[Zawgyi]

ေအာင္ျမင္ဖို႔အတြက္ ဘီလ်ံနာသူေဌးႀကီး Jeff Bezos က်င့္သံုးေလ့ရွိတဲ့ နည္းလမ္းေလးသြယ္

Jeff Bezos လို႔ေျပာလုိက္တာနဲ႔ Amazon လို႔ေခၚတဲ႔ အႀကီးမားဆံုး Online လက္လီအေရာင္းဆိုင္ တည္ေထာင္သူအျဖစ္ ေျပးျမင္ၾကတာေတာ့ ျငင္းလို႔မရပါဘူးေနာ္။ ဒီလို ေအာင္ျမင္ေက်ာ္ၾကား လူသိမ်ားတဲ႔ Online လက္လီအေရာင္းဆိုင္တစ္ခုျဖစ္ေအာင္ Jeff Bezos ဘယ္လိုအခ်က္ေတြကို လက္ကိုင္က်င့္သံုးၿပီး ႀကိဳးစားရုန္းကန္ခဲ႔လဲဆိုတာကလည္း ႀကီးပြားခ်မ္းသာဖို႔ ႀကိဳးစားေနသူေတြ ဖတ္ရႈေလ့လာမွတ္သားၿပီး လုိက္နာက်င္႔သံုးၾကည့္ဖို႔ မွ်ေဝေပးခ်င္ပါတယ္။

Jeff Bezos and Amazon

Jeff Bezos and Amazon

သူအျမဲေျပာေလ့ရွိတဲ႔ စကားတစ္ခြန္းကေတာ့ ဘယ္အလုပ္ကိုမဆို ေရတိုကိုၾကည္႔တာထက္ ေရရွည္ၾကည္႔ၿပီး လုပ္ဖို႔ စိတ္ထဲမွာ စဲြစဲြျမဲျမဲမွတ္သားထားဖုိ႔ အေရးႀကီးဆံုးပါပဲ။ ဒါ့အျပင္ ေအာင္ျမင္ဖို႔အတြက္ သူ႔လက္ကိုင္ထားတဲ႔ အေျခခံအခ်က္တခ်ဳိ႕ကေတာ့…..

(၁) ပတ္ပတ္လည္မွာ အေကာင္းဆံုးအဖဲြ႔အစည္းေတြနဲ႔ ဝန္းရံထားပါ

ဝန္ထမ္းတစ္ေယာက္ ခန္႔အပ္ေတာ့မယ္ဆိုရင္ အင္တာဗ်ဳးကတည္းက အလားအလာရွိတဲ့ ဝန္ထမ္းေကာင္း၊ သင္ၾကားျပသေပးရင္ ပိုမိုတိုးတက္ေအာင္ျမင္လာႏိုင္ေခ်ရွိတဲ႔ ဝန္ထမ္းေကာင္း၊ ႀကိဳးစားလိုစိတ္ရွိတဲ့ ဝန္ထမ္းေကာင္း ဟုတ္မဟုတ္ ႀကိဳတင္အကဲခတ္ၿပီးမွ ခန္႔အပ္သင္႔တယ္လို႔ Bezos က ေျပာၾကားဖူးပါတယ္။ ဒီလို အလားအလာရွိတဲ႔ ဝန္ထမ္းေကာင္းေတြ ကုမၸဏီမွာ ဝန္းရံထားမွသာ ကုမၸဏီက အရွိန္အဟုန္နဲ႔ တိုးတက္ေနမွာ ျဖစ္ပါတယ္။ ဝန္ထမ္းေတြ အလုပ္ခြင္မွာ ေပ်ာ္ရႊင္ၿပီး ႀကိဳးစားလိုစိတ္ျဖစ္ေအာင္ ဝန္ထမ္းစြမ္းရည္သံုးသပ္ခ်က္ကို အတတ္ႏိုင္ဆံုး သံုးလတစ္ႀကိမ္ (သို႔) ႏွစ္ပတ္လည္တစ္ႀကိမ္ေလာက္ေတာ့ ကုမၸဏီက လုပ္ေပးသင္႔ၿပီး အရည္အခ်င္းရွိသူကို ထိုက္သင့္တဲ႔ ရာထူးေတြ ခန္႔အပ္ေပးကာ အရည္အခ်င္းမျပည္႔ဝေသးတဲ႔သူေတြကိုေတာ့ Training ေတြေပးကာ အရည္အခ်င္းေတြ တက္လာေအာင္ ျပဳလုပ္ေပးသင္႔ပါတယ္။ ဒီလိုျပဳလုပ္ေပးမွ ဝန္ထမ္းေတြလည္းေပ်ာ္ၿပီး စြမ္းရည္ျပည္႔ဝတဲ႔ ဝန္ထမ္းေကာင္းေတြ ကုမၸဏီမွာ ျမဲေနမွာျဖစ္ပါတယ္။

