[Zawgyi]

ႏွစ္ရက္အတြင္း ေဒၚလာ ၁၉.၂ ဘီလီယံအထိကုိ စံခ်ိန္တင္ဆုံးရႈံးသြားတဲ့ Jeff Bezos

အေမရိကန္ႏုိင္ငံနဲ႔ တရုတ္ႏုိင္ငံၾကားမွာ ျဖစ္ပြားေနတဲ့ ကုန္သြယ္စစ္၊ ကမၻာ့စီးပြားေရးမၿငိမ္မသက္မႈေတြက အမ်ားပုိင္ကုမၸဏီေတြရဲ႕ ရွယ္ယာေစ်းကြက္ကုိ ကေမာက္ကမျဖစ္ေစတယ္။ အထူးသျဖင့္ နည္းပညာကုမၸဏီေတြက ပုိအထိနာတယ္။ ေအာက္တုိဘာလစကတည္းက နည္းပညာကုမၸဏီေတြရဲ႕ ရွယ္ယာေစ်းႏႈန္းေတြဟာ ထုိးက်ကုန္လုိ႔ ရွယ္ယာေတြ အမ်ားႀကီးပုိင္ဆုိင္ထားတဲ့ လုပ္ငန္းရွင္ႀကီးေတြ နစ္နာရတယ္။

Amazon သူေဌးႀကီး Jeff Bezos ဆုိရင္လည္း ေနာက္ဆုံးႏွစ္ရက္ (ေအာက္တုိဘာလ ၂၅ရက္နဲ႔ ၂၆ရက္) အတြင္းမွာ ေဒၚလာ ၁၉.၂ ဘီလီယံအထိကုိ ဆုံးရံႈးသြားခဲ့တယ္။ ဒါဟာ ရွယ္ယာသမုိင္းမွာ အႀကီးမားဆုံးနစ္နာမႈပါပဲ။ Facebook–Cambridge Analytica Data Scandal ျဖစ္ရပ္အၿပီးမွာ ဇူလုိင္လတုန္းက Facebook ရဲ႕ ရွယ္ယာေစ်းႏႈန္းေတြ ထုိးက်ကုန္ၿပီး Mark Zuckerberg ရဲ႕ အသားတင္ၾကြယ္ဝမႈလည္း ေဒၚလာ ၁၆.၅ ဘီလီယံအထိ က်သြားဖူးတယ္။ ဒါေပမယ့္ Jeff Bezos ဆုံးရႈံးသြားတဲ့ပမာဏက ပုိမ်ားတယ္။

ေအာက္တုိဘာလ (၂၅) ရက္ေန႔မွာ Amazon ရဲ႕ ရွယ္ယာေစ်းႏႈန္းဟာ ၆.၃ ရာခုိင္ႏႈန္း က်သြားတယ္၊ ၿပီးေတာ့ (၂၆) ရက္ေန႔မွာ ၇.၈ ရာခုိင္ႏႈန္းအထိကုိ ထပ္က်တယ္။ ဒါ့ေၾကာင့္ Amazon ကုမၸဏီရဲ႕ ရွယ္ယာ ၁၆.၉ ရာခုိင္ႏႈန္းကုိ ပုိင္ဆုိင္ထားတဲ့ Jeff Bezos ဟာ ေဒၚလာ ၁၉.၂ ဘီလီယံအထိကုိ ဆုံးရံႈးသြားတာပါ။ ဘီလ်ံနာေတြအတြက္ မေျပာပေလာက္ေပမယ့္ သာမန္လူေတြဆုိရင္ မပဋာေျမလူးရမွာပဲ။ ေအာက္တုိဘာလ (၂၅) ရက္ေန႔ေရာက္မွ Amazon ရဲ႕ ရွယ္ယာေစ်းႏႈန္းေတြက်တာ မဟုတ္ပါဘူး။ ေအာက္တုိဘာလ (၁) ရက္ေန႔တည္းက တရိပ္ရိပ္က်ေနတာပါ။ ဒါ့ေၾကာင့္ ေအာက္တုိဘာလဟာ Jeff Bezos အတြက္ ကံဆုိးမုိးေမွာင္က်ေစတဲ့လလုိ႔ ဆုိခ်င္တာပါ။

