This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ပုိလန္ကုိ ႐ႈံးနိမ့္ခဲ့ေပမယ့္ Fair Play Points နဲ႔ ေနာက္တစ္ဆင့္တက္ခဲ့တဲ့ ဂ်ပန္

ဂ်ပန္အသင္းကေတာ့ အုပ္စုေနာက္ဆုံးပဲြမွာ ပုိလန္ကုိ ႐ႈံးနိမ့္ခဲ့ေပမယ့္လည္း Fair Play Points အရ ဆီနီေဂါထက္ အသာရခဲ့တာေၾကာင့္ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ တက္ေရာက္ႏုိင္ခဲ့တယ္။ ဒီပဲြမွာ ဂ်ပန္အသင္းနည္းျပ နီရွီႏုိ Nishino ရဲ႕ လူထုတ္ပုံက အံ့အားသင့္စရာပါပဲ။ ေနာက္တစ္ဆင့္တက္ဖုိ႔ အေရးပါတဲ့ပဲြမ်ိဳးမွာ ကာဂါ၀ါ Kagawa ၊ ဟာဆီဘီ Hasebe ၊ အီႏူအီ Inui စတဲ့ အဓိက ကစားသမားေတြကုိ ခ်န္လွပ္ၿပီး အရန္ကစားသမားေတြနဲ႔ ပဲြထုတ္ခဲ့တဲ့လုပ္ရပ္က အရဲစြန္႔ရာေရာက္လြန္းပါတယ္။ တကယ္လုိ႔ တစ္ဖက္က ဆီနီေဂါ-ကုိလံဘီယာပဲြသာ သေရက်ခဲ့ရင္ ဂ်ပန္ အုပ္စုကထြက္ရမွာပါ။

Group-H-Standing

Group-H-Standing

အရန္ကစားသမားအမ်ားစု ပါ၀င္ခဲ့တဲ့ ဂ်ပန္အသင္းကစားပုံက အားရစရာမရွိခဲ့သလုိ ပုိလန္အသင္းကလည္း သာမန္ေလာက္သာ အားထုတ္ခဲ့တယ္။ ပုိလန္အသင္းအတြက္ အႏုိင္ဂုိးကုိ (၅၉)မိနစ္မွာ ျပစ္ဒဏ္ေဘာကေန ကာဇာ၀ါ Kurzawa ကန္တင္ေပးတာကုိ ေနာက္ခံလူ ဘတ္ဒါရက္ Bednarek က အလုိက္သင့္ပိတ္သြင္းခဲ့တယ္။ ဂုိးေပးလုိက္ရလုိ႔ ဂ်ပန္အသင္းနည္းျပ နီရွီႏုိက အီႏူအီကုိ ထည့္သြင္းခဲ့ေပမယ့္ တစ္ဖက္မွာ ဆီနီေဂါအသင္းက (၁-၀)ဂုိးနဲ႔ ႐ႈံးေနတာေၾကာင့္ ဂ်ပန္အသင္း ဂုိးထပ္မေပးရဖုိ႔ဘဲ အာ႐ုံစုိက္ခဲ့တယ္။ ပဲြၿပီးခါနီးမွာ ႏွစ္သင္းစလုံး ေဘာလုံးအျပန္အလွန္ေပးၿပီး ပဲြသိမ္းခဲ့ပါတယ္။ ဂ်ပန္အသင္းအေနနဲ႔ ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ ၂၀၀၂၊ ၂၀၁၀ ၿပိဳင္ပဲြေတြမွာ ႐ႈံးထြက္(၁၆)သင္းအဆင့္ တက္ခဲ့ၿပီး အခု တတိယအႀကိမ္ေျမာက္ ေရာက္ရွိခဲ့တာလည္းျဖစ္ပါတယ္။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

 

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပိုလန်ကို ရှုံးနိမ့်ခဲ့ပေမယ့် Fair Play Points နဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ဂျပန်

ဂျပန်အသင်းကတော့ အုပ်စုနောက်ဆုံးပွဲမှာ ပိုလန်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း Fair Play Points အရ ဆီနီဂေါထက် အသာရခဲ့တာကြောင့် ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တယ်။ ဒီပွဲမှာ ဂျပန်အသင်းနည်းပြ နီရှီနို Nishino ရဲ့ လူထုတ်ပုံက အံ့အားသင့်စရာပါပဲ။ နောက်တစ်ဆင့်တက်ဖို့ အရေးပါတဲ့ပွဲမျိုးမှာ ကာဂါဝါ Kagawa ၊ ဟာဆီဘီ Hasebe ၊ အီနူအီ Inui စတဲ့ အဓိက ကစားသမားတွေကို ချန်လှပ်ပြီး အရန်ကစားသမားတွေနဲ့ ပွဲထုတ်ခဲ့တဲ့လုပ်ရပ်က အရဲစွန့်ရာရောက်လွန်းပါတယ်။ တကယ်လို့ တစ်ဖက်က ဆီနီဂေါ-ကိုလံဘီယာပွဲသာ သရေကျခဲ့ရင် ဂျပန် အုပ်စုကထွက်ရမှာပါ။

Group-H-Standing

Group-H-Standing

အရန်ကစားသမားအများစု ပါဝင်ခဲ့တဲ့ ဂျပန်အသင်းကစားပုံက အားရစရာမရှိခဲ့သလို ပိုလန်အသင်းကလည်း သာမန်လောက်သာ အားထုတ်ခဲ့တယ်။ ပိုလန်အသင်းအတွက် အနိုင်ဂိုးကို (၅၉)မိနစ်မှာ ပြစ်ဒဏ်ဘောကနေ ကာဇာဝါ Kurzawa ကန်တင်ပေးတာကို နောက်ခံလူ ဘတ်ဒါရက် Bednarek က အလိုက်သင့်ပိတ်သွင်းခဲ့တယ်။ ဂိုးပေးလိုက်ရလို့ ဂျပန်အသင်းနည်းပြ နီရှီနိုက အီနူအီကို ထည့်သွင်းခဲ့ပေမယ့် တစ်ဖက်မှာ ဆီနီဂေါအသင်းက (၁-ဝ)ဂိုးနဲ့ ရှုံးနေတာကြောင့် ဂျပန်အသင်း ဂိုးထပ်မပေးရဖို့ဘဲ အာရုံစိုက်ခဲ့တယ်။ ပွဲပြီးခါနီးမှာ နှစ်သင်းစလုံး ဘောလုံးအပြန်အလှန်ပေးပြီး ပွဲသိမ်းခဲ့ပါတယ်။ ဂျပန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ၂၀၀၂၊ ၂၀၁၀ ပြိုင်ပွဲတွေမှာ ရှုံးထွက်(၁၆)သင်းအဆင့် တက်ခဲ့ပြီး အခု တတိယအကြိမ်မြောက် ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

Photo:FIFA World Cup
Naing Linn(Akhayar)
www.akhayar.com