[Zawgyi]

ကြာရွင္းျပတ္စဲမႈကို အဆံုးသတ္လုိက္တဲ့ Jennifer Garner တို႔ စံုတြဲ ပိုင္ဆိုင္မႈေတြကို ဘယ္လို ခြဲၾကမလဲ

ခြဲေနၾကတာ ၃ ႏွစ္ျပည့္ျပီျဖစ္တဲ့ နာမည္ၾကီးစံုတြဲေဟာင္း မင္းသား Jennifer Garner နဲ႔ မင္းသား Ben Affleck တို႔ဟာ ကြာရွင္းျပတ္စဲမႈကို အျပီးသတ္လိုက္ၾကျပီ ျဖစ္ပါတယ္။

အသက္ ၄၆ ႏွစ္ကိုယ္စီရွိျပီျဖစ္တဲ့ Jennifer Garner နဲ႔ Ben Affleck တို႔ ျပီးခဲ့တဲ့ ၾကာသပေတးေန႔က ေရွ႕ေန၊ Private Judge နဲ႔ Garner ရဲ႕ အိမ္မွာ ေတြ႔ဆံုခဲ့ၾကတာ ျဖစ္ပါတယ္။ Garner ရဲ႕ ဘက္က ဒီကြာရွင္းမႈကို ကိုင္တြယ္ဖို႔ Private Judge ကို ေတာင္းဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

Jennifer Garner နဲ႔ Ben Affleck ဟာ အသက္ ၁၂ ႏွစ္ရွိျပီျဖစ္တဲ့ သမီးၾကီး Violet ၊ အသက္ ၉ ႏွစ္ရွိျပီျဖစ္တဲ့ သမီးလတ္ Seraphina နဲ႔ အသက္ ၆ ႏွစ္ရွိျပီျဖစ္တဲ့ သားငယ္ Samuel တို႔ ရွိၾကပါတယ္။ ၂၀၀၅ ခုႏွစ္က စတင္လက္တြဲခဲ့ၾကတဲ့ သူတို႔ အိမ္ေထာင္သက္ ၁၀ႏွစ္မွာ ပိုင္ဆုိင္ၾကြယ္ဝမႈအမ်ားၾကီးရွိခဲ့ျပီး လက္ထပ္ပြားပိုင္ဆုိင္မႈတန္ဖိုးက ေဒၚလာ သန္း ၁၉၀ ေလာက္ အၾကမ္းဖ်င္း ရွိပါလိမ့္မယ္။

၂၀၁၅ ခုႏွစ္ ဇြန္လ ၃၀ ရက္ မွာ လမ္းခြဲလိုက္ၾကျပီလို႔ ေၾကညာခဲ့တဲ့ Ben Affleck နဲ႔ Jennifer Garner တို႔ စံုတြဲဟာ ခုလို ကြာရွင္းခ်ိန္မွာ ပိုင္ဆိုင္မႈေတြကို ဘယ္လို ခြဲေဝၾကမွာပါလဲ။

Forbes က ရရွိတဲ့ သတင္းေတြအရေတာ့ Ben Affleck ဟာ ၂၀၁၆ ခုႏွစ္အတြင္းမွာပဲ Batman v Superman : Dawn of Justice ဇာတ္ကားနဲ႔ ဝင္ေငြေဒၚလာ ၄၃သန္းေလာက္ အၾကမ္းဖ်င္းရရွိခဲ့ျပီး သူ႔သရုပ္ေဆာင္သက္တမ္းတစ္ေလွ်ာက္မွာလည္း ဝင္ေငြအေကာင္းဆံုး ရုပ္ရွင္အျဖစ္ ဇာတ္ကားဝင္ေငြ ေဒၚလာ သန္း ၈၇၀ ရရွိခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာလည္း သူပါဝင္ခဲ့တဲ့ Justice League ဟာ ကမာၻတဝွမ္းဝင္ေငြ ေဒၚလာ ၈၈၄သန္းရရွိထားပါေသးတယ္။

