[Zawgyi]

အာစင္ဝင္းဂါးကို လက္ေရြးစင္နည္းျပအျဖစ္ ခန္႔အပ္သြားဖို႔ ပစ္မွတ္ထားေနတဲ့ ဂ်ပန္ေဘာလံုးအဖြဲ႔ခ်ဳပ္

အာဆင္နယ္အသင္းရဲ႕ နည္းျပေဟာင္း အာစင္ဝင္းဂါး Arsene Wenger ကို လက္ေရြးစင္အသင္းနည္းျပအျဖစ္ ခန္႔အပ္ဖို႔ ဂ်ပန္ေဘာလံုးအဖြဲ႔ခ်ဳပ္က ပစ္မွတ္ထားေနခဲ့ပါတယ္။ လက္ေရြးစင္အသင္းရဲ႕ နည္းျပသစ္အျဖစ္ အာစင္ဝင္းဂါး Arsene Wenger ကို ခန္႔အပ္သြားဖို႔ ဦးစားေပးစီစဥ္သြားမွာျဖစ္ေၾကာင္း ဂ်ပန္ေဘာလံုးအဖြဲ႔ခ်ဳပ္က ထုတ္ျပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီအကုန္က ကာလရွည္ကိုင္တြယ္ခဲ့တဲ့ အာဆင္နယ္အသင္းကို စြန္႔ခြာခဲ့တဲ့ နည္းျပ အာစင္ဝင္းဂါး Arsene Wenger ကို ရီးယဲလ္နဲ႔ PSG တို႔က အားကစားဒါရိုက္တာရာထူးအတြက္ ခ်ိတ္ဆက္မႈေတြရွိခဲ့ေပမယ့္ သူကိုယ္တိုင္က နည္းျပရာထူးကိုသာ အလိုရွိခဲ့လို႔ အေျပာင္းအေရႊ႕ မျဖစ္ေျမာက္ခဲ့တာျဖစ္ပါတယ္။

Former-Arsenal-boss-Arsene-Wenger

Former-Arsenal-boss-Arsene-Wenger

လြန္ခဲ့တဲ့ (၂)ႏွစ္ေက်ာ္ကာလတုန္းကလည္း အာစင္ဝင္းဂါး Arsene Wenger ကို တရုတ္စူပါလိဂ္ကလပ္တခ်ိဳ႕က တစ္ႏွစ္လုပ္ခ ေပါင္သန္း (၃၀)အထိ ေပးကာ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။ ၁၉၉၀ ခုႏွစ္အလြန္ကာလေတြမွာ ဂ်ပန္ကလပ္ Nagoya Grampus Eight အသင္းကို ကိုင္တြယ္ခဲ့ၿပီး ေအာင္ျမင္မႈေတြ ရယူေပးခဲ့တဲ့ အာစင္ဝင္းဂါး Arsene Wenger ကို လက္ေရြးစင္နည္းျပအျဖစ္ ခန္႔အပ္ႏိုင္ဖို႔ ဂ်ပန္ေဘာလံုးအဖြဲ႔ခ်ဳပ္က ေမွ်ာ္လင့္ေနခဲ့တာျဖစ္ပါတယ္။ အာစင္ဝင္းဂါး Arsene Wenger ဟာ ဂ်ပန္ႏိုင္ငံမွာ နည္းျပခဲ့တဲ့ အခ်ိန္ေတြကို အမွတ္တရေျပာေလ့ရွိၿပီး တစ္ေက်ာ႔ျပန္သြားေရာက္ႏိုင္ဖို႔ အစီအစဥ္ေတြရွိတာေၾကာင့္ ဂ်ပန္အသင္းရဲ႕ နည္းျပရာထူးကို လက္ခံသြားမလားဆုိတာ စိတ္ဝင္စားဖို႔ ေကာင္းေနခဲ့ပါတယ္။

