This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

စိတ္ဓာတ္ျပင္းထန္တဲ့ အျပာေရာင္ဆာမူ႐ုိင္းေတြ ဘယ္အဆင့္အထိတက္ေရာက္ႏုိင္မွာလဲ

အာရွရဲ႕ ေအာင္ျမင္မႈအမ်ားဆုံးအသင္းေတြထဲမွာ တစ္သင္းအပါအ၀င္ျဖစ္တဲ့ ဂ်ပန္အသင္းဟာ ကမၻာ႔ ဖလားၿပိဳင္ပဲြ (၆)ႀကိမ္ဆင္ႏႊဲခဲ့ဖူးၿပီး ၂၀၀၂၊ ၂၀၁၀ ခုႏွစ္ၿပိဳင္ပဲြေတြမွာ ႐ႈံးထြက္(၁၆)သင္းအဆင့္အထိ တက္ေရာက္ခဲ့တယ္။ အာရွဖလားကုိ စံခ်ိန္တင္အျဖစ္ (၄)ႀကိမ္ (၁၉၉၂၊ ၂၀၀၀၊ ၂၀၀၄၊ ၂၀၁၁)ရယူခဲ့ဖူးတဲ့ ဂ်ပန္ အသင္းဟာ အခုေနာက္ပုိင္း ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ ပုံမွန္ေျခစစ္ပဲြေအာင္ေနတဲ့ အသင္းတစ္သငး္လည္း ျဖစ္ပါတယ္။ “အျပာေရာင္ ဆာမူ႐ုိင္းမ်ား”(Samurai Blue)လုိ႔ အမည္ေျပာင္သတ္မွတ္ခံထားရတဲ့ ဂ်ပန္အသင္းဟာ အခု ကမၻာ႔ဖလားၿပိဳင္ပဲြမွာလည္း ဘယ္အဆင့္အထိ တက္ေရာက္ႏုိင္မွာလဲ . . . .

Japan-players

Japan-players

ဂ်ပန္အသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

ဂ်ပန္အသင္းဟာ အရင္တုန္းက ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေျခစစ္ပဲြေအာင္ဖုိ႔ေတာင္ ႐ုန္းကန္ခဲ့ရၿပီး ၁၉၃၀ ကေန ၁၉၉၄ ခုႏွစ္အထိ တစ္ႀကိမ္မွ ပါ၀င္ယွဥ္ၿပိဳင္ခြင့္မရခဲ့ပါဘူး။ နာကာတာ Nakata၊ ရွင္ဂ်ီအုိႏုိ Shinji Ono၊ ကာ၀ါဂူခ်ီ Kawaguchi၊ နာကာမူရာ Nakamura စတဲ့ ေရႊေရာင္မ်ိဳးဆက္ေခတ္ေရာက္မွ ကမၻာ႔ ေဘာလုံးစင္ျမင့္ထက္မွာ ဂ်ပန္အသင္းရဲ႕နာမည္က ထင္ရွားလာၿပီး ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပထမဆုံး အႀကိမ္ ေျခစစ္ပဲြေအာင္ခဲ့တယ္။ အဲဒီေနာက္ပုိင္း ဂ်ပန္အသင္းဟာ ေတာက္ေလွ်ာက္ ေျခစစ္ပဲြေအာင္ျမင္ခဲ့ ၿပီး ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ အခု ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအထိ ပါ၀င္ယွဥ္ၿပိဳင္ခြင့္ရခဲ့ပါတယ္။ သူတို႔ ရဲ႕အျမင့္ဆုံးေအာင္ျမင္မႈကေတာ့ ႐ႈံးထြက္(၁၆)သင္းအဆင့္ တက္ေရာက္ခဲ့တာပါ။

Japan-football-Team

Japan-football-Team

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

အာရွထိပ္သီးအသင္းျဖစ္တာနဲ႔အညီ ဂ်ပန္အသင္းရဲ႕ ကမၻာ႔ဖလားေျခစစ္ပဲြ ခရီးလမ္းက အခက္အခဲမရွိပါဘူး။ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြ ေနာက္ဆုံးအဆင့္မွာ ဆီးရီးယား၊ စင္ကာပူ၊ အာဖဂန္နစၥတန္၊ ကေမၻာဒီး ယား စတဲ့အသင္းေတြနဲ႔သာ ဆုံေတြ႕ခဲ့တာေၾကာင့္လည္း တိုက္႐ုိက္ေျခစစ္ပဲြေအာင္ျမင္ခြင့္ကုိ အလြယ္တကူရယူခဲ့တယ္။ ေျခစစ္ပဲြ (၈)ပဲြမွာ တစ္ပဲြသာ သေရက်ခဲ့ၿပီး (၇)ပဲြအႏုိင္ယူခ့ဲသလုိ (၂၁)မွတ္နဲ႔ အုပ္စုပထမရခဲ့ပါတယ္။