(၂) အမွားေတြကေနသင္ခန္းစာယူပါ

Amazon ဟာ နာမည္ေက်ာ္ ကုမၸဏီျဖစ္တာနဲ႔အညီ အႀကိမ္ႀကိမ္ က်ရႈံးခဲ႔ဖူးတဲ႔ ကုမၸဏီလည္း ျဖစ္တယ္ဆိုတာကို တစ္ၿပိဳင္နက္ထဲ သိထားသင္႔ပါတယ္။ Amazon ဟာ eBay နဲ႔ ယွဥ္ၿပိဳင္ဖို႔အတြက္ Bezos ဟာ သူကိုယ္ပိုင္မူနဲ႔ စတင္ေဆာင္ရြက္ခဲ႔ဖူးပါတယ္။ ဒါေပမယ္႔ က်ရႈံးခဲ႔ပါတယ္။ က်ရႈံးမႈမရွိဘဲ တီထြင္ဆန္းသစ္မႈအသစ္ေတြ ထြက္ေပၚလာတာ မဟုတ္ပါဘူး။ အသစ္သစ္ေတြ ဖန္တီးျပဳလုပ္တဲ႔အခါ အခ်ိန္အၾကာႀကီး ႀကိဳးစားရုန္းကန္ရတာ က်ရႈံးမႈေတြ ထပ္ခါထပ္ခါျဖစ္တာကိုေတာ့ ႀကံဳေတြ႔ရႏိုင္ပါတယ္။ အဲဒီလို က်ရႈံးမႈေတြကေန ထပ္ခါထပ္ခါ သင္ယူေလ့လာၿပီး ေလ့က်င္မႈေတြ ျပဳလုပ္လိုက္ရင္ ပိုမိုေအာင္ျမင္လာႏိုင္ပါတယ္။ က်ရႈံးမႈေတြ ႀကံဳေတြ႔လာခဲ႔ရင္ အမွားေတြကေန သင္ခန္းစာယူၿပီး ျပန္ထဖို႔ Bezos က အၾကံေပးခဲ႔ပါတယ္။

Jeff Bezos

Jeff Bezos

(၃) ၿခိဳးျခံေခၽြတာပါ

ၿခိဳးျခံေခၽြတာၿပီးသံုးစဲြတာက ေခတ္သစ္ ေအာင္ျမင္ေက်ာ္ၾကားလာတဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြတိုင္း က်င့္သံုးတဲ့ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ Jeff Bezos က ထိုနည္းလမ္းေတြကို က်င္႔သံုးတဲ႔ လူေတြထဲက တစ္ေယာက္ပါပဲ။ Amazon ဟာ အခ်ိန္နဲ႔အမွ် တရိပ္ရိပ္နာမည္တက္လာတဲ႔ နာမည္ႀကီးကုမၸဏီတစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ သူဟာ တန္ဖိုးႀကီးတဲ႔ ရုိးရာစားပဲြခံုေတြနဲ႔ ကုလားထိုင္ေတြထားရွိမယ္႔အစား ေစ်းအရမ္းမႀကီးတဲ႔ တံခါးေတြကို ကိုယ္ပိုင္သေကၤတအေနနဲ႔ ထားရွိထားပါတယ္။ Bezos ေျပာေလ့ရွိတာတစ္ခုကေတာ့ ေငြေတြ မလိုအပ္တဲ႔ ေနရာေတြမွာ သံုးတာထက္စာရင္ တီထြင္မႈေတြမွာ ရင္ႏွီးျမွဳပ္ႏွံတာက ေအာင္ျမင္မႈနဲ႔ ေငြျပန္ရႏိုင္တဲ႔ လမ္းေၾကာင္းပိုမ်ားပါတယ္။ ဒါေၾကာင္႔မို႔ သံုးသင့္တာလား မသံုးသင္႔တာလား ေသခ်ာခဲြျခားၿပီး ရင္ႏွီးျမွဳပ္ႏွံပါလုိ႔ အၾကံေပးထားပါတယ္။

