This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အျပန္အလွန္ သြင္းဂိုးေတြနဲ႔ သေရရလဒ္ ထြက္ေပၚခဲ့တဲ့ ဆီနီေဂါ-ဂ်ပန္ ပြဲစဥ္

အုပ္စုအဖြင့္ပြဲစဥ္မွာ ႏိုင္ပြဲကိုယ္စီ ရယူထားတဲ့ ဆီနီေဂါအသင္းနဲ႔ ဂ်ပန္အသင္းတို႔ ထိပ္တိုက္ေတြ႔ဆံုခဲ့တဲ့ ပြဲစဥ္ကေတာ့ စိတ္လႈပ္ရွားဖြယ္ရာ အျပန္အလွန္ သြင္းဂိုးေတြနဲ႔ (၂-၂)ဂိုးစီ သေရပြဲျဖစ္ခဲ့တယ္။ ပံုစံေကာင္းျပေနတဲ့ အသင္း (၂)သင္း ထိပ္တိုက္ေတြ႔ဆံုတာျဖစ္လို႔ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ၿပီး အျပန္ထိုးေဖာက္မႈေတြနဲ႔ ပြဲက အႀကိတ္အနယ္ရွိခဲ့တယ္။ အႏိုင္ရတဲ့ အသင္းက ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ အခြင့္အေရးေကာင္းေတြ ရရွိမွာျဖစ္လို႔ (၂)သင္းစလံုး အဓိက ကစားသမား အစံုအလင္နဲ႔ ပြဲထြက္လာခဲ့တယ္။ ဆီနီေဂါအသင္း ပြဲကို (၂)ႀကိမ္တိုင္တိုင္ ဦးေဆာင္ခြင့္ရရွိခဲ့ေပမယ့္ ဂ်ပန္အသင္းရဲ႕ ေခ်ပဂိုးေတြကို ျပန္လည္ ခြင့္ျပဳေပးခဲ့ရလို႔ မွတ္တမ္းေကာင္းတစ္ခု ေရးထိုးႏိုင္မယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တယ္။ ကမၻာ႔ဖလားသမိုင္းမွာ အုပ္စုအဖြင့္ပြဲ (၂)ပြဲဆက္ အႏိုင္ရတဲ့ တတိယေျမာက္ အာဖရိကအသင္းဆိုတဲ့ မွတ္တမ္းေကာင္းတစ္ခု ေရးထိုးခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရတယ္။ (၂)သင္းစလံုး ပြဲစကတည္းက တိုက္စစ္ဖြင့္ကစားလာခဲ့ေပမယ့္ အေစာပိုင္းမိနစ္ေတြမွာ ဆီနီေဂါအသင္းရဲ႕ လွ်င္ျမန္တဲ့ တိုက္စစ္တြဲလံုးေတြကို ဂ်ပန္တို႔ ထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းခဲ့ရတယ္။

Man-of-the-match-player-Mane-goal-celebrations

Man-of-the-match-player-Mane-goal-celebrations

ပိုလန္ကို အႏိုင္ရခဲ့တဲ့ ပြဲက (၄-၄-၂)ပံုစံကေန ဒီေန႔ပြဲမွာ (၄-၃-၃)ဆန္ဆန္ ကစားကြက္ကို ဆီနီေဂါအသင္း ေျပာင္းလဲ အသံုးျပဳခဲ့တယ္။ အသင္းေခါင္းေဆာင္ မာေနး Mane၊ နီယန္း Naing နဲ႔ အစၥမိုင္လာ Ismaila တို႔ ဦးေဆာင္လာတဲ့ ဆီနီေဂါတိုက္စစ္ပိုင္းက အေစာပိုင္းမိနစ္ေတြမွာ အလုပ္ျဖစ္ခဲ့ၿပီး ဂ်ပန္ခံစစ္ေၾကာင္းကို ေကာင္းေကာင္း ဖိအားေပးႏိုင္ခဲ့တယ္။ ဂ်ပန္ရဲ႕ အထေလးမႈကို အခြင့္ေကာင္းယူကာ ပြဲကစားခ်ိန္ (၁၁)မိနစ္မွာပဲ ဂိုးသမားရဲ႕ ကာကြယ္ပံု မေသသပ္မႈေၾကာင့္ ျပန္လွ်ံထြက္လာတဲ့ ေဘာလံုးကို မာေနး Mane က အဆံုးသတ္ႏိုင္ခဲ့လို႔ ဆီနီေဂါအသင္း ပြဲကို ဦးေဆာင္ခြင့္ရရွိခဲ့တယ္။ ဦးေဆာင္ဂိုး ေပးလိုက္ရၿပီးမွ ဂ်ပန္အသင္း ကစားပံုက ပံုမွန္အေနအထားကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီး အျပန္အလွန္ ထိုးေဖာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့သလို ဆီနီေဂါတိုက္စစ္တြဲလံုးေတြကိုလည္း အေကာင္းဆံုး ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ ပြဲကစားခ်ိန္ (၃၄)မိနစ္အေရာက္မွာေတာ့ ေတာင္ပံတိုက္စစ္ ကစားသမား တာကာရွီ Takashi ရဲ႕ ေသသပ္လွပတဲ့ Curling Shot ကေန ဂ်ပန္အသင္း ေခ်ပဂိုး ျပန္လည္ရရွိခဲ့တယ္။ ေနာက္ပိုင္းမွာေတာ့ အျပန္အလွန္ ထိုးေဖာက္မႈေတြရွိခဲ့ေပမယ့္ ဂုိးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့လို႔ (၁-၁)ဂိုးနဲ႔ပဲ ပထမပိုင္း ၿပီးဆံုးခဲ့တယ္။

