[Zawgyi]

Okocha ဟာ Ronaldo ထက္ပုိေကာင္းတယ္လုိ႔ ဆုိတဲ့ Sam Allardyce

ႏုိက္ဂ်ီးရီးယားကစားသမားေဟာင္း Jay Jay Okocha ဟာ ထိပ္တန္းတုိက္စစ္မွဴး Cristano Ronaldo ထက္ေတာင္ ပုိေကာင္းတယ္လုိ႔ ေဘာ္တန္နည္းျပေဟာင္း Sam Allardyce က ေျပာဆုိလုိက္ပါတယ္။ ၿပီးေတာ့ ဒီေန႔ေခတ္ေဘာလုံးသမားေတြထဲမွာ Jay Jay Okocha လုိအရည္အေသြးမ်ိဳးမရွိေသးဘူးလုိ႔ ဆုိထားပါေသးတယ္။

Jay Jay Okocha ဟာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ PSG အသင္းကေန ေဘာ္တန္အသင္းကုိ ၂ဝဝ၂ခုႏွစ္မွာ ေရာက္ရွိလာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ေဘာ္တန္အသင္းကုိ နည္းျပတာဝန္ယူထားတဲ့ Sam Allardyce နဲ႔ ၂ဝဝ၆ခုႏွစ္အထိ လက္တြဲခဲ့တယ္လုိ႔ ဆုိရမွာပါ။ ကြင္းလယ္တုိက္စစ္မွဴး Jay Jay Okocha ဟာ ပထမရာသီမွာပဲ (၇) ဂုိးသြင္းယူခဲ့ၿပီး ေဘာ္တန္အသင္းကုိ တန္းဆင္းရမယ့့္ေဘးက ကယ္ခဲ့ပါတယ္။ ဝက္ဟမ္းအသင္းနဲ႔ပြဲမွာ သူသြင္းလုိက္တဲ့ဂုိးက တစ္ရာသီလုံးမွာ အေကာင္းဆုံးဂုိးအျဖစ္ သတ္မွတ္ခံရတဲ့အထိပါ။

၂ဝဝ၆ခုႏွစ္မွာ Jay Jay Okocha ဟာ Qatar SC အသင္းကုိ ထြက္ခြာသြားေပမယ့္ တပည့္ေဟာင္းကုိ သတိရေနတဲ့သေဘာပါပဲ။ နည္းျပႀကီး Sam Allardyce ဟာ သူေရးေနတဲ့ ‘Big Sam’s Autobiography’ စာအုပ္ထဲမွာ “ကြ်န္ေတာ္က Jay Jay Okocha ကုိ အႀကိဳက္ဆုံးပါ။ လိမ္တာေခါက္တာေတြ ေျခေယာင္ျပတာေတြ ၿပီးေတာ့ ေျပးအားတုိးအားေတြက ဘယ္သူမွ လုိက္မလုပ္ႏုိင္ဘူး။ Cristano Ronaldo ထက္ေတာင္ ပုိေကာင္းေသးတယ္” လုိ႔ ဆုိထားပါတယ္။ Sam Allardyce က သူ႕တပည့္ေဟာင္းကုိပဲ အမႊန္းတင္တာလား၊ တကယ္ေရာ ေကာင္းလုိ႔လားဆုိတာ အကဲခတ္လုိ႔ ေဘာလုံးစြမ္းရည္ကုိ ဒီမွာၾကည့္လုိက္ပါဦး။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Okocha ဟာ Ronaldo ထက်ပိုကောင်းတယ်လို့ ဆိုတဲ့ Sam Allardyce

နိုက်ဂျီးရီးယားကစားသမားဟောင်း Jay Jay Okocha ဟာ ထိပ်တန်းတိုက်စစ်မှူး Cristano Ronaldo ထက်တောင် ပိုကောင်းတယ်လို့ ဘော်တန်နည်းပြဟောင်း Sam Allardyce က ပြောဆိုလိုက်ပါတယ်။ ပြီးတော့ ဒီနေ့ခေတ်ဘောလုံးသမားတွေထဲမှာ Jay Jay Okocha လိုအရည်အသွေးမျိုးမရှိသေးဘူးလို့ ဆိုထားပါသေးတယ်။

Jay Jay Okocha ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ PSG အသင်းကနေ ဘော်တန်အသင်းကို ၂ဝဝ၂ခုနှစ်မှာ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘော်တန်အသင်းကို နည်းပြတာဝန်ယူထားတဲ့ Sam Allardyce နဲ့ ၂ဝဝ၆ခုနှစ်အထိ လက်တွဲခဲ့တယ်လို့ ဆိုရမှာပါ။ ကွင်းလယ်တိုက်စစ်မှူး Jay Jay Okocha ဟာ ပထမရာသီမှာပဲ (၇) ဂိုးသွင်းယူခဲ့ပြီး ဘော်တန်အသင်းကို တန်းဆင်းရမယ့်ဘေးက ကယ်ခဲ့ပါတယ်။ ဝက်ဟမ်းအသင်းနဲ့ပွဲမှာ သူသွင်းလိုက်တဲ့ဂိုးက တစ်ရာသီလုံးမှာ အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခံရတဲ့အထိပါ။

၂ဝဝ၆ခုနှစ်မှာ Jay Jay Okocha ဟာ Qatar SC အသင်းကို ထွက်ခွာသွားပေမယ့် တပည့်ဟောင်းကို သတိရနေတဲ့သဘောပါပဲ။ နည်းပြကြီး Sam Allardyce ဟာ သူရေးနေတဲ့ ‘Big Sam’s Autobiography’ စာအုပ်ထဲမှာ “ကျွန်တော်က Jay Jay Okocha ကို အကြိုက်ဆုံးပါ။ လိမ်တာခေါက်တာတွေ ခြေယောင်ပြတာတွေ ပြီးတော့ ပြေးအားတိုးအားတွေက ဘယ်သူမှ လိုက်မလုပ်နိုင်ဘူး။ Cristano Ronaldo ထက်တောင် ပိုကောင်းသေးတယ်” လို့ ဆိုထားပါတယ်။ Sam Allardyce က သူ့တပည့်ဟောင်းကိုပဲ အမွှန်းတင်တာလား၊ တကယ်ရော ကောင်းလို့လားဆိုတာ အကဲခတ်လို့ ဘောလုံးစွမ်းရည်ကို ဒီမှာကြည့်လိုက်ပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com