[Zawgyi]

Jeff Bezos ကုိ ၂၂ဘီလီယံအထိ ဆုံးရႈံးေစတဲ့ ကံဆုိးမုိးေမွာင္ ေအာက္တုိဘာလ

အေမရိကန္ႏုိင္ငံနဲ႔ တရုတ္ႏုိင္ငံၾကားမွာ ျဖစ္ပြားေနတဲ့ ကုန္သြယ္စစ္၊ ကမၻာ့စီးပြားေရးမၿငိမ္မသက္မႈေတြက အမ်ားပုိင္ကုမၸဏီေတြရဲ႕ ရွယ္ယာေစ်းကြက္ကုိ ကေမာက္ကမျဖစ္ေစတယ္။ အထူးသျဖင့္ နည္းပညာကုမၸဏီေတြက ပုိဆုိးတယ္။ ေအာက္တုိဘာလ (၁ဝ) ရက္ေန႔တုန္းက နည္းပညာကုမၸဏီေတြရဲ႕ ရွယ္ယာေစ်းႏႈန္းေတြဟာ ထုိးက်ကုန္လုိ႔ ကုမၸဏီမွာ ရွယ္ယာေတြ အမ်ားႀကီးပုိင္ဆုိင္ထားတဲ့ လုပ္ငန္းရွင္ႀကီးေတြ နစ္နာရတယ္။ LVMH ရဲ႕ CEO ျဖစ္တဲ့ Bernard Arnault ဆုိရင္ ၄.၅၃ ဘီလီယံ၊ Warren Buffett က ၄.၄၈ ဘီလီယံ၊ François Pinault က ၂.၄၉ဘီလီယံနဲ႔ Mark Zuckerberg ဆုိရင္ ေဒၚလာ ၂.၅ ဘီလီယံအထိကုိ ဆုံးရႈံးကုန္တယ္။ သူတုိ႔တင္မက Bill Gates ေတာင္ ၂ ဘီလီယံ က်သြားတယ္။ ဒီပမာဏဟာ တစ္ေန႔တည္းဆုံးရႈံးသြားတဲ့ ေငြေၾကးေတြပါ။

ဘီလ်ံနာေတြအတြက္ မေျပာပေလာက္ေပမယ့္ သာမန္လူေတြဆုိရင္ မပဋာေျမလူးရမွာပဲ။ ဆုံးရႈံးမႈအမ်ားဆုံးကေတာ့ ကမၻာ့အခ်မ္းသာဆုံးသူေဌးႀကီး Jeff Bezos ပါပဲ။ ေအာက္တုိဘာလ (၁ဝ) ရက္ေန႔မွာ Amazon ရဲ႕ ရွယ္ယာေစ်းႏႈန္းဟာ (၄) ရာခုိင္ႏႈန္းအထိ က်သြားတဲ့အတြက္ ကုမၸဏီမွာ (၁၆.၉) ရာခုိင္ႏႈန္းအထိ ပုိင္ဆုိင္ထားတဲ့ Jeff Bezos ရဲ႕ ပုိင္ဆုိင္မႈကုိ ၉.ဝ၈ ဘီလီယံအထိကုိ က်ေစတယ္။ အဲဒါေၾကာင့္ ေအာက္တုိဘာလ (၁ဝ) ရက္ေန႔မွာ သူ႕ရဲ႕အသားတင္ၾကြယ္ဝမႈဟာ ၁၄၅.၂ ဘီလီယံသာ ရွိေတာ့တယ္လုိ႔ Bloomberg Billionaires Index ရဲ႕ အဆုိအရ သိရပါတယ္။

ေအာက္တုိဘာလ (၁ဝ) ရက္ေန႔ေရာက္မွ Amazon ရဲ႕ ရွယ္ယာေစ်းႏႈန္းေတြက်တာ မဟုတ္ပါဘူး။ ေအာက္တုိဘာလ (၁) ရက္ေန႔တည္းက တရိပ္ရိပ္က်ေနတာပါ။ (၁၁) ရက္အတြင္းမွာတင္ ရွယ္ယာေစ်းႏႈန္းဟာ (၁၄) ရာခုိင္ႏႈန္းအထိ က်တယ္၊ ေအာက္တုိဘာလ (၁ဝ) ရက္ေန႔တုန္းက (၄) ရာခုိင္ႏႈန္း က်ျပန္တယ္၊ အခုေနာက္ဆုံး (၁၁) ရက္ေန႔မွာ (၂) ရာခုိင္ႏႈန္း ဆက္က်တဲ့သေဘာပါ။ ဒါ့ေၾကာင့္ ေအာက္တုိဘာလဟာ Jeff Bezos အတြက္ ကံဆုိးမုိးေမွာင္က်ေစတဲ့လလုိ႔ ဆုိခ်င္တာပါ။

