[Zawgyi]

မန္ယူအသင္းကို ေျပာင္းေရႊ႕ဖို႔ ျငင္းဆန္ခဲ့တဲ့ ဘိုတန္ Boateng

မန္ယူအသင္းက ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတဲ့ ဘိုင္ယန္ေနာက္ခံလူ ဘိုတန္္ Boateng ဟာ မန္ခ်က္စတာၿမိဳ႕ခံအသင္းကို ေျပာင္းေရႊ႕ကစားဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ဘိုတန္ Boateng အေနနဲ႔ နည္းျပ ေမာ္ရင္ဟို Mourinho ကို ဖုန္းေခၚဆိုခဲ့ၿပီး မန္ယူအသင္းကို အခုႏွစ္အေျပာင္းအေရႊ႕ကာလအတြင္း ေျပာင္းေရႊ႕ကစားဖို႔ အစီအစဥ္မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ အသက္ (၂၉)ႏွစ္အရြယ္ရွိ ဘိုတန္ Boateng ဟာ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္မယ့္ အသင္းတစ္သင္းကို ေျပာင္းေရႊ႕ကစားဖို႔ ဆႏၵရွိေနၿပီး မန္ယူအသင္းက ခ်န္ပီယံလိဂ္ရရွိဖို႔ လံုေလာက္မႈမရွိလို႔ ေျပာင္းေရႊ႕ဖို႔ ျငင္းဆန္ခဲ့တာျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေမာ္ရင္ဟို Mourinho ကို ဘိုတန္ Boateng က ပုဂၢိဳလ္ေရးဆိုင္ရာ ဖုန္းေခၚဆိုခဲ့ၿပီး အသင္းေျပာင္းေရႊ႕ကစားဖို႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

Jerome-Boateng

Jerome-Boateng

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မန္ယူအသင္းက ဘိုင္ယန္အသင္းကို ဆက္သြယ္ကာ ဘိုတန္ Boateng ရဲ႕ ေျပာင္းေရႊ႕ေၾကးကို စံုစမ္းခဲ့ေပမယ့္ တရားဝင္ကမ္းလွမ္းမႈေတြကို ျပဳလုပ္ခဲ့ျခင္းေတာ့မရွိပါဘူး။ ဘိုင္ယန္အသင္းက ဘိုတန္ Boateng အတြက္ ေပါင္ (၄၅)သန္း အလိုရွိေနၿပီး မန္ယူအသင္းကေတာ့ ေျပာင္းေရႊ႕ေၾကးေလ်ာ႔ခ်ေပးဖို႔ ဆႏၵရွိခဲ့ပါတယ္။ ဂ်ာမန္အေျခစိုက္ မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္မွာေတာ့ မန္ယူအသင္းက ဘိုတန္ Boateng ကို အၿပီးသတ္ေခၚယူဖို႔ထက္ အငွားေခၚယူဖို႔သာ ဆႏၵရွိခဲ့တယ္လို႔ သိရပါတယ္။ မန္ယူအသင္းက အေျပာင္းအေရႊ႕ေစ်းကြက္ ေနာက္ဆံုးေန႔မွာ အသင္းအတြက္ လိုအပ္ေနတဲ့ ဗဟိုခံစစ္မွဴးတစ္ဦးကို ေခၚယူသြားဖို႔ရွိေနၿပီး လက္စတာေနာက္ခံလူ မက္ဂိြဳင္းေယး Maguire နဲ႔ စပါးေနာက္ခံလူ အယ္လ္ဒါဝီရယ္ Alderweireld တို႔ထဲက တစ္ဦးကို ေခၚယူႏိုင္ဖို႔ စီစဥ္မႈေတြ ျပဳလုပ္ေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

REF:The Sun
Photo:Naaju, The Independent
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့ ဘိုတန် Boateng

မန်ယူအသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေတဲ့ ဘိုင်ယန်နောက်ခံလူ ဘိုတန် Boateng ဟာ မန်ချက်စတာမြို့ခံအသင်းကို ပြောင်းရွှေ့ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဘိုတန် Boateng အနေနဲ့ နည်းပြ မော်ရင်ဟို Mourinho ကို ဖုန်းခေါ်ဆိုခဲ့ပြီး မန်ယူအသင်းကို အခုနှစ်အပြောင်းအရွှေ့ကာလအတွင်း ပြောင်းရွှေ့ကစားဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အသက် (၂၉)နှစ်အရွယ်ရှိ ဘိုတန် Boateng ဟာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေပြီး မန်ယူအသင်းက ချန်ပီယံလိဂ်ရရှိဖို့ လုံလောက်မှုမရှိလို့ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မော်ရင်ဟို Mourinho ကို ဘိုတန် Boateng က ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖုန်းခေါ်ဆိုခဲ့ပြီး အသင်းပြောင်းရွှေ့ကစားဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

Jerome-Boateng

Jerome-Boateng

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ယူအသင်းက ဘိုင်ယန်အသင်းကို ဆက်သွယ်ကာ ဘိုတန် Boateng ရဲ့ ပြောင်းရွှေ့ကြေးကို စုံစမ်းခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းမှုတွေကို ပြုလုပ်ခဲ့ခြင်းတော့မရှိပါဘူး။ ဘိုင်ယန်အသင်းက ဘိုတန် Boateng အတွက် ပေါင် (၄၅)သန်း အလိုရှိနေပြီး မန်ယူအသင်းကတော့ ပြောင်းရွှေ့ကြေးလျော့ချပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဂျာမန်အခြေစိုက် မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ မန်ယူအသင်းက ဘိုတန် Boateng ကို အပြီးသတ်ခေါ်ယူဖို့ထက် အငှားခေါ်ယူဖို့သာ ဆန္ဒရှိခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းက အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ အသင်းအတွက် လိုအပ်နေတဲ့ ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူသွားဖို့ရှိနေပြီး လက်စတာနောက်ခံလူ မက်ဂွိုင်းယေး Maguire နဲ့ စပါးနောက်ခံလူ အယ်လ်ဒါဝီရယ် Alderweireld တို့ထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ စီစဉ်မှုတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

REF:The Sun
Photo:Naaju, The Independent
Aung Kyaw Wai (Akhayar)
www.akhayar.com