ဒါေၾကာင့္ Ben Affleck ဟာ ဘဏ္မွာ ေဒၚလာ သန္း ၁၃၀ ေလာက္ စုမိေဆာင္းမိရွိထားမယ္လို႔ CelebrityNetWorth.com က ေဖာ္ျပထားပါတယ္။

Jennifer Garner ရဲ႕ ရုပ္ရွင္ရုိုက္ကူးရာက ရတဲ့ ဝင္ေငြကေတာ့ ဘာမွသိပ္မဟုတ္ဘဲ Neutrogena နဲ႔ Capital One လို ကုမၸဏီေတြအတြက္ အက်ိဳးအျမတ္မ်ားတဲ့ ေၾကာ္ျငာေတြ ရိုက္ကူးတဲ့ ဝင္ေငြက မ်ားပါတယ္။ ဒါေၾကာင့္ CelebrityNetWorth.com က တြက္တဲ့ သူ႔ရဲ႕ အသားတင္ပိုင္ဆိုင္မႈက ေဒၚလာ သန္း ၆၀ ေလာက္ ရွိပါတယ္။

သူတို႔ လင္မယားႏွစ္ေယာက္ဟာ အတူရွိစဥ္တုန္းကလည္း စတုရန္းေပ ၈,၈၀၀ ေလာက္အက်ယ္အဝန္းရွိတဲ့ အိမ္ျခံေျမတစ္ခုကို ၂၀၀၉ ခုႏွစ္က ေဒၚလာ ၁၇.၅ သန္းနဲ႔ ဝယ္ခဲ့တာလည္း ရွိသလို စျပီးခြဲေနၾကတဲ့ အေစာပိုင္းတုန္းကလည္း အိမ္တစ္အိမ္တည္းမွာပဲ တူတူဆက္ေနခဲ့ၾကပါေသးတယ္။

Jerry Wang လို႔ ေခၚတဲ့ ကြာရွင္းေပးတဲ့ အက်ိဳးေဆာင္ေရွ႕ေနကေတာ့ “သူတို႔ ႏွစ္ေယာက္တူတူဝယ္ခဲ့တဲ့ အိမ္ကိုေတာ့ အတူတကြ ပိုင္ဆုိင္တယ္လို႔ သေဘာထားၾကျပီး တစ္ေယာက္ခ်င္းစီ ဝယ္ထားတဲ့ အိမ္ေတြကို ကုိယ္ပုိင္အိမ္အျဖစ္သတ္မွတ္ျပီး ေဝစုခြဲမွာ မဟုတ္ဘူး” လို႔လည္း ေျပာၾကားခဲ့ပါတယ္။

သူတို႔ ပိုင္ဆုိင္မႈေတြကို ဘယ္လို ခြဲမလဲဆိုတဲ့ ေနာက္တစ္ခ်က္ကေတာ့ သူတို႔ အိမ္ေထာင္သက္အေပၚမူတည္ျပီး ခြဲမွာပါတဲ့ဗ်ာ။ အိမ္ေထာင္သက္ ၁၀ ႏွစ္ဆုိတာ “ၾကာရွည္တဲ့ အိမ္ေထာင္ေရးသက္တမ္း” လို႔ သတ္မွတ္တဲ့အတြက္ ကိုယ့္အိမ္ေထာင္ဘက္ရဲ႕ ဘဝတစ္ေလွ်ာက္လံုး ေထာက္ပံ့ေပးဖို႔ ပံုမွန္ဆုိရင္ တာဝန္ရွိပါတယ္။ ဒါေပမယ့္ ေလာ့အိန္ဂ်လိစ္ရဲ့ တရားရံုးအမ်ားစုကေတာ့ အိမ္ေထာင္ဘက္ႏွစ္ေယာက္ဟာ ကိုယ့္ဘာသာကို ရပ္တည္ႏုိင္စြမ္းရွိရင္ တစ္ေယာက္ကို တစ္ေယာက္ ေထာက္ပံ့ေနဖို႔ မလိုဘူးလို႔ ယူဆၾကပါတယ္။ ဒါေၾကာင့္ ကယ္လီဖုိးနီးယားျပည္နယ္ရဲ႕ အယူအဆအရ ပိုင္ဆုိင္မႈေတြကို ၅၀-၅၀ သာခဲြဖို႔ ရွိတယ္လို႔ Jerry Wang က သံုးသပ္ေျပာၾကားသြားပါတယ္။