ေအာက္တုိဘာလ (၁) ရက္ေန႔တုန္းက အသားတင္ၾကြယ္ဝမႈ ၁၆၄ ဘီလီယံအထိရွိခဲ့တဲ့ Jeff Bezos ဟာ ေအာက္တုိဘာလ (၁၂) ရက္ေန႔မွာေတာ့ ၁၄၂ ဘီလီယံသာရွိပါေတာ့တယ္။ ဒါ့ေၾကာင့္ ေအာက္တု္ိဘာလဟာ သူ႕ကုိ ၂၂ ဘီလီယံနီးပါး ဆုံးရႈံးေစပါတယ္။ ၂၂ ဘီလီယံဆုိတာ နည္းတဲ့ ပမာဏေတာ့ မဟုတ္ဖူး။ Tesla ရဲ႕ CEO ျဖစ္တဲ့ Elon Musk ရဲဲ႕ ပုိင္ဆုိင္မႈပမာဏေလာက္ရွိတယ္။ ေအာက္တုိဘာလဆုိေပမယ့္ (၁၁) ရက္အတြင္းမွာ ဒီေလာက္ဆုံးရႈံးတာ သူ႕အတြက္ သိပ္မေျပာပေလာက္ဖူး။ သူဟာ ၂ဝ၁၇ခုႏွစ္ ေအာက္တုိဘာလ (၂၆) ရက္ေန႔တုန္းက Amazon ရဲ႕ ရွယ္ယာေစ်းႏႈန္းဟာ (၇.၁) ရာခုိင္ႏႈန္းအထိ ထုိးတက္သြားလုိ႔ (၅) မိနစ္အတြင္းမွာ ၆.၅ ဘီလီယံအထိ တက္သြားတဲ့ သာဓကေတြရွိ္ခဲ့လုိ႔ပါ။

ေအာက္တုိဘာလအတြင္းမွာ ၂၂ ဘီလီယံေလာက္ ဆုံးရႈံးသြားေပမယ့္ ကမၻာ့အခ်မ္းသာဆုံးသူေဌးဆုိတဲ့ ဂုဏ္ပုဒ္က ျပဳတ္သြားမွာ မဟုတ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကမၻာ့ဒုတိယအခ်မ္းသာဆံုး Bill Gates ဟာ ၉၄.၈ ဘီလီယံပဲ ရွိေသးလုိ႔ပါ။ ၄၇.၂ ဘီလီယံအထိ ကြာျခားေသးတဲ့အတြက္ ဒီပမာဏဟာ အလြယ္တကူ မီႏုိင္တဲ့အေနအထားေတာ့ မေရာက္ေသးပါဘူး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

Jeff Bezos ကို ၂၂ဘီလီယံအထိ ဆုံးရှုံးစေတဲ့ ကံဆိုးမိုးမှောင် အောက်တိုဘာလ

အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာ ဖြစ်ပွားနေတဲ့ ကုန်သွယ်စစ်၊ ကမ္ဘာ့စီးပွားရေးမငြိမ်မသက်မှုတွေက အများပိုင်ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးကွက်ကို ကမောက်ကမဖြစ်စေတယ်။ အထူးသဖြင့် နည်းပညာကုမ္ပဏီတွေက ပိုဆိုးတယ်။ အောက်တိုဘာလ (၁ဝ) ရက်နေ့တုန်းက နည်းပညာကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ထိုးကျကုန်လို့ ကုမ္ပဏီမှာ ရှယ်ယာတွေ အများကြီးပိုင်ဆိုင်ထားတဲ့ လုပ်ငန်းရှင်ကြီးတွေ နစ်နာရတယ်။ LVMH ရဲ့ CEO ဖြစ်တဲ့ Bernard Arnault ဆိုရင် ၄.၅၃ ဘီလီယံ၊ Warren Buffett က ၄.၄၈ ဘီလီယံ၊ François Pinault က ၂.၄၉ဘီလီယံနဲ့ Mark Zuckerberg ဆိုရင် ဒေါ်လာ ၂.၅ ဘီလီယံအထိကို ဆုံးရှုံးကုန်တယ်။ သူတို့တင်မက Bill Gates တောင် ၂ ဘီလီယံ ကျသွားတယ်။ ဒီပမာဏဟာ တစ်နေ့တည်းဆုံးရှုံးသွားတဲ့ ငွေကြေးတွေပါ။

