[Zawgyi]

ဂ်ပန္ဓါတ္ပံုဆရာတစ္ေယာက္႐ိုက္ကူးခဲ့တဲ့ ေၾကာင္နင္ဂ်ာပံုေလးမ်ား

အိမ္ေမြးတိရစာၧန္ေတြထဲမွာ လူေတြနဲ႔ ရင္းႏွီးၿပီး ခ်စ္စရာအေကာင္းဆံုးသတၱဝါေတြကေတာ့ ေၾကာင္ေလးေတြပါပဲ။ သူတို႔ရဲ႕ အျပဳအမူေတြျဖစ္တဲ့ ပြတ္ခြ်ဲတာေတြ၊ မ်က္လံုးျပဴးျပဴးအမူအရာေလးေတြေၾကာင့္ လူေတြရဲ႕ အခ်စ္ေတာ္ေတြျဖစ္ေနၾကသူေလးေတြပါ။

ဒါေပမယ့္ လူေတြ အၿမဲသတိမထားမိတဲ့အခ်ိန္ေတြမ်ိဳးမွာေရာ ေၾကာင္ေတြဘာလုပ္ေနၾကသလဲဆိုတာကို ဂ်ပန္ႏိုင္ငံက ဓါတ္ပံုဆရာ Hisakata Hiroyuki က အမိအရ႐ိုက္ျပခဲ့ပါတယ္။

နင္ဂ်ာသိုင္းက်င့္ေနတဲ့ပံုေလးေတြျဖစ္တဲ့ ခုန္တဲ့ပံုေတြ၊ ကန္တဲ့ပံုေတြ၊ လက္နဲ႔႐ိုက္ခ်ေနတဲ့ပံုေလးေတြဟာ ေၾကာင္ေလးေတြလို႔မထင္ရဘဲ တကယ့္နင္ဂ်ာသိုင္းသမားေလးေတြလိုပါပဲ။

ဒီပံုေလးေတြကို Hisakata က႐ိုက္ကူးခဲ့ၿပီး Instagram နဲ႔ Twitter မွာတင္ခဲ့ရာ ပရိသတ္ေတြသေဘာက်ၾကၿပီးျပန္ေလမွ်ေဝရင္း လူမႈကြန္ရက္ေတြေပၚမွာ နာမည္ႀကီးခဲ့ပါတယ္။

ခုေတာ့လူေတြနဲ႔ အတူမရွိခ်ိန္ ေၾကာင္ေလးေတြဘာလုပ္တတ္ၾကလဲဆိုတဲ့အေျဖကေတာ့ ထြက္ေပၚလာပါၿပီ။

Hisakata ကို ဒီလိုပံုေလးေတြ႐ိုက္ဖို႔ Idea ရခဲ့တာနဲ႔ပတ္သက္ၿပီးေမးျမန္းတဲ့အခါ ေၾကာင္ေလးေတြရဲ႕ သာမန္လႈပ္ရွားမႈပံုရိပ္ေတြ႐ိုက္မယ့္အစား ဒီလိုလႈပ္လႈပ္ရွားရွားဆူဆူပူပူပံုရိပ္ေလးေတြ႐ိုက္ကူးရတာ ကို ပိုသေဘာေတြ႕မိလို႔ပါလို႔ ေျဖၾကားခဲ့ပါတယ္။

ေၾကာင္ေလးေတြ နင္ဂ်ာသိုင္းက်င့္ေနတဲ့ပံုေလးေတြကေတာ့ တကယ့္ကို ရယ္စရာဟာသရသေျမာက္ေစပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

ဂျပန်ဓါတ်ပုံဆရာတစ်ယောက်ရိုက်ကူးခဲ့တဲ့ ကြောင်နင်ဂျာပုံလေးများ

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ လူတွေနဲ့ ရင်းနှီးပြီး ချစ်စရာအကောင်းဆုံးသတ္တဝါတွေကတော့ ကြောင်လေးတွေပါပဲ။ သူတို့ရဲ့ အပြုအမူတွေဖြစ်တဲ့ ပွတ်ချွဲတာတွေ၊ မျက်လုံးပြူးပြူးအမူအရာလေးတွေကြောင့် လူတွေရဲ့ အချစ်တော်တွေဖြစ်နေကြသူလေးတွေပါ။

ဒါပေမယ့် လူတွေ အမြဲသတိမထားမိတဲ့အချိန်တွေမျိုးမှာရော ကြောင်တွေဘာလုပ်နေကြသလဲဆိုတာကို ဂျပန်နိုင်ငံက ဓါတ်ပုံဆရာ Hisakata Hiroyuki က အမိအရရိုက်ပြခဲ့ပါတယ်။

နင်ဂျာသိုင်းကျင့်နေတဲ့ပုံလေးတွေဖြစ်တဲ့ ခုန်တဲ့ပုံတွေ၊ ကန်တဲ့ပုံတွေ၊ လက်နဲ့ရိုက်ချနေတဲ့ပုံလေးတွေဟာ ကြောင်လေးတွေလို့မထင်ရဘဲ တကယ့်နင်ဂျာသိုင်းသမားလေးတွေလိုပါပဲ။

ဒီပုံလေးတွေကို Hisakata ကရိုက်ကူးခဲ့ပြီး Instagram နဲ့ Twitter မှာတင်ခဲ့ရာ ပရိသတ်တွေသဘောကျကြပြီးပြန်လေမျှဝေရင်း လူမှုကွန်ရက်တွေပေါ်မှာ နာမည်ကြီးခဲ့ပါတယ်။

ခုတော့လူတွေနဲ့ အတူမရှိချိန် ကြောင်လေးတွေဘာလုပ်တတ်ကြလဲဆိုတဲ့အဖြေကတော့ ထွက်ပေါ်လာပါပြီ။

Hisakata ကို ဒီလိုပုံလေးတွေရိုက်ဖို့ Idea ရခဲ့တာနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါ ကြောင်လေးတွေရဲ့ သာမန်လှုပ်ရှားမှုပုံရိပ်တွေရိုက်မယ့်အစား ဒီလိုလှုပ်လှုပ်ရှားရှားဆူဆူပူပူပုံရိပ်လေးတွေရိုက်ကူးရတာ ကို ပိုသဘောတွေ့မိလို့ပါလို့ ဖြေကြားခဲ့ပါတယ်။

ကြောင်လေးတွေ နင်ဂျာသိုင်းကျင့်နေတဲ့ပုံလေးတွေကတော့ တကယ့်ကို ရယ်စရာဟာသရသမြောက်စေပါတယ်။

EiEiKhineMinn (Akhayar)