(၄) ႀကီးႀကီးမားမားစိတ္ကူးပါ

Amazon ကို လူေတြက Online လက္လီအေရာင္းဆုိင္အေနနဲ႔သာ လူသိမ်ားၾကေသာ္လည္း အမွန္မွာေတာ့ Online Bookstore နဲ႔ Online လက္လီအေရာင္းဆိုင္သာ ျပဳလုပ္ဖို႔ ရည္ရြယ္ခဲ႔တာ မဟုတ္ပါဘူး။ Amazon စတည္ေထာင္တုန္းက ေစ်းကြက္ထဲကို ဝင္ဖို႔ စာအုပ္ကသာ အလြယ္ကူဆံုး စီးပြားေရးလမ္းေၾကာင္း ျဖစ္ခဲ့တဲ႔အတြက္ Online Bookstore နဲ႔ စတင္ျဖစ္ခဲ႔တာပါ။ ၂၀၀၀ ခုနစ္တုန္းက Jeff Bezos က Blue Origin လုိ႔ေခၚတဲ႔ အာကသစူးစမ္းရွာေဖြေရးကုမၸဏီကို လွ်ဳိ႕ဝွက္စြာ တည္ေထာင္ခဲ႔ပါတယ္။ ဒီကုမၸဏီကို တည္ေထာင္ရတဲ႔ အဓိကရည္ရြယ္ခ်က္ကေတာ့ လွ်ဳိ႕ဝွက္နက္နဲတဲ႔ အာကသဟင္းလင္းျပင္ကို ရွာေဖြဖို႔သာမက ကမာၻ႔ေျမႀကီးပ်က္စီးရင္ ေျပာင္းေရြ႕ေနထိုင္ဖို႔ တျခားျဂိဳဟ္ကမာၻကို ရွာေဖြဖို႔အထိ ႀကီးမားတဲ႔စိတ္ကူးနဲ႔ တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။

ကိုယ့္အိပ္မက္ေတြ ေအာင္ျမင္ေပါက္ေျမာက္ၿပီး မျဖစ္ႏိုင္ဘူးလို႔ထင္ကာ စိတ္ကူးေတြထဲမွာ သိမ္းထားမယ္႔အစား၊ ဘယ္ႏွစ္ခါပဲ က်ရႈံးပါေစ လက္ေလ်ာ့အရႈံးေပးမယ့္အစား ဒီနည္းလမ္းေလးေတြကို ကိုယ္ပိုင္နည္းလမ္းေလးေတြနဲ႔ ေပါင္းစပ္ကာ အျမဲႀကိဳးစားမယ္ဆိုရင္ တစ္ေန႔မွာလည္း Jeff Bezos ထက္ပိုသာတဲ႔ ေအာင္ျမင္မႈေတြ ပိုင္ဆုိင္တဲ႔သူ ျဖစ္မလားဘူးလို႔ ဘယ္သူမွ မေျပာႏုိင္ပါဘူး။ ဒါေၾကာင္႔မို႔ ဘယ္ေလာက္ပဲ က်ရႈံးပါေစ လက္ေလ်ာ့အရႈံးမေပးဘဲ ေရွ႕ဆက္ေလွ်ာက္လွမ္းပါလို႔ တိုက္တြန္းခ်င္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အောင်မြင်ဖို့အတွက် ဘီလျံနာသူဌေးကြီး Jeff Bezos ကျင့်သုံးလေ့ရှိတဲ့ နည်းလမ်းလေးသွယ်

Jeff Bezos လို့ပြောလိုက်တာနဲ့ Amazon လို့ခေါ်တဲ့ အကြီးမားဆုံး Online လက်လီအရောင်းဆိုင် တည်ထောင်သူအဖြစ် ပြေးမြင်ကြတာတော့ ငြင်းလို့မရပါဘူးနော်။ ဒီလို အောင်မြင်ကျော်ကြား လူသိများတဲ့ Online လက်လီအရောင်းဆိုင်တစ်ခုဖြစ်အောင် Jeff Bezos ဘယ်လိုအချက်တွေကို လက်ကိုင်ကျင့်သုံးပြီး ကြိုးစားရုန်းကန်ခဲ့လဲဆိုတာကလည်း ကြီးပွားချမ်းသာဖို့ ကြိုးစားနေသူတွေ ဖတ်ရှုလေ့လာမှတ်သားပြီး လိုက်နာကျင့်သုံးကြည့်ဖို့ မျှဝေပေးချင်ပါတယ်။