ဘီလျံနာတွေအတွက် မပြောပလောက်ပေမယ့် သာမန်လူတွေဆိုရင် မပဋာမြေလူးရမှာပဲ။ ဆုံးရှုံးမှုအများဆုံးကတော့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ပါပဲ။ အောက်တိုဘာလ (၁ဝ) ရက်နေ့မှာ Amazon ရဲ့ ရှယ်ယာဈေးနှုန်းဟာ (၄) ရာခိုင်နှုန်းအထိ ကျသွားတဲ့အတွက် ကုမ္ပဏီမှာ (၁၆.၉) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားတဲ့ Jeff Bezos ရဲ့ ပိုင်ဆိုင်မှုကို ၉.ဝ၈ ဘီလီယံအထိကို ကျစေတယ်။ အဲဒါကြောင့် အောက်တိုဘာလ (၁ဝ) ရက်နေ့မှာ သူ့ရဲ့အသားတင်ကြွယ်ဝမှုဟာ ၁၄၅.၂ ဘီလီယံသာ ရှိတော့တယ်လို့ Bloomberg Billionaires Index ရဲ့ အဆိုအရ သိရပါတယ်။

အောက်တိုဘာလ (၁ဝ) ရက်နေ့ရောက်မှ Amazon ရဲ့ ရှယ်ယာဈေးနှုန်းတွေကျတာ မဟုတ်ပါဘူး။ အောက်တိုဘာလ (၁) ရက်နေ့တည်းက တရိပ်ရိပ်ကျနေတာပါ။ (၁၁) ရက်အတွင်းမှာတင် ရှယ်ယာဈေးနှုန်းဟာ (၁၄) ရာခိုင်နှုန်းအထိ ကျတယ်၊ အောက်တိုဘာလ (၁ဝ) ရက်နေ့တုန်းက (၄) ရာခိုင်နှုန်း ကျပြန်တယ်၊ အခုနောက်ဆုံး (၁၁) ရက်နေ့မှာ (၂) ရာခိုင်နှုန်း ဆက်ကျတဲ့သဘောပါ။ ဒါ့ကြောင့် အောက်တိုဘာလဟာ Jeff Bezos အတွက် ကံဆိုးမိုးမှောင်ကျစေတဲ့လလို့ ဆိုချင်တာပါ။

အောက်တိုဘာလ (၁) ရက်နေ့တုန်းက အသားတင်ကြွယ်ဝမှု ၁၆၄ ဘီလီယံအထိရှိခဲ့တဲ့ Jeff Bezos ဟာ အောက်တိုဘာလ (၁၂) ရက်နေ့မှာတော့ ၁၄၂ ဘီလီယံသာရှိပါတော့တယ်။ ဒါ့ကြောင့် အောက်တိုဘာလဟာ သူ့ကို ၂၂ ဘီလီယံနီးပါး ဆုံးရှုံးစေပါတယ်။ ၂၂ ဘီလီယံဆိုတာ နည်းတဲ့ ပမာဏတော့ မဟုတ်ဖူး။ Tesla ရဲ့ CEO ဖြစ်တဲ့ Elon Musk ရဲ့ ပိုင်ဆိုင်မှုပမာဏလောက်ရှိတယ်။ အောက်တိုဘာလဆိုပေမယ့် (၁၁) ရက်အတွင်းမှာ ဒီလောက်ဆုံးရှုံးတာ သူ့အတွက် သိပ်မပြောပလောက်ဖူး။ သူဟာ ၂ဝ၁၇ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့တုန်းက Amazon ရဲ့ ရှယ်ယာဈေးနှုန်းဟာ (၇.၁) ရာခိုင်နှုန်းအထိ ထိုးတက်သွားလို့ (၅) မိနစ်အတွင်းမှာ ၆.၅ ဘီလီယံအထိ တက်သွားတဲ့ သာဓကတွေရှိခဲ့လို့ပါ။

အောက်တိုဘာလအတွင်းမှာ ၂၂ ဘီလီယံလောက် ဆုံးရှုံးသွားပေမယ့် ကမ္ဘာ့အချမ်းသာဆုံးသူဌေးဆိုတဲ့ ဂုဏ်ပုဒ်က ပြုတ်သွားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံး Bill Gates ဟာ ၉၄.၈ ဘီလီယံပဲ ရှိသေးလို့ပါ။ ၄၇.၂ ဘီလီယံအထိ ကွာခြားသေးတဲ့အတွက် ဒီပမာဏဟာ အလွယ်တကူ မီနိုင်တဲ့အနေအထားတော့ မရောက်သေးပါဘူး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com