jewel

“တစ္ရက္ကိုမွ အဲ့တုန္းက ကိုယ္ရခဲ့တဲ့ ပိုက္ဆံက ၇ ေထာင္ဆိုရင္ေတာင္ taxi ခနဲ႕တစ္ည ကိုဘယ္ေလာက္မွမက်န္ဘူးေလ ဒါေပမယ့္ လည္း ဒီလိုသီခ်င္းဆိုၿပီးေတာ့ မွရတဲ့ ပိုက္ဆံေတြ ကိုုစုၿပီးရုန္းကန္ခဲ့ရတာမ်ိဳးေတြလည္း ရွိပါတယ္။ အခက္အခဲကေတာ့ သီခ်င္းသြားဆိုရတဲ့ အခိုက္အတန္႕ေလးေတြမွာ ကိုယ့္ကိုၾကည့္ၾကတဲ့ တခ်ိဳ႕ မ်က္လံုးေတြ ေလာက္ပါပဲ ကိုယ္ဝါသနာပါတဲ့ သီခ်င္းဆိုေနရတဲ့ အတြက္ေတာ့ ဒီအလုပ္ကိုလုပ္ရတာေတာ့ ပင္ပန္းတယ္လို႕မထင္ခဲ့ပါဘူး” ဆိုၿပီးေတာ့ ပြင့္လင္းစြာေျပာျပခဲ့တာျဖစ္ပါတယ္။

Photo Credit: Jewel Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

သီချင်းဆိုပြိုင်ပွဲဝင်နေကြသူတွေကို ဘဝနဲ့ရင်းလို့ အားပေးစကားဆိုလိုက်တဲ့ Jewel

မယ်လိုဒီဝေါ (Melody World) ပြိုင်ပွဲကို ၂၀၁၂ ခုနှစ် Season 6 မှာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဂျူဝယ်(Jewel) က အခုသီချင်းဆိုပြိုင်နေကြတဲ့ သူတွေကို အားပေးစကားဆိုခဲ့ပါတယ်။ဒါ့အပြင် သူမအနေနဲ့ ဂျူဝယ် (Jewel) ဆိုတဲ့ နာမည်တစ်ခုကို ပရိသတ်မသိရှိခင်ကဘယ်လိုတွေကြိုးစားရုန်းကန်ခဲ့ရတယ်ဆို တာကိုလည်း ပြောပြခဲ့ပါသေးတယ်။

Jewel

Jewel

သီချင်းဆိုပြိုင်ပွဲ တွေနဲ့ပတ်သက်ပြီးတော့ ပြိုင်ပွဲဝင်တဲ့သူတွေကိုဘယ်လို Message ပေးချင်ပါသလဲ?

“သိသလောက်ပြောရမယ်ဆိုရင် ခေါင်းစဉ်ကတော့ ပြိုင်ပွဲပေါ့ ဒါပေမယ့် သူများတွေနဲ့မပြိုင်ပဲနဲ့ကိုယ်ကိုယ်တိုင်နဲ့ပဲ ပြိုင်စေချင်တယ်။ ဘာလို့လဲဆိုတော့ ဥပမာ Level တစ်ခုကို တက်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာထည့်ထားသင့်တာက ကိုယ်ကိုယ်တိုင်အကောင်းဆုံးဆိုနိုင်ဖို့နဲ့ ကိုယ်တိုင်က အမှားမရှိဘဲ တင်ဆက်နိုင်ဖို့ က အရေးကြီးပါတယ် အဲ့နည်းကိုပဲ ကိုယ်တိုင်လည်းကျင့်သုံးခဲ့ပါတယ်။ ပြီးတော့ ကျရှုံးခဲ့ရင်ပဲဖြစ်ဖြစ် အောင်မြင်ခဲ့ရင်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ထားတတ်မှုပေါ်မှာပဲ မှုတည်ပြီးတော့ ရှေ့ဆက်သွားလို့ရပါတယ်”။

Jewel

Jewel

အောင်မြင်မှုမရခင် စပ်ကြားမှာကြုံေတွေ့ရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ဘယ်လို Message မျိုးကိုပေးချင်ပါသလဲ?

“ကိုယ်တိုင်ကလည်းရောင့်ရဲတင်းတိမ်နိုင်တဲ့ စိတ်ကိုထားတယ် ဆိုတော့ ကိုယ်တိုင်အခက်အခဲ တွေ ကြုံခဲ့ရင်တောင်သေးသေးလေးတွေလို့ ပဲသဘောထားခဲ့မိပါတယ်။ ကြိုးစားနေတဲ့ သူတွေအချင်းချင်းဖလှယ်ချင်တာကတော့ ရန်ကုန်ကိုစရောက်ခါစက စားဝတ်နေရေးအတွက် အပြင်မှာပိုက်ဆံရှာရတဲ့ အခါ ဆိုင်မှာစဆိုရတာတွေရှိခဲ့တယ်။Unplugged တီးဝိုင်းတွေမှာ ဆိုတော့ ညတွေသွားဆိုရတဲ့ အခါမျိုးမှာ ဝတ်စားထားတဲ့ အကျႌကို သူများတွေကြည့်တဲ့ မျက်လုံးတွေပေါ့နော် ဒါမျိုးတွေကို ရင်ဆိုင်ခဲ့ရပါတယ်”။

The Four အဖွဲ့ ဝင်တစ်ဦးလည်းဖြစ်တဲ့ Jewel

The Four အဖွဲ့ ဝင်တစ်ဦးလည်းဖြစ်တဲ့ Jewel

“တစ်ရက်ကိုမှ အဲ့တုန်းက ကိုယ်ရခဲ့တဲ့ ပိုက်ဆံက ၇ ထောင်ဆိုရင်တောင် taxi ခနဲ့တစ်ည ကိုဘယ်လောက်မှမကျန်ဘူးလေ ဒါပေမယ့် လည်း ဒီလိုသီချင်းဆိုပြီးတော့ မှရတဲ့ ပိုက်ဆံတွေ ကိုုစုပြီးရုန်းကန်ခဲ့ရတာမျိုးတွေလည်း ရှိပါတယ်။ အခက်အခဲကတော့ သီချင်းသွားဆိုရတဲ့ အခိုက်အတန့်လေးတွေမှာ ကိုယ့်ကိုကြည့်ကြတဲ့ တချို့ မျက်လုံးတွေ လောက်ပါပဲ ကိုယ်ဝါသနာပါတဲ့ သီချင်းဆိုနေရတဲ့ အတွက်တော့ ဒီအလုပ်ကိုလုပ်ရတာတော့ ပင်ပန်းတယ်လို့မထင်ခဲ့ပါဘူး” ဆိုပြီးတော့ ပွင့်လင်းစွာပြောပြခဲ့တာဖြစ်ပါတယ်။

Photo Credit: Jewel Facebook

ကြည်သာ (Akhayar)

www.akhayar.com