Senegal-young-defender-Wague-goal-celebrates

Senegal-young-defender-Wague-goal-celebrates

ဒုတိယပိုင္းမွာ (၂)သင္းစလံုး တိုက္စစ္ျမွင့္တင္လာခဲ့လို႔ ပြဲက ပထမပိုင္းမွာထက္ ပိုမိုၿပိဳင္ဆိုင္မႈ ျပင္းထန္လာခဲ့တယ္။ ပြဲကစားခ်ိန္ (၇၁)မိနစ္အေရာက္မွာေတာ့ အသက္ (၁၉)ႏွစ္အရြယ္ရွိ လူငယ္ညာေနာက္ခံလူ ဝါေဂး Wague ရဲ႕ အျပင္းကန္ခ်က္နဲ႔ ဆီနီေဂါအသင္း ပြဲကို ေနာက္တစ္ႀကိမ္ ဦးေဆာင္ခြင့္ ရရွိခဲ့တယ္။ ဒါေပမဲ့ ဆီနီေဂါအသင္းရဲ႕ ဦးေဆာင္ဂိုးက သိပ္မခံလိုက္ဘဲ ပြဲကစားခ်ိန္ (၇၈)မိနစ္မွာ ဂ်ပန္အသင္းရဲ႕ လူစားဝင္ ကြင္းလယ္လူ ဟြန္ဒါ Honda က ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို လြတ္လြတ္ကၽြတ္ကၽြတ္ ကန္သြင္းၿပီး ျပန္လည္ေခ်ပႏိုင္ခဲ့တယ္။ ေနာက္ပိုင္းမိနစ္ေတြမွာ (၂)သင္းစလံုး ပြဲကို ထိန္းကစားသြားခဲ့လို႔ ဂိုးထပ္မံ သြင္းယူႏိုင္ျခင္းမရွိေတာ့ဘဲ (၂-၂)ဂိုးနဲ႔ ပြဲၿပီးဆံုးခဲ့ပါတယ္။ ဒီပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကိုေတာ့ ဆီနီေဂါတိုက္စစ္မွာ ေျခစြမ္းျပခဲ့တဲ့ အသင္းေခါင္းေဆာင္ မာေနး Mane က ရရွိခဲ့ပါတယ္။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ဆီနီဂေါ-ဂျပန် ပွဲစဉ်

အုပ်စုအဖွင့်ပွဲစဉ်မှာ နိုင်ပွဲကိုယ်စီ ရယူထားတဲ့ ဆီနီဂေါအသင်းနဲ့ ဂျပန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲစဉ်ကတော့ စိတ်လှုပ်ရှားဖွယ်ရာ အပြန်အလှန် သွင်းဂိုးတွေနဲ့ (၂-၂)ဂိုးစီ သရေပွဲဖြစ်ခဲ့တယ်။ ပုံစံကောင်းပြနေတဲ့ အသင်း (၂)သင်း ထိပ်တိုက်တွေ့ဆုံတာဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး အပြန်ထိုးဖောက်မှုတွေနဲ့ ပွဲက အကြိတ်အနယ်ရှိခဲ့တယ်။ အနိုင်ရတဲ့ အသင်းက နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးကောင်းတွေ ရရှိမှာဖြစ်လို့ (၂)သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တယ်။ ဆီနီဂေါအသင်း ပွဲကို (၂)ကြိမ်တိုင်တိုင် ဦးဆောင်ခွင့်ရရှိခဲ့ပေမယ့် ဂျပန်အသင်းရဲ့ ချေပဂိုးတွေကို ပြန်လည် ခွင့်ပြုပေးခဲ့ရလို့ မှတ်တမ်းကောင်းတစ်ခု ရေးထိုးနိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တယ်။ ကမ္ဘာ့ဖလားသမိုင်းမှာ အုပ်စုအဖွင့်ပွဲ (၂)ပွဲဆက် အနိုင်ရတဲ့ တတိယမြောက် အာဖရိကအသင်းဆိုတဲ့ မှတ်တမ်းကောင်းတစ်ခု ရေးထိုးခွင့်နဲ့ လွဲချော်ခဲ့ရတယ်။ (၂)သင်းစလုံး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားလာခဲ့ပေမယ့် အစောပိုင်းမိနစ်တွေမှာ ဆီနီဂေါအသင်းရဲ့ လျှင်မြန်တဲ့ တိုက်စစ်တွဲလုံးတွေကို ဂျပန်တို့ ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ရတယ်။

