[Zawgyi]

မဲလ္ဘုန္းဗစ္ထရီအသင္းကို ေျပာင္းေရႊ႕ခဲ႔တဲ႔ ဟြန္ဒါ Honda

CSKA ေမာ္စကိုနဲ႔ ေအစီမီလန္အသင္းကစားသမားေဟာင္း ဟြန္ဒါ Honda ဟာ A-League ကလပ္ မဲလ္ဘုန္းဗစ္ထရီ အသင္းကို (၁)ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ႔ပါတယ္။ ဂ်ပန္ကြင္းလယ္လူေဟာင္းဟြန္ဒါ Honda ဟာ မကၠဆီကိုကလပ္ ပါခ်ဴကာအသင္းကေန မဲလ္ဘုန္းဗစ္ထရီ အသင္းကို ေျပာင္းေရႊ႕ခဲ႔တာပါ။

Honda

Honda

အသက္(၃၂)ႏွစ္အရြယ္ရိွျပီျဖစ္သူ ဟြန္ဒါ Honda ဟာ ၂၀၁၈ ကမၻာ႔ဖလားျပိဳင္ပြဲအျပီးမွာ ႏိုင္ငံလက္ေရြးစင္ကစားသမားဘ၀ကေန အနားယူခဲ႔သူျဖစ္ျပီး ဂ်ပန္အသင္းအတြက္ပြဲေပါင္း(၉၈)ပြဲကစားခဲ႔ကာ သြင္းဂိုး(၃၇)ဂိုး သြင္းယူခဲ႔သူပါ။

Honda-Melbourne-Victory

Honda-Melbourne-Victory

ဟြန္ဒါ Honda က ” မဲလ္ဘုန္းဗစ္ထရီအသင္းကို ေရာက္ရိွခဲ႔လို႔ က်ြန္ေတာ္ ေပ်ာ္ရႊင္မိပါတယ္ ကမၻာ႔ဖလားျပိဳင္ပြဲအျပီးတစ္ပတ္အၾကာမွာ သူတု႔ိ က်ြန္ေတာ္႕ကို စိတ္၀င္စားေနတယ္လို႔ သိခဲ႔ရပါတယ္ က်ြန္ေတာ္ကစိန္ေခၚမႈ အသစ္ေတြကို ၾကိဳက္ႏွစ္သက္သူပါ က်ြန္ေတာ္ေက်နပ္မိပါတယ္ အသင္းအတြက္ အျမန္ဆံုးပါ၀င္ကစားခ်င္ေနပါျပီ ” လို႔ေျပာၾကားခဲ႔ပါတယ္။

ဟြန္ဒါ Honda ဟာ CSKA ေမာ္စကိုအသင္းနဲ႔အတူ ႐ုရွားပရီးမီးယားလိဂ္နဲ႔႐ုရွားစူပါဖလားေတြကို (၁)ၾကိမ္စီရရိွခဲ႔ျပီး ႐ုရွား႐ံႈးထြက္ဖလားကို (၂)ၾကိမ္ရရိွခဲ႔ကာ ေအစီမီလန္အသင္းနဲ႔အတူ အီတလီစူပါဖလားကို (၁)ၾကိမ္ရရိွခဲ႔ပါတယ္။

REF: Goal.com
Photo: Melbourne Victory , Sporting News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မဲလ်ဘုန်းဗစ်ထရီအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဟွန်ဒါ Honda

CSKA မော်စကိုနဲ့ အေစီမီလန်အသင်းကစားသမားဟောင်း ဟွန်ဒါ Honda ဟာ A-League ကလပ် မဲလ်ဘုန်းဗစ်ထရီ အသင်းကို (၁)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျပန်ကွင်းလယ်လူဟောင်းဟွန်ဒါ Honda ဟာ မက္ကဆီကိုကလပ် ပါချူကာအသင်းကနေ မဲလ်ဘုန်းဗစ်ထရီ အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။

Honda

Honda

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ ဟွန်ဒါ Honda ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့သူဖြစ်ပြီး ဂျပန်အသင်းအတွက်ပွဲပေါင်း(၉၈)ပွဲကစားခဲ့ကာ သွင်းဂိုး(၃၇)ဂိုး သွင်းယူခဲ့သူပါ။

Honda-Melbourne-Victory

Honda-Melbourne-Victory

ဟွန်ဒါ Honda က ” မဲလ်ဘုန်းဗစ်ထရီအသင်းကို ရောက်ရှိခဲ့လို့ ကျွန်တော် ပျော်ရွှင်မိပါတယ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတစ်ပတ်အကြာမှာ သူတု့ိ ကျွန်တော့်ကို စိတ်ဝင်စားနေတယ်လို့ သိခဲ့ရပါတယ် ကျွန်တော်ကစိန်ခေါ်မှု အသစ်တွေကို ကြိုက်နှစ်သက်သူပါ ကျွန်တော်ကျေနပ်မိပါတယ် အသင်းအတွက် အမြန်ဆုံးပါဝင်ကစားချင်နေပါပြီ ” လို့ပြောကြားခဲ့ပါတယ်။

ဟွန်ဒါ Honda ဟာ CSKA မော်စကိုအသင်းနဲ့အတူ ရုရှားပရီးမီးယားလိဂ်နဲ့ရုရှားစူပါဖလားတွေကို (၁)ကြိမ်စီရရှိခဲ့ပြီး ရုရှားရှုံးထွက်ဖလားကို (၂)ကြိမ်ရရှိခဲ့ကာ အေစီမီလန်အသင်းနဲ့အတူ အီတလီစူပါဖလားကို (၁)ကြိမ်ရရှိခဲ့ပါတယ်။

REF: Goal.com
Photo: Melbourne Victory , Sporting News
Ko Kyue(Akhayar)
www.akhayar.com