[ZawGyi]

ဗိုက္ခ်ပ္ေစမယ္႔ ဂ်ပန္အသက္ရွဴေလ႔က်င္႔ခန္း

စိတ္ဖိစီးမႈေၾကာင္႔ ပူတဲ႔ဗိုက္၊ အထိုင္မ်ားလို႔ စူတဲ႔ဗိုက္၊ ေလေၾကာင္႔ပူေနတဲ႔ဗိုက္ဘာေၾကာင္႔ပဲျဖစ္ျဖစ္ အသက္ရွဴေလ႔က်င္႔ခန္းေလးတစ္ခုနဲ႔ ဒီဗိုက္ပူေနျခင္းကိုေခ်မႈန္းပစ္ရေအာင္။ အသက္ရွဴေလ႔က်င္႔ခန္းေတြဟာ ဘယ္ႏိုင္ငံမွာဘယ္လုိနည္းလမ္းေတြပဲေျပာင္းေျပာင္း ေကာင္းက်ိဳးရလဒ္ေတြရတယ္ဆုိတာကေတာ႔ ျငင္းဆန္လုိ႔မရပါဘူး။ စိတ္တည္ျငိမ္ေအးခ်မ္းသြားတာကေတာ႔ ခ်က္ခ်င္းရတဲ႔ရလဒ္ပါပဲ။

အသက္ရွဴေလ႔က်င္႔ခန္းကို အက်င္႔တစ္ခုအေနနဲ႔ စြဲစြဲျမဲျမဲေလ႔က်င္႔ႏိုင္ျပီဆုိရင္ ကိုယ္ေရာစိတ္ပါျငိမ္းခ်မ္းျပီး က်န္းမာေရးအတြက္လည္းသိသာတဲ႔ရလဒ္ေကာင္းေတြရေစပါလိမ္႔တယ္။ အခု ဝမ္းဗိုက္ခ်ပ္သြားေစမယ္႔ အသက္ရွဴေလ႔က်င္႔ခန္းကိုေတာ႔ ဂ်ပန္လူမ်ိဳးသရုပ္ေဆာင္မင္းသား မစၥတာ Miki Ryosuke ကမိတ္ဆက္ေပးခဲ႔တာျဖစ္ပါတယ္။

loose belly fat

loose belly fat

-ဒီေလ႔က်င္႔ခန္းကို တစ္ေန႔မွာအနည္းဆံုး ၂ မိနစ္ၾကာေလ႔က်င္႔ေပးဖို႔ပါပဲ။ အဓိကကေတာ႔ ရွဴသြင္းျခင္း ျပန္ထုတ္ျခင္းကို အခ်ိန္အတိုင္းအတာတစ္ခုေပးျပီးျပဳလုပ္ျခင္းပါ။
-ဗိုက္ထဲမွာခိုေအာင္းေနတဲ႔ အဆီ၊ ေအာက္ဆီဂ်င္ ၊ ကာဗြန္နဲ႔ ဟိုက္ဒရိုဂ်င္ေတြကို ေအာက္ဆီဂ်င္ျပင္းျပင္းရွဴသြင္းျပီး တိုက္ထုတ္ဖ်က္ဆီးလိုက္ျခင္းပါပဲ။
-ခႏၶာကိုယ္အေနနဲ႔ ေအာက္ဆီဂ်င္ကိုမ်ားမ်ားရယူျပီး အသံုးျပဳေလေလ၊ အဆီမ်ားမ်ားေလာင္ကၽြမ္းေလေလပါပဲ။

ဒီေတာ႔ လြယ္ကူလြန္းတဲ႔ ဒီေလ႔က်င္႔ခန္းေလးကို စတင္ၾကည္႔ရေအာင္။

breathing-exercise

breathing-exercise

အဆင္႔(၁) မတ္မတ္ရပ္ပါ။ ေျခေထာက္တစ္ဖက္ကိုေရွ႕ထုတ္ထားပါ။ ခါးကိုနည္းနည္းေကာ႔လိုက္ျပီး ခႏၶာကိုယ္အေလးခ်ိန္ကို က်န္တဲ႔ေျခေထာက္ဆီကိုပို႔လုိက္ပါ။

