Jetstar Airline ဟာ ခရီးသည်တွေရဲ့ လေကြာင်းလိုင်းတွေ အပေါ် စိတ်ကျေနပ်မှုအပေါ်မှာ ကြယ်ပွင့်တွေနဲ့ သတ်မှတ်ရာမှာ ကြယ်တစ်ပွင့်တွေပဲ ရခဲ့ပြီး ကမ္ဘာ့အညံ့ဆုံး Airline အဖြစ် အမည်တပ်ခံခဲ့ရပါတယ်။

Jetstar စီးသူခရီးသည်တွေရဲ ၃၇.၂ ရာခိုင်နှုန်းက Jetstar Flight ရဲ့ အချိန်နောက်ကျမှုတွေကို အပြစ်တင်ခဲ့ကြပြီး သတ်မှတ်ထားတဲ့ ထွက်ခွာချိန်ကျော်ပြီး စောင့်ရချိန်ဟာ ပျမ်းမျှ ၄ နာရီလောက် စောင့်ဆိုင်းရတယ်လို့ ပြောကြားကြပါတယ်။

ဒီအပြည်ပြည်ဆိုင်ရာ စစ်တမ်းကောက်မှုကို စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့နဲ့ အခြား စားသုံးသူအဖွဲ့အစည်း ၁၀ ခုလောက်က ပါဝင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပါဝင်ဖြေဆိုသူ ၁၁,၂၇၃ ယောက်ရှိကာ စားသုံးသူစိတ်ကျေနပ်မှုအပိုင်းမှာ ခြုံငုံပြီး အမှတ်ပေးရာမှာ ဒီ Australian Airline Jet Star ဟာ အဆင့် ၇၃ ရခဲ့တာ ဖြစ်ပါတယ်။

Australia ၊ Belgium ၊ Brazil ၊ Denmark ၊ France ၊ Italy ၊ Portugal နှင့် Spain နိုင်ငံ အသီးသီးမှ စစ်တမ်းဖြေဆိုသူတွေ ပါဝင်ခဲ့ပြီး Airline တွေရဲ့ အချိန်တိကျမှု၊ Check in ၊ Boarding ၊ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှု၊ သက်တောင့်သက်သာရှိမှု၊ ကျွေးတဲ့ အစားအသောကတွေနဲ့ ဘယ်လောက် လုံခြုံစိတ်ချရတယ်ဆိုတာအပေါ် အမှတ်ပေးကြတာပါ။

Jetstar ရဲ့ နံပါတ်တစ် ပြိုင်ဘက်ကြီး Tiger Air ကတော့ စစ်တမ်းမှာ ပါမလာခဲ့ဘဲ Voting ရေရာမှာ Customer တွေဆီက လုံလောက်တဲ့ တုံ့ပြန်မှု မရခဲ့လို့ပါတဲ့။ ဒါကြောင့် Jetstar ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ Daily Mail ကို ပြန်ပြောခဲ့တာက “ ဒီစစ်တမ်းကို ကြည့်ရတာ လေကြောင်းလိုင်းတွေကို အပြစ်တင်ဝေဖန်ဖို့ စောင့်နေသလိုဖြစ်ပြီး ကျွန်တော်တို့ လုပ်ဆောင်နေရတဲ့ လုံခြုံမှုစံတွေကို နားလည်ခြင်းလည်း မရှိ၊ Australians လူမျိုး သန်းပေါင်းများစွာကို စရိတ်သက်သက်သာသာနဲ့  လိုရာခရီးကို ပို့ဆောင်ပေးနိုင်ခဲ့တာကိုလည်း အသိအမှတ်မပြုသလို ဖြစ်နေပါတယ်။”

“ပြီးတော့လည်း ဒီရွေးချယ်မှုစစ်တမ်းဟာလည်း ဟာကွက်ယိုပေါက်တွေ အများကြီးပါပဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အဓိကပြိုင်ဘက်ကြီး Tiger Air ကိုကျတော့ လုံလောက်တဲ့ တုံ့ပြန်မှုမရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထည့်မတွက်တာမျိုးပေါ့။ ဒီတော့ ဒီစစ်တမ်းရဲ့ တိကျမှုနဲ့ မှန်ကန်မှုဟာ မေးခွန်းထုတ်စရာကြီးပါပဲ။ Customers တွေအနေနဲ့ သူတို့သွားလိုတဲ့ နေရာကို အချိန်မှန်ရောက်ဖို့ဆိုတာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ အနေနဲ့လည်း ပြုပြင်စရာတွေ အများကြီးရှိသေးတယ်ဆိုတာလည်း သိထားပြီး ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ အလုပ်တွေ အများကြီး လုပ်နေကြတာပါ” လို့လည်း သူက ရှင်းပြခဲ့ပါတယ်။

“တကယ်တော့ လေယာဉ်နောက်ကျရခြင်းအကြောင်းရင်းတွေထဲမှာ ရာသီဥတုကြောင့် ဖြစ်တာများသလို များသောအားဖြင့် အပူပိုင်းဇုံ တွေဆီကို ခရီးနှင်ရတဲ့ များတဲ့အတွက် ကျွန်တော်တို့ဟာ အချိန်ဇယားထက် စိတ်ချလုံခြုံရမှုကို အမြဲရှေ့တန်းတင်တာကြောင့်လည်း ဖြစ်ပါတယ်” လို့ ဆက်လက်ပြောကြားသွားခဲ့ပါသေးတယ်။

ဒီစစ်တမ်းအရ Emirates လေကြောင်းလိုင်းဟာ ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းအဖြစ်ရွေးချယ်ခံခဲ့ရသလို စိတ်ကျေနပ်မှု Rating အရလည်း ၁၀ မှာ ၈.၂၉ မှတ်ရခဲ့တာပါ။ သူ့နောက်ကပ်လျက်မှာတော့ Avianca၊ Qatar Airlines၊ Luxair နဲ့ Singapore Airlines တို့က အသီးသီးကပ်လိုက်နေပါတယ်။

ခရီးသည်စိတ်ကျေနပ်မှုအရ ထိပ်တန်း Airlines ၁၀ လိုင်း

  1. Emirates 8.29
  2. Avianca 8.17
  3. Qatar Airlines 8.15
  4. Luxair 8.1
  5. Singapore Airlines 8.1
  6. Azul Brazilian 8.08
  7. Thai Airways International 8.02
  8. Cathay Pacific 7.94
  9. TAROM 7.79
  10. Vietnam Airlines 7.79

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : independent.co.uk