Jeff Bezos and Amazon

Jeff Bezos and Amazon

သူအမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ ဘယ်အလုပ်ကိုမဆို ရေတိုကိုကြည့်တာထက် ရေရှည်ကြည့်ပြီး လုပ်ဖို့ စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်သားထားဖို့ အရေးကြီးဆုံးပါပဲ။ ဒါ့အပြင် အောင်မြင်ဖို့အတွက် သူ့လက်ကိုင်ထားတဲ့ အခြေခံအချက်တချို့ကတော့…..

(၁) ပတ်ပတ်လည်မှာ အကောင်းဆုံးအဖွဲ့အစည်းတွေနဲ့ ဝန်းရံထားပါ

ဝန်ထမ်းတစ်ယောက် ခန့်အပ်တော့မယ်ဆိုရင် အင်တာဗျုးကတည်းက အလားအလာရှိတဲ့ ဝန်ထမ်းကောင်း၊ သင်ကြားပြသပေးရင် ပိုမိုတိုးတက်အောင်မြင်လာနိုင်ချေရှိတဲ့ ဝန်ထမ်းကောင်း၊ ကြိုးစားလိုစိတ်ရှိတဲ့ ဝန်ထမ်းကောင်း ဟုတ်မဟုတ် ကြိုတင်အကဲခတ်ပြီးမှ ခန့်အပ်သင့်တယ်လို့ Bezos က ပြောကြားဖူးပါတယ်။ ဒီလို အလားအလာရှိတဲ့ ဝန်ထမ်းကောင်းတွေ ကုမ္ပဏီမှာ ဝန်းရံထားမှသာ ကုမ္ပဏီက အရှိန်အဟုန်နဲ့ တိုးတက်နေမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ အလုပ်ခွင်မှာ ပျော်ရွှင်ပြီး ကြိုးစားလိုစိတ်ဖြစ်အောင် ဝန်ထမ်းစွမ်းရည်သုံးသပ်ချက်ကို အတတ်နိုင်ဆုံး သုံးလတစ်ကြိမ် (သို့) နှစ်ပတ်လည်တစ်ကြိမ်လောက်တော့ ကုမ္ပဏီက လုပ်ပေးသင့်ပြီး အရည်အချင်းရှိသူကို ထိုက်သင့်တဲ့ ရာထူးတွေ ခန့်အပ်ပေးကာ အရည်အချင်းမပြည့်ဝသေးတဲ့သူတွေကိုတော့ Training တွေပေးကာ အရည်အချင်းတွေ တက်လာအောင် ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးမှ ဝန်ထမ်းတွေလည်းပျော်ပြီး စွမ်းရည်ပြည့်ဝတဲ့ ဝန်ထမ်းကောင်းတွေ ကုမ္ပဏီမှာ မြဲနေမှာဖြစ်ပါတယ်။

(၂) အမှားတွေကနေသင်ခန်းစာယူပါ

Amazon ဟာ နာမည်ကျော် ကုမ္ပဏီဖြစ်တာနဲ့အညီ အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးတဲ့ ကုမ္ပဏီလည်း ဖြစ်တယ်ဆိုတာကို တစ်ပြိုင်နက်ထဲ သိထားသင့်ပါတယ်။ Amazon ဟာ eBay နဲ့ ယှဉ်ပြိုင်ဖို့အတွက် Bezos ဟာ သူကိုယ်ပိုင်မူနဲ့ စတင်ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျရှုံးခဲ့ပါတယ်။ ကျရှုံးမှုမရှိဘဲ တီထွင်ဆန်းသစ်မှုအသစ်တွေ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ အသစ်သစ်တွေ ဖန်တီးပြုလုပ်တဲ့အခါ အချိန်အကြာကြီး ကြိုးစားရုန်းကန်ရတာ ကျရှုံးမှုတွေ ထပ်ခါထပ်ခါဖြစ်တာကိုတော့ ကြုံတွေ့ရနိုင်ပါတယ်။ အဲဒီလို ကျရှုံးမှုတွေကနေ ထပ်ခါထပ်ခါ သင်ယူလေ့လာပြီး လေ့ကျင်မှုတွေ ပြုလုပ်လိုက်ရင် ပိုမိုအောင်မြင်လာနိုင်ပါတယ်။ ကျရှုံးမှုတွေ ကြုံတွေ့လာခဲ့ရင် အမှားတွေကနေ သင်ခန်းစာယူပြီး ပြန်ထဖို့ Bezos က အကြံပေးခဲ့ပါတယ်။

