[Zawgyi]




www.akhayarmedia.com


[Unicode]

ဂျပန်-မြန်မာပွဲတော်မှာ မိုရီဆာကီဝင်းပါဝင်တဲ့ PrizmaX အဖွဲ့နဲ့ အနုပညာရှင်များစွာပါဝင်ဖျော်ဖြေမယ်

လာမယ့်ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ လေးကြိမ်မြောက်ကျင်းပပြုလုပ်မယ့် ဂျပန်-မြန်မာပွဲတော်မှာ မိုရီဆာကီဝင်းခေါင်းဆောင်တဲ့ PrizmaX အဖွဲ့ရဲ့ဖျော်ဖြေမှုအပြင်၊ တခြားအနုပညာရှင်များစွာက ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ဒီဂျပန်-မြန်မာပွဲတော်ကို သုဝဏ္ဏဘူမိ Event Park မှာ နေ့လယ် ၁၂ ကနေစတင်ကျင်းပသွားမှာဖြစ်ပြီး တခြား၏အနုပညာရှင်တွေဖြစ်ကြတဲ့ ကမ္ဘာကျော် AKB48 with BNK48 အဖွဲ့ရဲ့အနုပညာအကအလှဖျော်ဖြေမှု၊ ဂျပန်မှ DJ Performance နဲ့ Domo ရဲ့တင်ဆက်မှု၊ ဂီတမှူးထပ်ဆင့်အကယ်ဒမီဓိရာမိုရ်ဦးစီးပြီး သမိုင်းဝင်ဒရာမာ Sanada Maru ဇာတ်ကားရဲ့ဇာတ်ဝင်တေးကို မြန်မာ့ရိုးရာဆိုင်းဝိုင်းနဲ့ ဂျပန်တူရိယာပေါင်းစပ်ဖျော်ဖြေမှု၊ အဆိုတော်တွေဖြစ်ကြတဲ့ အမွန်း၊ နီနီခင်ဇော်၊ သားငယ်၊ ဘီလီလမင်းအေးတို့ကလည်း ဒီပွဲတော်မှာ ပါဝင်ဖျော်ဖြေသွားကြမှာဖြစ်ပါတယ်။ ဂျပန်-မြန်မာပွဲတော်မှာ ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ ပြီးခဲ့တဲ့သုံးနှစ်လုံးမှာလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။