ေျခေထာက္ထားရမယ္႔ပံုစံ

ေျခေထာက္ထားရမယ္႔ပံုစံ

ဒီအေနအထားအတိုင္းရျပီဆုိရင္ အသက္ရွဴသြင္းပါ။ ဒီလိုအသက္ရွဴသြင္းခ်ိန္မွာ လက္ႏွစ္ဖက္ကို ဦးေခါင္းအေပၚဘက္ေရာက္ေအာင္ ေျမွာက္လုိက္ျပီး လက္ဖဝါးႏွစ္ခုကုိထိပါ။ ခြန္အားအျပည္႔နဲ႔အသက္ျပင္းျပင္းရွဴသြင္းခ်ိန္ ၃ စကၠန္႔ၾကာရပါမယ္။

အဆင္႔(၂) အသက္ျပန္ထုတ္ခ်ိန္မွာ ခႏၶာကိုယ္တစ္ခုလံုးရဲ႕ ၾကြက္သားေတြဆီကေနပါ အားေတြစီးဆင္းလာေအာင္ ခပ္ျပင္းျပင္းရွဴထုတ္ပါ။ ၇ စကၠန္႔ၾကာရပါမယ္။

– စုစုေပါင္း ၁၀ စကၠန္႔သာၾကာတဲ႔ဒီအသက္ရွဴေလ႔က်င္႔ခန္းကို တစ္ေန႔ကို ၂ မိနစ္မွ ၁၀ မိနစ္ ၾကာေလ႔က်င္႔ေပးပါ။
– ဒီေလ႔က်င္႔ခန္းက ၾကြက္သားေတြသန္မာလာေစတယ္။
– ဇီဝကမၼျဖစ္စဥ္ကို ျမွင္႔တင္ေပးပါတယ္။

ကဲ…လြယ္ကူလြန္းတဲ႔အသက္ရွဴေလ႔က်င္႔ခန္းေလးကို ေလ႔က်င္႔ၾကည္႔ပါဦး။ ပံုမွန္ေလ႔က်င္႔ေပးသြားမယ္ဆုိရင္ ဗိုက္ေလးခ်ပ္သြားတာကိုလက္ေတြ႔ျမင္ရမွာပါ။

www.akhayar.com

[Unicode]

ဗိုက်ချပ်စေမယ့် ဂျပန်အသက်ရှူလေ့ကျင့်ခန်း

စိတ်ဖိစီးမှုကြောင့် ပူတဲ့ဗိုက်၊ အထိုင်များလို့ စူတဲ့ဗိုက်၊ လေကြောင့်ပူနေတဲ့ဗိုက်ဘာကြောင့်ပဲဖြစ်ဖြစ် အသက်ရှူလေ့ကျင့်ခန်းလေးတစ်ခုနဲ့ ဒီဗိုက်ပူနေခြင်းကိုချေမှုန်းပစ်ရအောင်။ အသက်ရှူလေ့ကျင့်ခန်းတွေဟာ ဘယ်နိုင်ငံမှာဘယ်လိုနည်းလမ်းတွေပဲပြောင်းပြောင်း ကောင်းကျိုးရလဒ်တွေရတယ်ဆိုတာကတော့ ငြင်းဆန်လို့မရပါဘူး။ စိတ်တည်ငြိမ်အေးချမ်းသွားတာကတော့ ချက်ချင်းရတဲ့ရလဒ်ပါပဲ။