Japan-Striker-Osako-

Japan-Striker-Osako-

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား

ဂ်ပန္အသင္းမွာ ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသားကစားသမားေတြျဖစ္တဲ့ ကုိင္ဆုကီဟြန္ဒါ Keisuke Honda၊ ဟာဆီဘီ Hasebe ၊ ကာဂါ၀ါ Kagawa၊ အုိကာဇာကီ Okazaki၊ နာဂါတိုမုိ Nagatomo စတဲ့ နာမည္ေက်ာ္၀ါရင့္ကစား သမားေတြအျပင္ အရည္အေသြးျမင့္ လူငယ္ကစားသမားေတြလည္း ရွိပါတယ္။ ဂ်ပန္အသင္းရဲ႕ ကစားသမားစုဖဲြ႕မႈက ၂၀၁၈ ကမၻာ႔ဖလား အုပ္စုတြင္း ၿပိဳင္ဘက္အသင္းေတြကုိ ေကာင္း ေကာင္းယွဥ္ႏုိင္စြမ္းရွိပါတယ္။

REF:Wikipdia
Photo:www.jfa.jp,Bleacher Report,Evening Standard
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

စိတ်ဓာတ်ပြင်းထန်တဲ့ အပြာရောင်ဆာမူရိုင်းတွေ ဘယ်အဆင့်အထိတက်ရောက်နိုင်မှာလဲ

အာရှရဲ့ အောင်မြင်မှုအများဆုံးအသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်တဲ့ ဂျပန်အသင်းဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲ (၆)ကြိမ်ဆင်နွှဲခဲ့ဖူးပြီး ၂၀၀၂၊ ၂၀၁၀ ခုနှစ်ပြိုင်ပွဲတွေမှာ ရှုံးထွက်(၁၆)သင်းအဆင့်အထိ တက်ရောက်ခဲ့တယ်။ အာရှဖလားကို စံချိန်တင်အဖြစ် (၄)ကြိမ် (၁၉၉၂၊ ၂၀၀၀၊ ၂၀၀၄၊ ၂၀၁၁)ရယူခဲ့ဖူးတဲ့ ဂျပန် အသင်းဟာ အခုနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပုံမှန်ခြေစစ်ပွဲအောင်နေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ “အပြာရောင် ဆာမူရိုင်းများ”(Samurai Blue)လို့ အမည်ပြောင်သတ်မှတ်ခံထားရတဲ့ ဂျပန်အသင်းဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘယ်အဆင့်အထိ တက်ရောက်နိုင်မှာလဲ . . . .

Japan-players

Japan-players

ဂျပန်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

ဂျပန်အသင်းဟာ အရင်တုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ဖို့တောင် ရုန်းကန်ခဲ့ရပြီး ၁၉၃၀ ကနေ ၁၉၉၄ ခုနှစ်အထိ တစ်ကြိမ်မှ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ နာကာတာ Nakata၊ ရှင်ဂျီအိုနို Shinji Ono၊ ကာဝါဂူချီ Kawaguchi၊ နာကာမူရာ Nakamura စတဲ့ ရွှေရောင်မျိုးဆက်ခေတ်ရောက်မှ ကမ္ဘာ့ ဘောလုံးစင်မြင့်ထက်မှာ ဂျပန်အသင်းရဲ့နာမည်က ထင်ရှားလာပြီး ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး အကြိမ် ခြေစစ်ပွဲအောင်ခဲ့တယ်။ အဲဒီနောက်ပိုင်း ဂျပန်အသင်းဟာ တောက်လျှောက် ခြေစစ်ပွဲအောင်မြင်ခဲ့ ပြီး ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ အခု ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ သူတို့ ရဲ့အမြင့်ဆုံးအောင်မြင်မှုကတော့ ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်ခဲ့တာပါ။

Japan-football-Team

Japan-football-Team

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

အာရှထိပ်သီးအသင်းဖြစ်တာနဲ့အညီ ဂျပန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ခရီးလမ်းက အခက်အခဲမရှိပါဘူး။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ ဆီးရီးယား၊ စင်ကာပူ၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီး ယား စတဲ့အသင်းတွေနဲ့သာ ဆုံတွေ့ခဲ့တာကြောင့်လည်း တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခွင့်ကို အလွယ်တကူရယူခဲ့တယ်။ ခြေစစ်ပွဲ (၈)ပွဲမှာ တစ်ပွဲသာ သရေကျခဲ့ပြီး (၇)ပွဲအနိုင်ယူခဲ့သလို (၂၁)မှတ်နဲ့ အုပ်စုပထမရခဲ့ပါတယ်။

Japan-Striker-Osako-

Japan-Striker-Osako-

စောင့်ကြည့်ရမယ့်ကစားသမားများ

ဂျပန်အသင်းမှာ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားကစားသမားတွေဖြစ်တဲ့ ကိုင်ဆုကီဟွန်ဒါ Keisuke Honda၊ ဟာဆီဘီ Hasebe ၊ ကာဂါဝါ Kagawa၊ အိုကာဇာကီ Okazaki၊ နာဂါတိုမို Nagatomo စတဲ့ နာမည်ကျော်ဝါရင့်ကစား သမားတွေအပြင် အရည်အသွေးမြင့် လူငယ်ကစားသမားတွေလည်း ရှိပါတယ်။ ဂျပန်အသင်းရဲ့ ကစားသမားစုဖွဲ့မှုက ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုတွင်း ပြိုင်ဘက်အသင်းတွေကို ကောင်း ကောင်းယှဉ်နိုင်စွမ်းရှိပါတယ်။

REF:Wikipdia
Photo:www.jfa.jp,Bleacher Report,Evening Standard
Naing Linn(Akhayar)
www.akhayar.com