ဒါေၾကာင့္ Ben နဲ႔ Jen ရဲ႕ အိမ္ေထာင္ေရးခြာျပဲမႈမွာ သူမသာ ကိုယ္မနာအေနအထားနဲ႔သာ ပိုင္ဆုိင္မႈေတြကို ခြဲေဝဖို႔ ရွိေနခဲ့ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : People.com
[Unicode]

ကွာရှင်းပြတ်စဲမှုကို အဆုံးသတ်လိုက်တဲ့ Jennifer Garner တို့ စုံတွဲ ပိုင်ဆိုင်မှုတွေကို ဘယ်လို ခွဲကြမလဲ

ခွဲနေကြတာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ နာမည်ကြီးစုံတွဲဟောင်း မင်းသား Jennifer Garner နဲ့ မင်းသား Ben Affleck တို့ဟာ ကွာရှင်းပြတ်စဲမှုကို အပြီးသတ်လိုက်ကြပြီ ဖြစ်ပါတယ်။

အသက် ၄၆ နှစ်ကိုယ်စီရှိပြီဖြစ်တဲ့ Jennifer Garner နဲ့ Ben Affleck တို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရှေ့နေ၊ Private Judge နဲ့ Garner ရဲ့ အိမ်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ Garner ရဲ့ ဘက်က ဒီကွာရှင်းမှုကို ကိုင်တွယ်ဖို့ Private Judge ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Jennifer Garner နဲ့ Ben Affleck ဟာ အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ သမီးကြီး Violet ၊ အသက် ၉ နှစ်ရှိပြီဖြစ်တဲ့ သမီးလတ် Seraphina နဲ့ အသက် ၆ နှစ်ရှိပြီဖြစ်တဲ့ သားငယ် Samuel တို့ ရှိကြပါတယ်။ ၂၀၀၅ ခုနှစ်က စတင်လက်တွဲခဲ့ကြတဲ့ သူတို့ အိမ်ထောင်သက် ၁၀နှစ်မှာ ပိုင်ဆိုင်ကြွယ်ဝမှုအများကြီးရှိခဲ့ပြီး လက်ထပ်ပွားပိုင်ဆိုင်မှုတန်ဖိုးက ဒေါ်လာ သန်း ၁၉၀ လောက် အကြမ်းဖျင်း ရှိပါလိမ့်မယ်။

၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက် မှာ လမ်းခွဲလိုက်ကြပြီလို့ ကြေညာခဲ့တဲ့ Ben Affleck နဲ့ Jennifer Garner တို့ စုံတွဲဟာ ခုလို ကွာရှင်းချိန်မှာ ပိုင်ဆိုင်မှုတွေကို ဘယ်လို ခွဲဝေကြမှာပါလဲ။

Forbes က ရရှိတဲ့ သတင်းတွေအရတော့ Ben Affleck ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာပဲ Batman v Superman : Dawn of Justice ဇာတ်ကားနဲ့ ဝင်ငွေဒေါ်လာ ၄၃သန်းလောက် အကြမ်းဖျင်းရရှိခဲ့ပြီး သူ့သရုပ်ဆောင်သက်တမ်းတစ်လျှောက်မှာလည်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် ဇာတ်ကားဝင်ငွေ ဒေါ်လာ သန်း ၈၇၀ ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း သူပါဝင်ခဲ့တဲ့ Justice League ဟာ ကမ္ဘာတဝှမ်းဝင်ငွေ ဒေါ်လာ ၈၈၄သန်းရရှိထားပါသေးတယ်။

ဒါကြောင့် Ben Affleck ဟာ ဘဏ်မှာ ဒေါ်လာ သန်း ၁၃၀ လောက် စုမိဆောင်းမိရှိထားမယ်လို့ CelebrityNetWorth.com က ဖော်ပြထားပါတယ်။

