[Zawgyi]

အသားတင္ၾကြယ္ဝမႈ ေဒၚလာ ၆.၂၈ ဘီလီယံ တက္သြားတဲ့ Jeff Bezos

၂ဝ၁၈ခုႏွစ္ ႏုိဝင္ဘာလ (၂၆) ရက္ေန႔မွာ က်ေရာက္တဲ့ Cyber Monday ေန႔မွာ Amazon ကုမၸဏီရဲ႕ ေရာင္းအားဟာ ျမင့္တက္သြားခဲ့ပါတယ္။ Cyber Monday ဆုိတာ ေက်းဇူးေတာ္ေန႔ (ႏုိဝင္ဘာလ ၂၂ရက္ေန႔) ေနာက္မွာ က်ေရာက္တဲ့ ပထမဆုံးတနလၤာေန႔ကုိ ဆုိလုိတာပါ။ အားလပ္ရက္ျဖစ္တဲ့ ေက်းဇူးေတာ္ေန႔မွာ အလုပ္မ်ားၾကတဲ့သူေတြအေနနဲ႔ ရုံးဖြင့္ရက္ျဖစ္တဲ့ တနလၤာေန႔မွာ အြန္လုိင္းကေန ေစ်းဝယ္ႏုိင္ေအာင္လုိ႔ Cyber Monday ကုိ ဖန္တီးခဲ့ၾကတဲ့သေဘာပါ။

Cyber Monday ဟာ Amazon ကုမၸဏီသမုိင္းမွာ ေရာင္းအားအေကာင္းဆုံးလုိ႔ ေၾကညာခဲ့ၿပီး Cyber Monday နဲ႔ Black Friday (ေက်းဇူးေတာ္ေန႔ေနာက္မွာ က်ေရာက္တဲ့ ေသာၾကာေန႔) မွာ အရုပ္ (၁၈) သန္းနဲ႔ ဖက္ရွင္ပစၥည္း (၁၃) သန္းကုိ မွာယူၾကတယ္လုိ႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ႏုိဝင္ဘာလ ၂၆ရက္ေန႔ (တနလၤာေန႔) စေတာ့ေစ်းကြက္ပိတ္ခ်ိန္မွာ Amazon ရဲ႕ ရွယ္ယာတစ္ယူနစ္ဟာ ၁၅၈၁.၃၃ ေဒၚလာျဖစ္သြားၿပီး ၅.၃ ရာခုိင္ႏႈန္းတက္လာတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ဒါ့ေၾကာင့္ Amazon ကုမၸဏီမွာ (၁၆.၉) ရာခုိင္ႏႈန္းအထိ ပုိင္ဆုိင္ထားတဲ့ Jeff Bezos ဟာ ေဒၚလာ ၆.၂၈ ဘီလီယံ တက္သြားၿပီး အသားတင္ၾကြယ္ဝမႈ ေဒၚလာ ၁၃၁ ဘီလီယံျဖစ္လာခဲ့ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အသားတင်ကြွယ်ဝမှု ဒေါ်လာ ၆.၂၈ ဘီလီယံ တက်သွားတဲ့ Jeff Bezos

၂ဝ၁၈ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့မှာ ကျရောက်တဲ့ Cyber Monday နေ့မှာ Amazon ကုမ္ပဏီရဲ့ ရောင်းအားဟာ မြင့်တက်သွားခဲ့ပါတယ်။ Cyber Monday ဆိုတာ ကျေးဇူးတော်နေ့ (နိုဝင်ဘာလ ၂၂ရက်နေ့) နောက်မှာ ကျရောက်တဲ့ ပထမဆုံးတနင်္လာနေ့ကို ဆိုလိုတာပါ။ အားလပ်ရက်ဖြစ်တဲ့ ကျေးဇူးတော်နေ့မှာ အလုပ်များကြတဲ့သူတွေအနေနဲ့ ရုံးဖွင့်ရက်ဖြစ်တဲ့ တနင်္လာနေ့မှာ အွန်လိုင်းကနေ ဈေးဝယ်နိုင်အောင်လို့ Cyber Monday ကို ဖန်တီးခဲ့ကြတဲ့သဘောပါ။

Cyber Monday ဟာ Amazon ကုမ္ပဏီသမိုင်းမှာ ရောင်းအားအကောင်းဆုံးလို့ ကြေညာခဲ့ပြီး Cyber Monday နဲ့ Black Friday (ကျေးဇူးတော်နေ့နောက်မှာ ကျရောက်တဲ့ သောကြာနေ့) မှာ အရုပ် (၁၈) သန်းနဲ့ ဖက်ရှင်ပစ္စည်း (၁၃) သန်းကို မှာယူကြတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၆ရက်နေ့ (တနင်္လာနေ့) စတော့ဈေးကွက်ပိတ်ချိန်မှာ Amazon ရဲ့ ရှယ်ယာတစ်ယူနစ်ဟာ ၁၅၈၁.၃၃ ဒေါ်လာဖြစ်သွားပြီး ၅.၃ ရာခိုင်နှုန်းတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် Amazon ကုမ္ပဏီမှာ (၁၆.၉) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားတဲ့ Jeff Bezos ဟာ ဒေါ်လာ ၆.၂၈ ဘီလီယံ တက်သွားပြီး အသားတင်ကြွယ်ဝမှု ဒေါ်လာ ၁၃၁ ဘီလီယံဖြစ်လာခဲ့ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com