ေအာက္တုိဘာလ (၁) ရက္ေန႔မွာ အသားတင္ၾကြယ္ဝမႈ ၁၆၇.၇ ဘီလီယံအထိရွိခဲ့တဲ့ Jeff Bezos ဟာ လက္ရွိအခ်ိန္မွာ ၁၂၈.၁ ဘီလီယံပဲရွိေတာ့တယ္လုိ႔ Bloomberg Billionaires Index ရဲ႕ အဆုိအရ သိရပါတယ္။ ဒါ့ေၾကာင့္ ေအာက္တုိဘာလဟာ သူ႕ကုိ ၃၉.၆ ဘီလီယံနီးပါး ဆုံးရႈံးေစပါတယ္။ ၃၉.၆  ဘီလီယံဆုိတာ နည္းတဲ့ ပမာဏေတာ့ မဟုတ္ဖူး။ Alibaba Group ရဲ႕ Executive Chairman ျဖစ္တဲ့ Jack Ma ရဲဲ႕ ပုိင္ဆုိင္မႈထက္ေတာင္ ပုိမ်ားေသးတယ္။

ႏွစ္ရက္အတြင္းမွာ ၁၉.၂ ဘီလီယံဆုံးရႈံးတာ သူ႕အတြက္ သိပ္မေျပာပေလာက္ဖူး။ သူဟာ ၂ဝ၁၇ခုႏွစ္ ေအာက္တုိဘာလ (၂၆) ရက္ေန႔တုန္းက Amazon ရဲ႕ ရွယ္ယာေစ်းႏႈန္းဟာ (၇.၁) ရာခုိင္ႏႈန္းအထိ ထုိးတက္သြားလုိ႔ (၅) မိနစ္အတြင္းမွာ ၆.၅ ဘီလီယံအထိ တက္သြားတဲ့ သာဓကေတြရွိ္ခဲ့လုိ႔ပါ။

ေအာက္တုိဘာလအတြင္းမွာ ေဒၚလာ ၃၉.၆ ဘီလီယံေလာက္ ဆုံးရႈံးသြားေပမယ့္ ကမၻာ့အခ်မ္းသာဆုံးသူေဌးဆုိတဲ့ ဂုဏ္ပုဒ္က ျပဳတ္သြားမွာ မဟုတ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကမၻာ့ဒုတိယအခ်မ္းသာဆံုး Bill Gates ဟာ ၉၂.၈ ဘီလီယံပဲ ရွိေသးလုိ႔ပါ။ ေဒၚလာ ၃၅.၃ ဘီလီယံအထိ ကြာျခားေသးတဲ့အတြက္ ဒီပမာဏဟာ အလြယ္တကူ မီႏုိင္တဲ့အေနအထားေတာ့ မေရာက္ေသးပါဘူး။

အေမရိကန္သမၼတ Donald Trump နဲ႔ တရုတ္သမၼတ Xi Jinping တုိ႔ အားၿပိဳင္ေနတဲ့ ကုန္သြယ္မႈစစ္ပြဲမွာေတာ့ ႏွစ္ဖက္စလုံးမွာရွိတဲ့ လုပ္ငန္းရွင္ေတြ အထိနာခဲ့ၾကတာေတာ့ အမွန္ပါပဲ။ ႏုိင္ငံ့ေခါင္းေဆာင္ႏွစ္ဦး ေျပလည္သြားမွသာ ရွယ္ယာေစ်းႏႈန္းေတြ ဦးေမာ့လာမယ္လုိ႔ သုံးသပ္မိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

နှစ်ရက်အတွင်း ဒေါ်လာ ၁၉.၂ ဘီလီယံအထိကို စံချိန်တင်ဆုံးရှုံးသွားတဲ့ Jeff Bezos

အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာ ဖြစ်ပွားနေတဲ့ ကုန်သွယ်စစ်၊ ကမ္ဘာ့စီးပွားရေးမငြိမ်မသက်မှုတွေက အများပိုင်ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးကွက်ကို ကမောက်ကမဖြစ်စေတယ်။ အထူးသဖြင့် နည်းပညာကုမ္ပဏီတွေက ပိုအထိနာတယ်။ အောက်တိုဘာလစကတည်းက နည်းပညာကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ထိုးကျကုန်လို့ ရှယ်ယာတွေ အများကြီးပိုင်ဆိုင်ထားတဲ့ လုပ်ငန်းရှင်ကြီးတွေ နစ်နာရတယ်။

Amazon သူဌေးကြီး Jeff Bezos ဆိုရင်လည်း နောက်ဆုံးနှစ်ရက် (အောက်တိုဘာလ ၂၅ရက်နဲ့ ၂၆ရက်) အတွင်းမှာ ဒေါ်လာ ၁၉.၂ ဘီလီယံအထိကို ဆုံးရှုံးသွားခဲ့တယ်။ ဒါဟာ ရှယ်ယာသမိုင်းမှာ အကြီးမားဆုံးနစ်နာမှုပါပဲ။ Facebook–Cambridge Analytica Data Scandal ဖြစ်ရပ်အပြီးမှာ ဇူလိုင်လတုန်းက Facebook ရဲ့ ရှယ်ယာဈေးနှုန်းတွေ ထိုးကျကုန်ပြီး Mark Zuckerberg ရဲ့ အသားတင်ကြွယ်ဝမှုလည်း ဒေါ်လာ ၁၆.၅ ဘီလီယံအထိ ကျသွားဖူးတယ်။ ဒါပေမယ့် Jeff Bezos ဆုံးရှုံးသွားတဲ့ပမာဏက ပိုများတယ်။