Jennifer Garner ရဲ့ ရုပ်ရှင်ရိုက်ကူးရာက ရတဲ့ ဝင်ငွေကတော့ ဘာမှသိပ်မဟုတ်ဘဲ Neutrogena နဲ့ Capital One လို ကုမ္ပဏီတွေအတွက် အကျိုးအမြတ်များတဲ့ ကြော်ငြာတွေ ရိုက်ကူးတဲ့ ဝင်ငွေက များပါတယ်။ ဒါကြောင့် CelebrityNetWorth.com က တွက်တဲ့ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုက ဒေါ်လာ သန်း ၆၀ လောက် ရှိပါတယ်။

သူတို့ လင်မယားနှစ်ယောက်ဟာ အတူရှိစဉ်တုန်းကလည်း စတုရန်းပေ ၈,၈၀၀ လောက်အကျယ်အဝန်းရှိတဲ့ အိမ်ခြံမြေတစ်ခုကို ၂၀၀၉ ခုနှစ်က ဒေါ်လာ ၁၇.၅ သန်းနဲ့ ဝယ်ခဲ့တာလည်း ရှိသလို စပြီးခွဲနေကြတဲ့ အစောပိုင်းတုန်းကလည်း အိမ်တစ်အိမ်တည်းမှာပဲ တူတူဆက်နေခဲ့ကြပါသေးတယ်။

Jerry Wang လို့ ခေါ်တဲ့ ကွာရှင်းပေးတဲ့ အကျိုးဆောင်ရှေ့နေကတော့ “သူတို့ နှစ်ယောက်တူတူဝယ်ခဲ့တဲ့ အိမ်ကိုတော့ အတူတကွ ပိုင်ဆိုင်တယ်လို့ သဘောထားကြပြီး တစ်ယောက်ချင်းစီ ဝယ်ထားတဲ့ အိမ်တွေကို ကိုယ်ပိုင်အိမ်အဖြစ်သတ်မှတ်ပြီး ဝေစုခွဲမှာ မဟုတ်ဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။

သူတို့ ပိုင်ဆိုင်မှုတွေကို ဘယ်လို ခွဲမလဲဆိုတဲ့ နောက်တစ်ချက်ကတော့ သူတို့ အိမ်ထောင်သက်အပေါ်မူတည်ပြီး ခွဲမှာပါတဲ့ဗျာ။ အိမ်ထောင်သက် ၁၀ နှစ်ဆိုတာ “ကြာရှည်တဲ့ အိမ်ထောင်ရေးသက်တမ်း” လို့ သတ်မှတ်တဲ့အတွက် ကိုယ့်အိမ်ထောင်ဘက်ရဲ့ ဘဝတစ်လျှောက်လုံး ထောက်ပံ့ပေးဖို့ ပုံမှန်ဆိုရင် တာဝန်ရှိပါတယ်။ ဒါပေမယ့် လော့အိန်ဂျလိစ်ရဲ့ တရားရုံးအများစုကတော့ အိမ်ထောင်ဘက်နှစ်ယောက်ဟာ ကိုယ့်ဘာသာကို ရပ်တည်နိုင်စွမ်းရှိရင် တစ်ယောက်ကို တစ်ယောက် ထောက်ပံ့နေဖို့ မလိုဘူးလို့ ယူဆကြပါတယ်။ ဒါကြောင့် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အယူအဆအရ ပိုင်ဆိုင်မှုတွေကို ၅၀-၅၀ သာခွဲဖို့ ရှိတယ်လို့ Jerry Wang က သုံးသပ်ပြောကြားသွားပါတယ်။

ဒါကြောင့် Ben နဲ့ Jen ရဲ့ အိမ်ထောင်ရေးခွာပြဲမှုမှာ သူမသာ ကိုယ်မနာအနေအထားနဲ့သာ ပိုင်ဆိုင်မှုတွေကို ခွဲဝေဖို့ ရှိနေခဲ့ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : People.com