Man-of-the-match-player-Mane-goal-celebrations

Man-of-the-match-player-Mane-goal-celebrations

ပိုလန်ကို အနိုင်ရခဲ့တဲ့ ပွဲက (၄-၄-၂)ပုံစံကနေ ဒီနေ့ပွဲမှာ (၄-၃-၃)ဆန်ဆန် ကစားကွက်ကို ဆီနီဂေါအသင်း ပြောင်းလဲ အသုံးပြုခဲ့တယ်။ အသင်းခေါင်းဆောင် မာနေး Mane၊ နီယန်း Naing နဲ့ အစ္စမိုင်လာ Ismaila တို့ ဦးဆောင်လာတဲ့ ဆီနီဂေါတိုက်စစ်ပိုင်းက အစောပိုင်းမိနစ်တွေမှာ အလုပ်ဖြစ်ခဲ့ပြီး ဂျပန်ခံစစ်ကြောင်းကို ကောင်းကောင်း ဖိအားပေးနိုင်ခဲ့တယ်။ ဂျပန်ရဲ့ အထလေးမှုကို အခွင့်ကောင်းယူကာ ပွဲကစားချိန် (၁၁)မိနစ်မှာပဲ ဂိုးသမားရဲ့ ကာကွယ်ပုံ မသေသပ်မှုကြောင့် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို မာနေး Mane က အဆုံးသတ်နိုင်ခဲ့လို့ ဆီနီဂေါအသင်း ပွဲကို ဦးဆောင်ခွင့်ရရှိခဲ့တယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးမှ ဂျပန်အသင်း ကစားပုံက ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အပြန်အလှန် ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ဆီနီဂေါတိုက်စစ်တွဲလုံးတွေကိုလည်း အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တယ်။ ပွဲကစားချိန် (၃၄)မိနစ်အရောက်မှာတော့ တောင်ပံတိုက်စစ် ကစားသမား တာကာရှီ Takashi ရဲ့ သေသပ်လှပတဲ့ Curling Shot ကနေ ဂျပန်အသင်း ချေပဂိုး ပြန်လည်ရရှိခဲ့တယ်။ နောက်ပိုင်းမှာတော့ အပြန်အလှန် ထိုးဖောက်မှုတွေရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ (၁-၁)ဂိုးနဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့တယ်။

Honda-Japan-scores

Honda-Japan-scores

ဒုတိယပိုင်းမှာ (၂)သင်းစလုံး တိုက်စစ်မြှင့်တင်လာခဲ့လို့ ပွဲက ပထမပိုင်းမှာထက် ပိုမိုပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့တယ်။ ပွဲကစားချိန် (၇၁)မိနစ်အရောက်မှာတော့ အသက် (၁၉)နှစ်အရွယ်ရှိ လူငယ်ညာနောက်ခံလူ ဝါဂေး Wague ရဲ့ အပြင်းကန်ချက်နဲ့ ဆီနီဂေါအသင်း ပွဲကို နောက်တစ်ကြိမ် ဦးဆောင်ခွင့် ရရှိခဲ့တယ်။ ဒါပေမဲ့ ဆီနီဂေါအသင်းရဲ့ ဦးဆောင်ဂိုးက သိပ်မခံလိုက်ဘဲ ပွဲကစားချိန် (၇၈)မိနစ်မှာ ဂျပန်အသင်းရဲ့ လူစားဝင် ကွင်းလယ်လူ ဟွန်ဒါ Honda က ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းပြီး ပြန်လည်ချေပနိုင်ခဲ့တယ်။ နောက်ပိုင်းမိနစ်တွေမှာ (၂)သင်းစလုံး ပွဲကို ထိန်းကစားသွားခဲ့လို့ ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိတော့ဘဲ (၂-၂)ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ဆီနီဂေါတိုက်စစ်မှာ ခြေစွမ်းပြခဲ့တဲ့ အသင်းခေါင်းဆောင် မာနေး Mane က ရရှိခဲ့ပါတယ်။

Photo:FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com