အောက်တိုဘာလ (၂၅) ရက်နေ့မှာ Amazon ရဲ့ ရှယ်ယာဈေးနှုန်းဟာ ၆.၃ ရာခိုင်နှုန်း ကျသွားတယ်၊ ပြီးတော့ (၂၆) ရက်နေ့မှာ ၇.၈ ရာခိုင်နှုန်းအထိကို ထပ်ကျတယ်။ ဒါ့ကြောင့် Amazon ကုမ္ပဏီရဲ့ ရှယ်ယာ ၁၆.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ Jeff Bezos ဟာ ဒေါ်လာ ၁၉.၂ ဘီလီယံအထိကို ဆုံးရှုံးသွားတာပါ။ ဘီလျံနာတွေအတွက် မပြောပလောက်ပေမယ့် သာမန်လူတွေဆိုရင် မပဋာမြေလူးရမှာပဲ။ အောက်တိုဘာလ (၂၅) ရက်နေ့ရောက်မှ Amazon ရဲ့ ရှယ်ယာဈေးနှုန်းတွေကျတာ မဟုတ်ပါဘူး။ အောက်တိုဘာလ (၁) ရက်နေ့တည်းက တရိပ်ရိပ်ကျနေတာပါ။ ဒါ့ကြောင့် အောက်တိုဘာလဟာ Jeff Bezos အတွက် ကံဆိုးမိုးမှောင်ကျစေတဲ့လလို့ ဆိုချင်တာပါ။

အောက်တိုဘာလ (၁) ရက်နေ့မှာ အသားတင်ကြွယ်ဝမှု ၁၆၇.၇ ဘီလီယံအထိရှိခဲ့တဲ့ Jeff Bezos ဟာ လက်ရှိအချိန်မှာ ၁၂၈.၁ ဘီလီယံပဲရှိတော့တယ်လို့ Bloomberg Billionaires Index ရဲ့ အဆိုအရ သိရပါတယ်။ ဒါ့ကြောင့် အောက်တိုဘာလဟာ သူ့ကို ၃၉.၆ ဘီလီယံနီးပါး ဆုံးရှုံးစေပါတယ်။ ၃၉.၆  ဘီလီယံဆိုတာ နည်းတဲ့ ပမာဏတော့ မဟုတ်ဖူး။ Alibaba Group ရဲ့ Executive Chairman ဖြစ်တဲ့ Jack Ma ရဲ့ ပိုင်ဆိုင်မှုထက်တောင် ပိုများသေးတယ်။

နှစ်ရက်အတွင်းမှာ ၁၉.၂ ဘီလီယံဆုံးရှုံးတာ သူ့အတွက် သိပ်မပြောပလောက်ဖူး။ သူဟာ ၂ဝ၁၇ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့တုန်းက Amazon ရဲ့ ရှယ်ယာဈေးနှုန်းဟာ (၇.၁) ရာခိုင်နှုန်းအထိ ထိုးတက်သွားလို့ (၅) မိနစ်အတွင်းမှာ ၆.၅ ဘီလီယံအထိ တက်သွားတဲ့ သာဓကတွေရှိခဲ့လို့ပါ။

အောက်တိုဘာလအတွင်းမှာ ဒေါ်လာ ၃၉.၆ ဘီလီယံလောက် ဆုံးရှုံးသွားပေမယ့် ကမ္ဘာ့အချမ်းသာဆုံးသူဌေးဆိုတဲ့ ဂုဏ်ပုဒ်က ပြုတ်သွားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး Bill Gates ဟာ ၉၂.၈ ဘီလီယံပဲ ရှိသေးလို့ပါ။ ဒေါ်လာ ၃၅.၃ ဘီလီယံအထိ ကွာခြားသေးတဲ့အတွက် ဒီပမာဏဟာ အလွယ်တကူ မီနိုင်တဲ့အနေအထားတော့ မရောက်သေးပါဘူး။

အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ အားပြိုင်နေတဲ့ ကုန်သွယ်မှုစစ်ပွဲမှာတော့ နှစ်ဖက်စလုံးမှာရှိတဲ့ လုပ်ငန်းရှင်တွေ အထိနာခဲ့ကြတာတော့ အမှန်ပါပဲ။ နိုင်ငံ့ခေါင်းဆောင်နှစ်ဦး ပြေလည်သွားမှသာ ရှယ်ယာဈေးနှုန်းတွေ ဦးမော့လာမယ်လို့ သုံးသပ်မိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com