Jeff Bezos

Jeff Bezos

(၃) ခြိုးခြံချွေတာပါ

ခြိုးခြံချွေတာပြီးသုံးစွဲတာက ခေတ်သစ် အောင်မြင်ကျော်ကြားလာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတိုင်း ကျင့်သုံးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Jeff Bezos က ထိုနည်းလမ်းတွေကို ကျင့်သုံးတဲ့ လူတွေထဲက တစ်ယောက်ပါပဲ။ Amazon ဟာ အချိန်နဲ့အမျှ တရိပ်ရိပ်နာမည်တက်လာတဲ့ နာမည်ကြီးကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ တန်ဖိုးကြီးတဲ့ ရိုးရာစားပွဲခုံတွေနဲ့ ကုလားထိုင်တွေထားရှိမယ့်အစား ဈေးအရမ်းမကြီးတဲ့ တံခါးတွေကို ကိုယ်ပိုင်သင်္ကေတအနေနဲ့ ထားရှိထားပါတယ်။ Bezos ပြောလေ့ရှိတာတစ်ခုကတော့ ငွေတွေ မလိုအပ်တဲ့ နေရာတွေမှာ သုံးတာထက်စာရင် တီထွင်မှုတွေမှာ ရင်နှီးမြှုပ်နှံတာက အောင်မြင်မှုနဲ့ ငွေပြန်ရနိုင်တဲ့ လမ်းကြောင်းပိုများပါတယ်။ ဒါကြောင့်မို့ သုံးသင့်တာလား မသုံးသင့်တာလား သေချာခွဲခြားပြီး ရင်နှီးမြှုပ်နှံပါလို့ အကြံပေးထားပါတယ်။

(၄) ကြီးကြီးမားမားစိတ်ကူးပါ

Amazon ကို လူတွေက Online လက်လီအရောင်းဆိုင်အနေနဲ့သာ လူသိများကြသော်လည်း အမှန်မှာတော့ Online Bookstore နဲ့ Online လက်လီအရောင်းဆိုင်သာ ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ Amazon စတည်ထောင်တုန်းက ဈေးကွက်ထဲကို ဝင်ဖို့ စာအုပ်ကသာ အလွယ်ကူဆုံး စီးပွားရေးလမ်းကြောင်း ဖြစ်ခဲ့တဲ့အတွက် Online Bookstore နဲ့ စတင်ဖြစ်ခဲ့တာပါ။ ၂၀၀၀ ခုနစ်တုန်းက Jeff Bezos က Blue Origin လို့ခေါ်တဲ့ အာကသစူးစမ်းရှာဖွေရေးကုမ္ပဏီကို လျှို့ဝှက်စွာ တည်ထောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီကို တည်ထောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လျှို့ဝှက်နက်နဲတဲ့ အာကသဟင်းလင်းပြင်ကို ရှာဖွေဖို့သာမက ကမ္ဘာ့မြေကြီးပျက်စီးရင် ပြောင်းရွေ့နေထိုင်ဖို့ တခြားဂြိုဟ်ကမ္ဘာကို ရှာဖွေဖို့အထိ ကြီးမားတဲ့စိတ်ကူးနဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်အိပ်မက်တွေ အောင်မြင်ပေါက်မြောက်ပြီး မဖြစ်နိုင်ဘူးလို့ထင်ကာ စိတ်ကူးတွေထဲမှာ သိမ်းထားမယ့်အစား၊ ဘယ်နှစ်ခါပဲ ကျရှုံးပါစေ လက်လျော့အရှုံးပေးမယ့်အစား ဒီနည်းလမ်းလေးတွေကို ကိုယ်ပိုင်နည်းလမ်းလေးတွေနဲ့ ပေါင်းစပ်ကာ အမြဲကြိုးစားမယ်ဆိုရင် တစ်နေ့မှာလည်း Jeff Bezos ထက်ပိုသာတဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်တဲ့သူ ဖြစ်မလားဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ ဘယ်လောက်ပဲ ကျရှုံးပါစေ လက်လျော့အရှုံးမပေးဘဲ ရှေ့ဆက်လျှောက်လှမ်းပါလို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

www.akhayar.com