Wenger-managed-Japans-Nagoya-Grampus-Eight-before-joining-Arsenal-back-in-1996

Wenger-managed-Japans-Nagoya-Grampus-Eight-before-joining-Arsenal-back-in-1996

ဂ်ပန္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ (၂)လအလိုက အသင္းကို ေျခစစ္ပြဲေအာင္ျမင္ေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ နည္းျပ ဟာလယ္လ္ေဟာ့ဒ္ဇစ္ Halilhodzic ကို ရာထူးက ရုတ္တရက္ထုတ္ပယ္ခဲ့ၿပီး ယာယီနည္းျပျဖစ္တဲ့ နီရွီႏို Nishino နဲ႔ ၿပိဳင္ပြဲဝင္ခဲ့တာျဖစ္ပါတယ္။ ကာလတိုကိုင္တြယ္ခဲ့ေပမယ့္ ဂ်ပန္အသင္းကို ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈေတြ ရယူေပးခဲ့တဲ့ နည္းျပ နီရွီႏို Nishino ရဲ႕ စာခ်ဳပ္သက္တမ္းက ဇူလိုင္လကုန္မွာ ကုန္ဆံုးေတာ့မွာပါ။ ဒါ့ေၾကာင့္ ဂ်ပန္အသင္းက အာစင္ဝင္းဂါး Arsene Wenger ကို နည္းျပအျဖစ္ ခန္႔အပ္ႏိုင္ဖို႔ ပစ္မွတ္ထားေနခဲ့တာျဖစ္ပါတယ္။

REF:Daily Mail
Photo:Daily Mail, Telegraph
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အာစင်ဝင်းဂါးကို လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်သွားဖို့ ပစ်မှတ်ထားနေတဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ်

အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါး Arsene Wenger ကို လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က ပစ်မှတ်ထားနေခဲ့ပါတယ်။ လက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် အာစင်ဝင်းဂါး Arsene Wenger ကို ခန့်အပ်သွားဖို့ ဦးစားပေးစီစဉ်သွားမှာဖြစ်ကြောင်း ဂျပန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်က ကာလရှည်ကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်အသင်းကို စွန့်ခွာခဲ့တဲ့ နည်းပြ အာစင်ဝင်းဂါး Arsene Wenger ကို ရီးယဲလ်နဲ့ PSG တို့က အားကစားဒါရိုက်တာရာထူးအတွက် ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် သူကိုယ်တိုင်က နည်းပြရာထူးကိုသာ အလိုရှိခဲ့လို့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

Former-Arsenal-boss-Arsene-Wenger

Former-Arsenal-boss-Arsene-Wenger

လွန်ခဲ့တဲ့ (၂)နှစ်ကျော်ကာလတုန်းကလည်း အာစင်ဝင်းဂါး Arsene Wenger ကို တရုတ်စူပါလိဂ်ကလပ်တချို့က တစ်နှစ်လုပ်ခ ပေါင်သန်း (၃၀)အထိ ပေးကာ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ကြောင်း သိရပါတယ်။ ၁၉၉၀ ခုနှစ်အလွန်ကာလတွေမှာ ဂျပန်ကလပ် Nagoya Grampus Eight အသင်းကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ အာစင်ဝင်းဂါး Arsene Wenger ကို လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။ အာစင်ဝင်းဂါး Arsene Wenger ဟာ ဂျပန်နိုင်ငံမှာ နည်းပြခဲ့တဲ့ အချိန်တွေကို အမှတ်တရပြောလေ့ရှိပြီး တစ်ကျော့ပြန်သွားရောက်နိုင်ဖို့ အစီအစဉ်တွေရှိတာကြောင့် ဂျပန်အသင်းရဲ့ နည်းပြရာထူးကို လက်ခံသွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

Wenger-managed-Japans-Nagoya-Grampus-Eight-before-joining-Arsenal-back-in-1996

Wenger-managed-Japans-Nagoya-Grampus-Eight-before-joining-Arsenal-back-in-1996

ဂျပန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် (၂)လအလိုက အသင်းကို ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ဟာလယ်လ်ဟော့ဒ်ဇစ် Halilhodzic ကို ရာထူးက ရုတ်တရက်ထုတ်ပယ်ခဲ့ပြီး ယာယီနည်းပြဖြစ်တဲ့ နီရှီနို Nishino နဲ့ ပြိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ ကာလတိုကိုင်တွယ်ခဲ့ပေမယ့် ဂျပန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ နည်းပြ နီရှီနို Nishino ရဲ့ စာချုပ်သက်တမ်းက ဇူလိုင်လကုန်မှာ ကုန်ဆုံးတော့မှာပါ။ ဒါ့ကြောင့် ဂျပန်အသင်းက အာစင်ဝင်းဂါး Arsene Wenger ကို နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။

REF:Daily Mail
Photo:Daily Mail, Soccersouls, Telegraph
Aung Kyaw Wai (Akhayar)
www.akhayar.com