
Blue Origin Rocket


Blue Origin Rocket



Blue Origin Rocket


Ref: Cnet

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Amazon ကုမ္ပဏီရဲ့ Founder ဖြစ်တဲ့ Jeff Bezos ပိုင်ဆိုင်တဲ့ Blue Origin Rocket ကုမ္ပဏီက အခုအချိန်မှာတော့ အဆိုပါ အာကာသခရီးသွားကုမ္ပဏီနဲ့ အာကာသခရီးသွားမယ်ဆိုရင် ဘယ်လောက်ကျမလဲဆိုတာကို သတင်းတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။

Blue Origin Rocket

အခု ဖြစ်လာနိုင်တဲ့ ခရီးစရိတ်တွေကို အခု Blue Origin ရဲ့ အမည်မဖော်လိုတဲ့ ဝန်ထမ်း ၂ ဦးကပြောကြားခဲ့တာဖြစ်ပြီးတော့ အဆိုပါ အာသာကခရီးစဉ်ရဲ့ လက်မှတ်တွေက အနည်းဆုံး ဒေါ်လာ ၂ သိန်းကနေ ဒေါ်လာ ၃ သိန်း ကြားရှိမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Blue Origin Rocket

အဆိုပါ ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရတော့ အခု Blue Origin ကုမ္ပဏီက မကြာခင်မှာ ကုမ္ပဏီရဲ့ Shepard Space Vehicle အသစ်ကို Passenger တွေနဲ့ စမ်းသပ်တော့မှာဖြစ်ပြီးတော့ နောက်နှစ်မှာ လက်မှတ်တွေရောင်းချသွားတော့မှာဖြစ်ပါတယ်။

Jeff Bezos ပိုင်ဆိုင်တဲ့ Blue Origin ကုမ္ပဏီက ပြီးခဲ့တဲ့ ဧပြီလတုန်းက ပြန်လည် Recycled လုပ်ထားတဲ့ New Shepard Rocket ကို “Mannequin Skywalker” အမည်ရှိတဲ့ Dummy Crew နဲ့အတူ လွှတ်တင်ခဲ့ပြီးတော့ မိနစ်အနည်းငယ်အကြာမှာ Texas ကန္တာရမှာ အောင်မြင်စွာပြန်လည်ဆင်းသက်ခဲ့တာဖြစ်ပါတယ်။

Blue Origin Rocket

Jeff Bezos က အခုလိုမျိုး Blue Origin ဒုံးပျံတွေနဲ့ အာကာသခရီးစဉ်တွေကို အများပြည်သူတွေကို ရောင်းချတော့မယ့်အစီအစဉ်က Elon Musk ရဲ့ SpaceX နဲ့ ယှဉ်ရင် အရှေ့ကို ပိုရောက်နေတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း အာကာသခရီးသွားစရိတ်ကတော့ ကြီးမြင့်နေတုန်းပါပဲ။

Ref: Cnet

Zawyè (Akhayar) 

www.akhayar.com