အသက်ရှူလေ့ကျင့်ခန်းကို အကျင့်တစ်ခုအနေနဲ့ စွဲစွဲမြဲမြဲလေ့ကျင့်နိုင်ပြီဆိုရင် ကိုယ်ရောစိတ်ပါငြိမ်းချမ်းပြီး ကျန်းမာရေးအတွက်လည်းသိသာတဲ့ရလဒ်ကောင်းတွေရစေပါလိမ့်တယ်။ အခု ဝမ်းဗိုက်ချပ်သွားစေမယ့် အသက်ရှူလေ့ကျင့်ခန်းကိုတော့ ဂျပန်လူမျိုးသရုပ်ဆောင်မင်းသား မစ္စတာ Miki Ryosuke ကမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

loose belly fat

loose belly fat

-ဒီလေ့ကျင့်ခန်းကို တစ်နေ့မှာအနည်းဆုံး ၂ မိနစ်ကြာလေ့ကျင့်ပေးဖို့ပါပဲ။ အဓိကကတော့ ရှူသွင်းခြင်း ပြန်ထုတ်ခြင်းကို အချိန်အတိုင်းအတာတစ်ခုပေးပြီးပြုလုပ်ခြင်းပါ။
-ဗိုက်ထဲမှာခိုအောင်းနေတဲ့ အဆီ၊ အောက်ဆီဂျင် ၊ ကာဗွန်နဲ့ ဟိုက်ဒရိုဂျင်တွေကို အောက်ဆီဂျင်ပြင်းပြင်းရှူသွင်းပြီး တိုက်ထုတ်ဖျက်ဆီးလိုက်ခြင်းပါပဲ။
-ခန္ဓာကိုယ်အနေနဲ့ အောက်ဆီဂျင်ကိုများများရယူပြီး အသုံးပြုလေလေ၊ အဆီများများလောင်ကျွမ်းလေလေပါပဲ။

ဒီတော့ လွယ်ကူလွန်းတဲ့ ဒီလေ့ကျင့်ခန်းလေးကို စတင်ကြည့်ရအောင်။

breathing-exercise

breathing-exercise

အဆင့်(၁) မတ်မတ်ရပ်ပါ။ ခြေထောက်တစ်ဖက်ကိုရှေ့ထုတ်ထားပါ။ ခါးကိုနည်းနည်းကော့လိုက်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ကျန်တဲ့ခြေထောက်ဆီကိုပို့လိုက်ပါ။

ခြေထောက်ထားရမယ့်ပုံစံ

ခြေထောက်ထားရမယ့်ပုံစံ

ဒီအနေအထားအတိုင်းရပြီဆိုရင် အသက်ရှူသွင်းပါ။ ဒီလိုအသက်ရှူသွင်းချိန်မှာ လက်နှစ်ဖက်ကို ဦးခေါင်းအပေါ်ဘက်ရောက်အောင် မြှောက်လိုက်ပြီး လက်ဖဝါးနှစ်ခုကိုထိပါ။ ခွန်အားအပြည့်နဲ့အသက်ပြင်းပြင်းရှူသွင်းချိန် ၃ စက္ကန့်ကြာရပါမယ်။

အဆင့်(၂) အသက်ပြန်ထုတ်ချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြွက်သားတွေဆီကနေပါ အားတွေစီးဆင်းလာအောင် ခပ်ပြင်းပြင်းရှူထုတ်ပါ။ ၇ စက္ကန့်ကြာရပါမယ်။

– စုစုပေါင်း ၁၀ စက္ကန့်သာကြာတဲ့ဒီအသက်ရှူလေ့ကျင့်ခန်းကို တစ်နေ့ကို ၂ မိနစ်မှ ၁၀ မိနစ် ကြာလေ့ကျင့်ပေးပါ။
– ဒီလေ့ကျင့်ခန်းက ကြွက်သားတွေသန်မာလာစေတယ်။
– ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။

ကဲ…လွယ်ကူလွန်းတဲ့အသက်ရှူလေ့ကျင့်ခန်းလေးကို လေ့ကျင့်ကြည့်ပါဦး။ ပုံမှန်လေ့ကျင့်ပေးသွားမယ်ဆိုရင် ဗိုက်လေးချပ်သွားတာကိုလက်တွေ့မြင်ရမှာပါ။

www.akhayar.com